Category: စာနု


ကျော်လွင်ဦး ရင်တွေ ခုန်နေတယ်၊ ဘာကြောင့်လဲ… ခရီးထွက်ရမှာမို့၊ ဘယ်သူနဲ့လဲ… ဘုန်းကြီးနဲ့။ ဟား… ဟား… ရယ်စရာ မကောင်းပါသလား၊ ဘုန်းကြီးနဲ့ ခရီးထွက်ရမှာကို ဘာကြောင့် ရင်ခုန်နေသလဲ။ မိဘ ဆွေမျိုးတွေ မပါဘဲ တယောက်ထဲ သွားလာခွင့် ရမှာမို့ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဦးဇ၀နက သံတွဲမြို့ကနေ လှေတတန်၊ ကားတတန် သွားရတဲ့ ဆင်ခေါင်းရပ်မှာ သီတင်းသုံးတယ်။ ရန်ကုန်က အပြန် တပည့်ကျော် ကျော်လွင်ဦးကို အလည်ခေါ်တယ်။ ရန်ကုန်သား ခေါ်သွားတော့ နည်းနည်းပါးပါး သူ ခိုင်းလို့ရမယ်၊ နောက် ငယ်ငယ်က တရားသင်ပေးထားတဲ့ကောင် ရခိုင်ဓလေ့လည်း နားလည် သွားတာပေါ့လို့ ဘုန်းကြီးက တွေးတယ်။

ဘုန်းကြီး ဦးဇ၀နက အလုပ် အလွန်များတယ်၊ သီတင်းသုံးရာ နယ်ပယ်မှာ ကျော်ဇောကိတ္တိရှိဖို့လည်း သူ အားထုတ်တယ်။ ရန်ကုန်အပြင် မြန်မာပြည်အနှံ့ မြို့ရွာတွေ သူ ကြွရောက်တတ်တယ်။ ရန်ကုန်ကတော့ အ၀င် ခလုတ်၊ အထွက် ခလုတ်ပေါ့။ ရန်ကုန်ကြွတဲ့ အခါတိုင်းလည်း မြို့လယ်ခေါင်မှာ ရှိတဲ့ ကျော်လွင်ဦးတို့အိမ် ကြွမြဲ၊ ခိုင်းစရာရှိရင်လည်း တပည့်ကျော်ကို ခိုင်းတတ်တယ်။

အခုလည်း ရခိုင်ပြည်၊ သံတွဲ ဆင်ခေါင်းပြန်လာတော့ တပည့်ကျော်ကို အပါခေါ်လာခဲ့ပြီ။ ကားလက်မှတ်က ခက်တော့ ဆရာတပည့် တကွဲတပြားစီ၊ ဘုန်းတော်ကြီးမို့ ဦးဇ၀နကတော့ ဒရိုင်ဘာနောက်က ခုံမှာ နေရာရတယ်။ ကျော်လွင်ဦးကတော့ ရန်ကုန်-တောင်ကုတ်-သံတွဲ ပြေးတဲ့ အဆင့်မြင့် ဘတ်စ်ကားတစီးရဲ့ ခါးလယ်လောက်မှာ… ဆရာဘုန်းကြီးနဲ့ အတူ မထိုင်ရတာကိုတောင် ကျော်လွင်ဦးက ပျော်လို့… အတော်ကြီးပွားတိုးတက်ဦးမယ့် တပည့်…။

ကားက ညနေမစောင်းတစောင်းမှာ ထွက်တယ်၊ ရန်ကုန်ကနေ ပြည်၊ ပြည်ကနေ ဧရာဝတီ န၀ဒေး တံတားဖြတ်၊ ခရီးဆက်တော့ ရိုးမကို ရောက်ပြီ။ ရိုးသည် ရင်ကို ရိုင်းစေခဲ့ပြီ။

ရခိုင်ရိုးမကို ဖြတ်ကျော်ချိန်မှာ ညသန်းခေါင်… ဘယ်လိုသန်းခေါင်မျိုးလဲ… လပြည့်ည သန်းခေါင်…။ မိန်းကလေးတယောက်ကို အလှဆုံး ဖြစ်စေလို့ ယောက်ျားတယောက်ကို ကာမဆန္ဒ အကြွဆုံး ဖြစ်စေခဲ့ပြီ။

ကျော်လွင်ဦး ရန်ကုန် အဝေးပြေးကားဂိတ်မှာ ကားမထွက်ခင် ကိုယ့်ထိုင်ခုံ ကိုယ်ထိုင်နေတုန်း ဘေးနားမှာ မိန်းကလေးတယောက် လာထိုင်ဖို့၊ အဲဒီမိန်းကလေးက ကြည့်ပျော် ရှုပျော်တဲ့ ရုပ်ကလေး ဖြစ်စေဖို့ ဆုတောင်းခဲ့တယ်။

အရင်ကတော့ ကျော်လွင်ဦးက သူ့အမေနဲ့ ခရီးတွေ သွားဖူးသလို တယောက်တည်းလည်း အလုပ်နဲ့ သွားလာဖူးတယ်။ အဲဒီလို သွားတဲ့အခါတိုင်း သူ့ဘေးမှာ အလွန်တရာ ၀သူ၊ အရက်သေစာ မှီဝဲထားသူ၊ ကလေးပါတဲ့ သားသည်မိခင်၊ အဖိုးကြီး အဖွားကြီးတွေနဲ့ အကြိမ်ကြိမ် ထိုင်ဖူးတယ်၊ ကျဖူးတယ်။ ကျော်လွင်ဦး စိတ်ကုန်လွန်းလှပြီ။ တချို့များ ယောက်ျားချင်း ခပ်တည်တည် ပခုံးပေါ် ခေါင်းတင်မှီ အိပ်တာမျိုးက ရှိသေးတယ်။

အခုတော့ ကျော်လွင်ဦး ဆုတောင်းပြည့်ခဲ့ပြီ။ ဘေးခုန်မှာ လာထိုင်သူက တက္ကသိုလ် ကျောင်းပိတ်လို့ ရခိုင်ပြည် ပြန်မယ့် တက္ကသိုလ် ကျောင်းသူလေးတယောက်၊ တရုတ်ကပြားမလေး၊ အသားဖြူဖြူ နှာခေါင်းပြားပြား မျက်ပေါက်ကျဉ်းကျဉ်း…။ ဒါပေမဲ့ အလုံးအထည်လေးနဲ့ ၀တ်ပုံစားပုံကြောင့် ကြည့်ပျော်ရှုပျော်ထက်တောင် ပိုချင်သလိုလို… ကျော်လွင်ဦး ပီတိက ဘုန်းကြီးကျောင်းသားပီပီ နှစ်နာရီကျော် တရားထိုင်ခဲ့ပေမယ့် တခါမှ မပြင်ရဘဲ စိတ်ရော ကိုယ်ပါ ပေါ့ပါးနေသလို…။

ရိုးပတ်နေတဲ့ ဘတ်စ်ကားက ဒီလောက် အကောင်းကြီး မဟုတ်၊ ဒါပေမဲ့ ဒရိုင်ဘာက ကားမောင်းကျွမ်းပုံရတယ်။ ရိုးက အကွေ့အ၀ိုက် များလှတယ်။ ကားကလည်း အရှိန်နဲ့ ကွေ့တာဆိုတော့ ၀ှီးကနဲ ၀ှိက်ကနဲ ဂျိမ်းစ်ဘွန်း ကားမောင်းသလို ရှိန်းကနဲ ဖိန်းကနဲ ဖြစ်စေတယ်… ကျော်လွင်ဦး အပါအ၀င် ရန်ကုန်သား တချို့က ပြူတူးကြောင်တောင်… ကြောက်ကြောက်လန့်လန့်… ရင်တွေဖိုဖို…။

ရခိုင်သူ ရခိုင်သား ခရီးသွားတွေကတော့ ကားမောင်းတာ ဒရိုင်ဘာအလုပ်၊ ညဆိုတာ သူတို့ အိပ်ဖို့ သဘောထားလို့ အားလုံးက အိပ်မောကျလို့… ဘတ်စ်ကား တစီးလုံး တိတ်ဆိတ် ငြိမ်သက်… ခရီးတွေ အိပ်နေလို့ ကားမီး အမှောင်ချ… လပြည့်ည လရောင်ကလေးကသာ တိမ်တွေ စင်တာနဲ့ လင်းလိုက်… သစ်ပင်ကွယ်တာနဲ့ ပျောက်လိုက်… ကျော်လွင်ဦးနဲ့ လိုက်တမ်း ပြေးတမ်း ကစားနေသလို…။

ဘေးက ကောင်မလေးကို ကျော်လွင်ဦး ကြည့်လိုက်တယ်။ ကြည့်ပျော် ရှုပျော် တရုတ်ကပြား မလေးဟာ ပြတင်းပေါက်ဘက်မှာ ထိုင်တာကြောင့် ပြတင်းပေါက်ဘက်ကို ခေါင်းစောင်းလို့ အိပ်နေတယ်။ အိပ်ပျော်သလား မပျော်သလားတော့ သူမှ သိလိုက်မယ်။ ကျော်လွင်ဦးကတော့ သူကလေးကို ကြည့်တယ်… မျက်နှာလွဲတယ်၊ ကြည့်တယ်… ခိုးကြည့်တယ်… ကြည့်တယ်။

ဘုန်းကြီးလည်း တရားနှလုံးသွင်းလို့ ကြိမ်းနေပြီလား မသိ၊ ဒရိုင်ဘာကတော့ ဝှေ့ကနဲ ၀ှိက်ကနဲ မောင်းနိုင်ဖို့ စတီယာရင်ပေါ်မှာသာ သူ့စိတ်တွေ ရှိနေလိမ့်မယ်။ ကားတစီးလုံးရဲ့ ခရီးသည် ၉၀ ရာခိုင်နှုန်းကတော့ မျက်လုံးတွေ ပိတ်ထားကြလို့ တခြားကမ္ဘာကို ရောက်နေကြလောက်ပြီ။ ကားပေါ်မှာ မျက်လုံးဖွင့်လို့ သူခိုးအလုပ် လုပ်နေသူက ကျော်လွင်ဦး။

ကြည့်ပျော် ရှုပျော် တရုတ်ကပြားမလေးက ဥမ္မာဒန္တီ ဖြစ်သွားရော… ပပ၀တီဆိုရင်တော့ ခုနစ်ဆောင် တိုက်ခန်း မီးမထွန်းဘဲ လင်းတယ်ဆိုလား…။ ဥမ္မာဒန္တီကတော့ ကြည့်ဥူ (ယောက်ျားလေးတွေ) ရူးအောင် လှတဲ့သူ…။ လရောင်ကြောင့် ရိုးက ကျော်လွင်ဦး ရင်ကို ရိုင်းစေလေတော့တယ်။

တရုတ်ကပြားမလေးဟာ မျက်စိဖွင့်ထားတဲ့ ဘတ်စ်ကားပေါ်က ကျော်လွင်ဦးအတွက် အရှင်လတ်လတ် ဥမ္မာဒန္တီ၊ သူ့ပါးဟာ ဥမ္မာဒန္တီရဲ့ အလှတွေ… ရူးပြီပေါ့…။ ရူးတယ်ဆိုတာ အသိစိတ်ကင်းမဲ့သွားတာ… လုပ်ချင်ရာ ပြောချင်ရာပြော ကြံစည်ချင်တာ ကြံစည်ပေါ့။ ကျော်လွင်ဦး မှားတော့မယ်၊ မှားဖို့နီးနေပြီ၊ မှားခါနီးနေပြီ။

ရိုးကို ကွေ့တာ ၆၄ ကြိမ်မြောက်တဲ့အခါမှာ ကျော်လွင်ဦး နှာခေါင်း တရုတ်ကပြားမလေးရဲ့ ပါးပေါ် ကမိတယ်။ တရုတ်မလေး နိုးတယ် (အိပ်ချင်ယောင် ဆောင်ရာကနေ မျက်လုံးဖွင့်လေသလားတော့ မသိ) ၀င်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ ကျော်လွင်ဦးကို ကြည့်တယ်။ ပြီးမှ ကိလေသာ ထကြွ သောင်းကျန်သူတွေရဲ့ ဘေးရန်က ကာကွယ်နိုင်စေဖို့ ခံတပ်တခု ရုတ်ချည်း တည်လိုက်သလို ပါးအပါအ၀င် မျက်နှာတခုလုံးကို ပုဝါစနဲ့ ခြုံလို့ ပြတင်းပေါက်ဘက် ခေါင်းလေးကို စောင်းပြီး ပြန်နေတယ်။

ကျော်လွင်ဦး ဘာဖြစ်မှန်းမသိ၊ ဒိန်းတလိန်းနတ်တို့ သူ့ရင်ဘတ်ထဲ ကခုန်နေသလို… သူ့လုပ်ရပ် အမှန်အမှား မခွဲခြားနိုင်၊ ကိလေသာ အမှိုက်မှောင်တွေ ဖုံးနေဆဲ၊ ဘုန်းတော်ကြီးရဲ့ တရားဟောပြောချက်တွေ သူ့နားမှာ ကြားတချက် မကြားတချက်။ ကောင်မလေးပါးကို နောက်တကြိမ် သူ နမ်းချင်နေမိတယ်။ ရိုးမဟာ သူ့ကို ဗိုက်ရာဂရာတွေ တိုက်ကျွေး ထားလိုက်ပြီ။

ရိုးနဲ့ လဟာ ဆန်းနေတယ်၊ ကျော်လွင်ဦးမှာ ပန်းနေတယ်၊ ကဗျာရွတ်အကတွေ လန်းနေတယ်။ အချိန် ချိန်သီးကတော့ ရမ်းနေတယ်။ အချစ်ဟာ အားလုံးကို ကန်းစေတယ်။ အခုတော့ ရိုးကြောင့် ကျော်လွင်ဦးကို နမ်းစေခဲ့တယ်။

ခဏနေတော့ တောင်ကုတ်ကို ကားဝင်တယ်၊ ခရီးသည်တွေ အစစ်ဆေးခံဖို့ အားလုံး အောက်ဆင်းပေးရတယ်။ ကားအပြင်ဘက်မှာ အေးလိုက်တာ မပြောပါနဲ့တော့၊ ခြုံကွယ်မှာ အခင်းလေးသွားတဲ့ ကျော်လွင်ဦး ရေစတွေမှာ အငွေ့တထောင်းထောင်းတွေ့တယ်။ ပြီးတော့ တရုတ်ကပြားမလေးကို တွေ့တယ်၊ ဟာ… တရုတ်ကပြားမလေးမှာ နောက်ထပ် သူငယ်ချင်းတယောက် ပါနေသေးတယ်။ သူတို့ တီးတိုးတီတိုး သဖန်းပိုး လုပ်နေတယ်၊ ငါ့အကြောင်းလား၊ သူတို့ တိုင်များ တိုင်လိုက်မလား… ဘယ်သူ့ကို တိုင်မှာလဲ၊ ဘုန်းကြီးလား၊ ကားဆရာတွေလား။

ကျော်လွင်ဦး ရင်တွေ ခုန်နေတယ်၊ ရှေ့က ကော်ဖီမစ်ကို တချက် စုပ်ငုံလိုက်တယ်။ အား… ပူလိုက်တာ၊ ချမ်းလွန်းလို့ သောက်ချလိုက်ပေမယ့် အပူက လည်ချောင်းကနေ ရုတ်တရက် မျိုချလိုက်တာ အူတလျှောက်ကို ပူနေရော… အစာအိမ်ထဲအထိ ပူသွားမယ်ထင်တယ်။ ကောင်မလေးရေ… ငါ့ကို သနားပါကွယ်… ကျော်လွင်ဦးဟာ ကွယ်လွန်သူ လူကြမ်းမင်းသားကြီး အံ့ကျော် မဲ့လိုက်တဲ့ အိုက်တင်မျိုးနဲ့… ရယ်ရတယ်။

နောက်တရက်စောစော သံတွဲရောက်တယ်၊ အဲဒီကနေ ဘုန်းတော်ကြီးအိတ်နဲ့ ကိုယ့်အိတ်နဲ့ တဖက်ဆီ ဆွဲထားတဲ့ ကျော်လွင်ဦး… ဆင်ခေါင်းရောက်တယ်။ ဆင်ခေါင်းမှာ ရေလုပ်ငန်းတွေ လေ့လာတယ်၊ ဘုန်းတော်ကြီးကို ကူစရာရှိ ကူတယ်။ နောက်တော့ ကားပေါ်က ကောင်မလေးကို သူ သတိရနေတတ်တယ်။ ဘုန်းကြီးကျောင်းဝင်းထဲ ရောက်နေတဲ့ သူ့စိတ်တွေ အခုတော့ ရိုင်းမနေတော့ပါဘူး။

ကောင်မလေးရဲ့ပါးမှာ သံလိုက်ဓာတ်တွေ ရှိပုံရတယ်၊ သူ့နှာခေါင်းဟာ အခုထက်ထိ နီနေဆဲပါ။ ဘုန်းတော်ကြီးရဲ့ တရားတော်တွေဟာ ကျော်လွင်ဦးကို မဖမ်းစားနိုင်တော့ဘူး၊ သူ့ကို ဖမ်းစားနိုင်တာက ရိုးရယ်၊ လပြည့်ညရယ်၊ ဖြူဖွေးတဲ့ ပါးပြင်လေးတဖက်ရယ်၊ ရင်ခုန်သံတွေရယ်…။

နောက်တော့ ဘုန်းကြီးက နည်းနည်းပြည့်စုံတဲ့ သူ့တပည့်တွေကို တာဝန်ပေးလို့ ရန်ကုန်က ခေါ်လာတဲ့ တပည့်ကို ငပလီပို့ပေးတယ်။ ငပလီမှာ သင်္ကြန်ကျနေပြီ။ သံတွဲကနေ ငပလီကို စက်ဘီးနဲ့ ကျော်လွင်ဦးတို့ သွားကြတယ်။ ခရီးက မနီးဘူး၊ နေက ပူသေးတယ်။ ဒါပေမဲ့ ခရီးဆုံးရင် ငပလီ ရောက်မယ်ဆိုတာကြောင့် ချွေးစီးချွေးပေါက်ကြားကနေ စက်ဘီးနင်းကြတယ်။

ငပလီ မရောက်ခင် မဏ္ဍပ်တခုမှာ တရုတ်ကပြားမလေးကို ကျော်လွင်ဦး ပြန်တွေ့တယ်၊ ပထမတော့ သူ နှုတ်ခမ်းစူတယ်၊ ကောင်မလေးဟာ ကျော်လွင်ဦးကို စိုက်ကြည့်တယ်… ကြည့်တယ်… ကြည့်တယ်… သူ့မျက်နှာလေးက တဖြည်းဖြည်း ကြည်လင်လာတယ်၊ ရိုးပေါ်က လမင်းကြီး သံတွဲအလွန် တနေရာ ရောက်နေပါပြီ၊

ဖလားကို ကိုင်တယ်၊ ရေခပ်တယ်…. ဒီလူကြီးကို လောင်းလိုက်တယ်…၊ သူက ကျော်လွင်ဦး… ဘုန်းကြီးကျောင်းသား… အကောင်းစားတော့ မဟုတ်… အနမ်းခိုးစားသူ… သူ့အပြစ်ချည်းတော့ မဟုတ်… ရိုးမမှာလည်း အပြစ်ရှိတယ်… ရိုးက ကျော်လွင်ဦး ရင်ကို ရိုင်းစေသကိုး…။

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်။
၀၀း၃၀ နာရီ။

ဓားမခုတ်တတ်လည်း စကားကောင်းကောင်းပြောတတ်ရင် သူရဲကောင်းဖြစ်ပါတယ်၊

ရုပ်မလှလည်း စိတ်လှရင် ချစ်တဲ့သူ ပေါ်တတ်တယ်၊

ရှင့်ဘ၀ ရှင်ပိုင်တာပဲ၊ ရှင့်စိတ်ကြိုက်ဆုံးဖြတ်နိုင်တယ်လို့ နတ်သမီးက ကျွန်တော့်ကို ပြောလာတယ်။

ပထမတော့ ကျွန်တော်ကြောင်သွားတယ်၊ ဘာလဲကွလို့ဆိုပြီးလည်း စိတ်ထဲထောင်းကနဲ ဖြစ်သွားတယ်။

လူကြီးမင်း စဉ်းစားကြည့်လေ၊ ကျွန်တော့်ကို စကားပရိယာယ်မကြွယ်ဝသူ၊ သူတစ်ပါးနားခံသာအောင် မပြောတတ်သူ၊ နာလိုခံခက်ဖြစ်အောင်လုပ်သူ၊ ရိုင်းစိုင်းသူလို့ ပြောလိုက်တာ မဟုတ်ဘူးလား။

တစ်ခါ ရုပ်မလှသူ၊ စိတ်ပုပ်သူ၊ ချစ်စရာကောင်းတယ်လို့ တစ်ယောက်ကမှ ထင်မှတ်တာကို မခံရသူ၊ စွန့်ပစ်ခံရသူ၊ အပယ်ခံ အရှုံးသမားလို့ အဓိပ္ပာယ်ပေါက် မသွားဘူးလား။

ကြည့်ဦး…ရှင့်ဟာရှင်လုပ်ချင်တာလုပ်၊ လာမရှုပ်နဲ့ ပေယျာလကန်(ငယ်ငယ်ကတော့ မသိလို့ ပေလယျကန်လို့ ဖတ်ခဲ့ဖူးပါသည်)ပြုထားသလို ဖြစ်မနေဘူးလား။

နတ်သမီး တစ်ခုခုကို တင်းနေတာကတော့ သေချာပါပြီ။ သူ့ ကိုယ် ဘာများ မဟုတ်တာလုပ်ထားပါလိမ့်လို့ ပြန်စဉ်းစားကြည့်တော့လည်း ကိုယ့်လောက် အပြောအဆို အမူအရာ ယဉ်ကျေးသူ ဒီကမ္ဘာမှာ နှစ်ယောက်မရှိလို့ ကိုယ့်ဟာကိုယ် ပြည့်ပြည့်၀၀ယုံကြည်ထားသူပီပီ ကိုယ့်မျက်ချေးကိုယ်ပြန်မမြင်သူလို အမှားအယွင်းလုံးဝမရှိ သက်သောင့်သက်သာ ရှိလှပါတယ်။

ဒါပေမဲ့ နတ်သမီးတော့ တစ်ခုခုလွဲနေပြီလို့ အတတ်သိလိုက်ပါပြီ။ ဆိုတော့ မှားခြင်းမှား နတ်သမီးသာ မှားပါလိမ့်မယ်၊ နတ်သမီးဆိုတိုင်း အကောင်းချည်းထင်နေလို့ မဖြစ်၊ နတ်သမီးလည်း ခံစားချက်ရှိသူဖြစ်တာမို့ မှားနိုင်တာပဲလို့ ကိုယ်အတတ်တွေးမိတယ်၊ ကိုယ့်အတွေးထဲမှာတော့ ကိုယ်အနိုင်၊ ပိုင်ပိုင်နိုင်နိုင်ရှိလွန်းလှချည့်။

ဒါနဲ့…

“တစိမ်းဆန်လှချည်လားကွယ်“

“ဘာတွေ လာပြောနေတာလဲ၊ ကိုယ့်ဟာကိုယ် လုပ်ချင်တာလုပ်။ ရှင်ကြီးက ကိုယ့်ဟာကိုယ် သိပ်လည်တယ်ထင်နေတယ်လား၊ ရှာကြည့်စမ်းပါ ဒါမျိုး ရမလားလို့“

“ဟား ဟား၊ အပြောကောင်းလှချည်လားကွ၊ တောပြောင်းပြီး စကောရောင်းပါလား“

“ပြောင်စပ်စပ် မလုပ်စမ်းပါနဲ့၊ ရယ်ရုံနဲ့ ပြီးသွားတဲ့ထဲမှာ မီး မပါဘူး၊ ကိုယ့်စိတ် ကိုယ်ပြန်ဆန်းစစ်လိုက်ပါဦး၊ အူကြောင်ကြောင် လုပ်မနေနဲ့“

“ဟ ဟ၊ ငါ့များ ပြောရက်လိုက်တာ..မင်း တယ်ရက်စက်ပါလား၊ ရက်စက်ပါလား။ မင့် ဘာလုပ်လို့ ဒီလောက်တောင် ပြောထွက်ရတာလဲ“

“အော်…မပြောလို့ဖြစ်မလား၊ အတည်လိုလို နောက်သလိုလိုနဲ့ အချိန်တွေကုန်နေရင် မဖြစ်ချေဘူး၊ လူကြီး ပြောသလိုပဲ တောပြောင်း စကောရောင်းပါမယ်၊ အ လို့တော့မဟုတ်ဘူးဆိုတာ ယုံ၊ ငါ့ဖို့တော့ တစ်ဘို့ပဲသိတဲ့ လူကြီးရဲ့“

“လုပ်စမ်းကွ၊ ကြည့်စမ်း ငါ့ကိုတောင် နွားလို့ ထပ်ဆောင်းပြောလိုက်သေးသပ၊ ဇာတ်လမ်းက ဒီတင်ဖြတ်မယ်လို့ ရာဇသံပေးတာလားကွ၊ မလွမ်းဘူးကွ..မလွမ်းဘူး၊ နှစ်ခါပြန်ပြတ်လည်း မလွမ်းဘူး“

“နေကြည့်ဦးပေါ့ လူကြီးရယ်၊ ပျင်းတောင်ပျင်းသေးတယ်၊ တစ်ခါထဲ နှုတ်ဆက်လိုက်ပါတယ်၊ ဆုလည်းတောင်းလိုက်ပါရဲ့..ကိုတိုးတက်ကြီး ကိုအောင်မြင်ကြီးဖြစ်ပါစေရှင်.. တာ့တာ“

“မယ်မင်းမ အလာသားပါလားကရို့၊ နတ်သမီး..နတ်သမီး ဒီလိုနဲ့ ကိုယ်ရောင်ဖျောက် တစ်ခါပျောက် ပြေးပြန်ပါကလား ဗျို့“

ကတ္တီပါကားဖုံးချ။………..။

ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၀ ပြည့်နှစ်။ ညဥ့်သန်းခေါင်။

my last post here was ”this is it” a michael jackson’s rehearsal documentary movie. right after a few days of posting that my pc was breakdown unexpectedly. i did not know why but might be i had not shut it down properly for three months and i had ever closed my room tightly so ventilation was not good at all in the room.

i was very sad for that that was not only using computer and internet at home but also not posting new posts for you all. i wanted you to understand clearly what’s my problem was that i could not use my laptop that i called my first love for almost a month. after that i bought a new one which am using everyday. the new one is also sony vaio and its model is nw20sf. it’s a good one and i really like it.

actually i’ve never written my posts in english cause i’m not very good at english and at the same time most of my friends are happy to read my posts in burmese. and again i like to write my posts in burmese too cause it can express utmost my deepest feeling and my creative thoughts and ideas.

am not sure in the future i may be trying to write my posts in english but i think that it would be interesting too because everyone of my friends around the world can read what i write here and what i feel in these days. but i know that the task is not easy and i need to improve my english a lot first.

here sometimes i even could not catch their, native english speakers, essence easily and had to ask again and again and very often i just nodded my head and tried to pretend that i got them what they meant. ha ha ha! do u think am naughty? sure, i do sometimes like that.

so after i bought the new computer i don’t need to write my posts in english at all and i can write in burmese. but u know i did already write this piece for posting here and later that means after i got my new lover i thought again that whether i should post it.

that’s my weak point you know what i always think two ways, good or bad, to do or not to do. that’s why i kept it for a while and then again i just saw it and wanted to put here again.

so i post it now and please read it my friends! thank u. bye for now.

date 30/11/2009 time 7:24 am. i should say here that its last year post or the old one. ha ha!

စောက်မှန်းကမ်းမှန်း၊ကြိဝိ-အကောင်းအဆိုး၊ သင့်မသင့်၊ လျော်မလျော် ခွဲခြားလျက်။ (မြန်မာအဘိဓာန်ဖွင့်ဆိုချက်)

မနက်ခင်းတွေကို မုန်းမုန်းပြီး ထနေရတာ စိတ္တဇဆန်တယ်လို့ တွေးတတ်လာခဲ့ပြီ။ ပြောင်းပြန်တွေးချည်း တွေးတတ်သူမို့ အမှန်ဆိုတာကို သေချာ မသိတာလည်း ကြာပြီ။ နတ်သမီးကို မချစ်တော့တာလည်း ပါသည်။

ထွင်တယ်ဆိုတာ စဉ်းစားတာပဲတဲ့၊ မြင်နေကျ တွေ့နေကျမဟုတ်တာတွေ၊ သုံးစွဲနေကြ မဟုတ်တာတွေ၊ ခံစားနေကြ မဟုတ်တာတွေတဲ့။ မျက်တွင်းဟောက်ပက် ဖြစ်တဲ့ အထိ ဒီမှာကြည့်လေ၊ နတ်သမီးက ခေါ်သည်။ အရူးတဲ့။

နှင်းဖြူဆိုတာ ပုံပြင်တွေထဲက စင်ဒရဲလား၊ မိထွေးကြီးနဲ့ အစ်မတွေ နှိပ်စက်တာကို ခံရတဲ့သူပေါ့။ ဒီတစ်ယောက်ကတော့ နတ်သမီး လာဖြစ်နေသည်။ သေပါပြီ။

ကိုယ်က ကိုယ့်ခေါင်းကို သူများကိုင်တာ မကြိုက်၊ နတ်သမီးက ကိုင်သည်။ စူးစူးစိုက်စိုက် တစ်ချက်ကြည့်ပစ်လိုက်ပြီး “မကိုင်နဲ့၊ ဘုန်းနိမ့်မယ်“လို့ ပြောတော့ နတ်သမီးက ဟက်ဟက်ပက်ပက် ရယ်သည်၊ မျက်ရည်ထွက်အောင် ရယ်သည်။ စိတ်ဆိုးဆိုးနဲ့ စိုက်ကြည့်နေသည့်ကြားက မျက်ရည်သာ ကိုယ်မြင်ရသည်။

ရယ်ရုံနှင့်မရပ်၊ ပြောသေးသည်။ ဒီ“ဘုန်း“လားတဲ့၊ အတော်ရိုင်းသည်ဟုသာ စိတ်ထဲ သွင်းမှတ်လိုက်သည်။ နတ်သမီးကို မုန်းစပြုနေပါပြီ။

စိတ်ညစ်ညစ်နှင့် ကိုယ်တစ်ယောက်တည်း ခွဲအိပ်လာသည်မှာ အခုအိပ်မည့်ညနှင့်တွက်လျှင် သုံးည ရှိပြီ၊ အပြင်မှာ အေးနေပါလျှက်နှင့် စိတ်ထဲ အိုက်လောင်နေ သဖြင့် ၀ရန်တာ သံမံတလင်းတွင်ပင် လဲလျောင်းရင်း ၀ိုင်းဝိုင်းစက်စက်နှင့် ထိန်ထိန်သာနေသော လမင်းကြီးကို ငေးကြည့်နေမိသည်။ စိတ်ထဲမှာ ဟာတာတာ ဖြစ်လျှက်ကပင် စိတ်ချမ်းသာစေသည်။

“စောက်…………………………..“။ နတ်သမီးပါးစပ်မှနေ၍ ကိုယ်နားဆီသို့ အသံတစ်သံလာသည်။

“မင်းက ဘာလဲ၊ မင်းပစ္စည်းနဲ့နှိုင်းတာလား၊ ရိုင်းလှချည်လား“။

ကိုယ့်ပါးစပ်က ပြောထွက်သွားသည်လား၊ နားကပဲ ပြန်ကြားလေသလား၊ စိတ်ထဲက ပြောလိုက်တာလား၊ ကွဲကွဲပြားပြား မသိတော့။ ကြောက်နေသည်၊ တစ်ခုခုကို ကြောက်နေသည်။ မမြင်ရသော တစ်ခုခုကို ကြောက်နေသည်။

ဟင်…ကိုယ် နတ်သမီးကို ကြောက်နေသည်။ လား။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်၊ ည ၁၁ နာရီ ၁၁ မိနစ်။

“ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ကောင်းနေတုန်း“

“ကန့်လန့်ကာကြီးရယ် နေပါဦး ကလို့ကောင်းနေတုန်း“

ဇာတ်မင်းသား စိန်ကုလားတစ်ယောက် တောင်ပြေးမြောက်ပြေး အရူးမီးဝိုင်းဇာတ် ကကောင်းနေတုန်း ကန့်လန့်ကာချ တစ်ခန်းရပ်လေပြီ။

စိန်ကုလားကား ဇွဲမလျှော့သူပီပီ နာမည်ကျော်ဇာတ်မင်းသားတစ်ယောက်ရဲ့ ဇာတ်သီချင်းကိုပင်ယူကာ ကုလားမူနဲ့ ဆက်လုပ်နေလိုက်သေးတယ်။

ကန့်လန့်ကာကား ပြန်မတင်တော့ပြီ၊ သူ့ဟာသူ ခုန်ချင်ခုန် ပေါက်ချင်ပေါက် ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် ပြေးရင်းနဲ့…ကလိုက်၊ ကရင်းနဲ့…ပြေးလိုက် အမျိုးမျိုး ကြိုးစားပါသော်လည်း ကုလားလေးဆိုပြီး အဘယ်သူ တစ်ဦးတစ်ယောက်ကမှ အသနား အကြင်နာ မရှိရှာတော့၊ ခဲလေသမျှ သဲရေကျ ပဲရေပွကိန်းဆိုက်လေပြီ။

ရုပ်အားဖြင့်၊ အသံအားဖြင့်၊ ဒါနဲ့ မ၀သေး။ မျောက်ဆိုးသဖွယ် ဟိုဘက်ခုန်လိုက် ဒီဘက်ကူးလိုက် လုပ်ချင်သလို လုပ်နေတာကြောင့် အမြင်ကပ်လှစွာသော မိဘပြည်သူပရိသတ်များက စိန်ကုလားကို ၀ိုင်းအုပ်ကာ ချန်ထားခဲ့ကြ ပြီ၊ ကန့်လန့်ကာချသွားခဲ့ကြပြီဖြစ်ပါတယ်။

ဒါတောင် စိန်ကုလားက ဇွဲမလျှော့သေးချေ။ ကုလားအသည်းမာလှတယ်လို့ပင် ဆိုရလေမလား၊ ခေါင်းကောင်းလို့ တုတ်တောင်းတယ်လို့ ဂုဏ်ပြုရလေးမလားမသိ။

ကုလားကား အတော်ဇွဲသန်သလို မသတီစရာကောင်းအောင် အသည်းအသန်နိုင်ခဲ့ပုံကို စောစောပိုင်း အဖြစ် အပျက်များနဲ့ ဆက်စပ်ကြည့်ပါလေ။

**************************

“မယားအလှ ထားကညာ သွားမပါလည်း ကြိုက်မြဲကြိုက်မှာပဲ ကိုကိုဟာ စိန်ကုလားပါ“

လုပ်တာက အဲဒီလို။ ဇာတ်မင်းသားတဖြစ်လဲ အရူးမီးဝိုင်းစိန်ကုလားမှာ မယားတကြော်ကြော်နဲ့ ဇာတ်မင်းသမီး လေးများကို တစ်ယောက်ပြီးတစ်ယောက် လှည့်ပတ်ကနေလေတော့တယ်။

“ဇမ္ဗူဒီပါတစ်ခွင် ကုလားချစ်တာရှာ မောင့်မယား ဒါလီ ကာကီတင့်တင့်ရာ“

စိန်ကုလား ကာရန်ယူလုပ်ချလိုက်ပုံဖြင့် တက္ကသိုလ်က မြန်မာစာဆရာတောင် ဖျားလောက်ပါပေတယ်။ ကာကီတင့်တင့်တွေ ဘာတွေဖြစ်ကုန်ရော၊ ကြည့်ရတာ ကာကီရောင်စတိုင်လ်ပင်န်နဲ့ တင့်တင့်ကို ဆိုလိုပုံရပါရဲ့။ သူ့အရပ်နဲ့သူ့ဇာတ်တော့ ဟုတ်နေလေရဲ့။

မယားတွေခေါ်လိုက် သူ့အရပ်ကလန်ကလားနဲ့ မင်းသမီးအနုအရွလက်တွေကို အတင်းဖျစ်ညစ် ဆွဲလိုဆွဲ ဆောင့်လိုဆောင့်နဲ့ ကြမ်းချင်သလိုကြမ်း ရမ်းချင်သလိုရမ်းပြီး တော်တော်ကြီးဟုတ်နေလေတော့တယ်။

မင်းသမီးရုပ်ကြမ်းရည်ထော်များကလည်း အဖမ်းကြမ်းသလို သရမ်းလည်းသရမ်းတဲ့ ကိုကိုရဲရန်ကြောက်လို့ ညကြေးလေးများကိုက်မလားမှတ်ပြီး လိုက်လာခဲ့ပါတယ်၊ စိန်ကုလားနဲ့တွေ့မှ လုပ်စားချင်စိတ်ကုန်အောင် စိတ်နာနေမိတော့တယ်။

မဆန်း(မကြီးစန်းမဟုတ်)လည်း မနေနိုင်ပေါင်၊ မဂွမ်း(ရုပ်ရှင်သရုပ်ဆောင်များမဟုတ်၊ နာမည်တူတာပါ)လည်း မခံနိုင်အောင်ဆိုသလို စိန်ကုလားဇာတ်ဆရာ ဇာတ်စီးပုံများ ကြမ်းတမ်းလှတာကြောင့် ညကြေးလည်း ငတ်ချင် ငတ်တော့၊ ဖြတ်ကြေးထိလည်းဖြတ်ပစေတော့ဆိုပြီး ရန်သူ့လက်လွတ် ဘ၀ကျွတ်ဆိုပြီး ညီမတွေ အချင်းချင်း မျက်လုံးချင်းကိုက် ဇာတ်တိုက်တိုင်ပင်၊ ပြီးတော့ ပတ်ထဘီတွေကို ဗြတ်ဆို ချွတ်ချပြီး တရုတ်ညီမသုံးဖော်သိုင်းနဲ့ တိုက်သလို စိန်ကုလားကို ၀ိုင်းအုပ်လိုက်တာမှာ စိန်ကုလားက အထက်က ဆိုခဲ့သလို ကန့်လန့်ကာ ချတယ်မှတ်ပြီး ကုလားပီပီ ရုတ်ချည်း ဇွဲမလျှော့နိုင်သေးဘဲ အထက်ကဆိုခဲ့သလို ကန့်လန့်ကာကြီးရေ နေပါဦးတွေဘာတွေ ဆက်လုပ်နေတာပဲဖြစ်ပါတယ်။

******************************

စိန်ကုလားအဖြစ်ကတော့ မနှစ်ကနဲ့မတူဆိုသလို ဇာတ်ပွဲလေးကြည့်ရမလားမှတ်တယ်၊ နောက်ကောက်ချန်ထားခံခဲ့ ရလို့ စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရတယ်။ သူကြိုက်တဲ့မင်းသားပါတဲ့ ဇာတ်ပွဲကို မကြည့်ရပေတော့ဘူး။

ဒါနဲ့ အသက်လေးရတဲ့အထိကြိုးစားပြီးရုန်းကန်လိုက်တာ ၀င်ငွေလေးအသင့်အတင့်ရတော့ သူကြည့်ချင်သမျှ ဇာတ်ပွဲတွေ အကုန်လိုက်ကြည့်ပါရော၊ အခုနောက်ပိုင်းဇာတ်တွေ(အခုခေတ်ဇာတ်တွေပြောပါတယ်)က သူငယ်ငယ်တုန်းက ကြည့်ချင်ခဲ့သလို မဟုတ်တော့တာကြောင့် စိန်ကုလားက မထိဘူးဆိုလား သူတို့ မော်လမြိုင်လေလေးနဲ့ ပတ်ချွဲနှပ်ချွဲလုပ်လေသေးတာ။

ဒါကြောင့် ဇာတ်အထာလည်း အတော်နပ်ခဲ့ပြီဆိုပြီး မင်းသမီးလုပ်မယ့်သူတွေငှား၊ ဒါကလည်း သူကျင်လည်ရာ သူကျွမ်းကျင်ရာနေရာက ငှားရတာပေါ့လေ။ အမယ် မင်းသားမင်းသမီးဝတ်စုံတွေပါ စိတ်တိုင်းကျ ငှားလိုက်သေး တယ်။ ဇာတ်ပွဲကြည့်လာတာကြာတော့ ဒါတွေပါ ဘယ်နားငှားရမယ်ဆိုတာ စိန်ကုလားသိလာပြီလေ။

ပြီးတော့မှ ကုလားသေကုလားမောအိပ်နေတာကို ပြန်နိုးသွားအောင် စိန်ကုလားရဲ့ အမြီးအမောက်မတည့်တဲ့ ခုနစ်သံချီရှစ်သံချီဟစ်ပြီး ရပ်ကွက်ကိုရော ပတ်ဝန်းကျင်ပါ စော်ကားတာ၊ ရပ်ကွက်ကတော့ ရယကဥက္ကဌနဲ့ ပိုင်တဲ့စိန်ကုလားဆိုပြီး ဘာမှမတတ်သာဘူး။

စိန်ကုလားကလည်း ပိုင်တယ်လေ၊ မပိုင်ဘဲရှိမလား၊ ဥက္ကဌနဲ့ ရုံးစာရေးကိုဖေတင်တို့ သူ့ဆိုင်စုတ်ကလေးက လက်ဖက်ရည်မှာသောက်ရင် ဘယ်တော့မှ လက်ဖက်ရည်ဖိုး မယူဘူးလေ၊ ပြီးတော့ သူက ရပ်ကွက်မီးကင်းကြေး ဆိုလား၊ တစ်လငါးထောင်နဲ့ အများဆုံးပေးထားတဲ့ဥစ္စာ။ အဲဒီလို သူ့အရပ်နဲ့သူဇာတ်လုပ်ထားတာလေးတွေရှိတာ ကိုး။

******************************

နောက်ဆုံးတော့ ရပ်ကွက်ကပဲ မေတ္တာပို့ကောင်းလေသလား၊ စိန်ကုလားကပဲ ကြမ်းလေသလား၊ သူ့ရဲ့အရူးမီးဝိုင်း ဇာတ်ကပဲ မပေါက်လေသလားမသိ၊ မဆန်းတို့ မဂွမ်းတို့တော့ စိန်ကုလားကို ဗလာထဘီအုပ်၊ ခုံပေါ်တွေ့တဲ့ စိန်ကုလားအိတ်ထဲတွေ့သမျှငွေနှိုက်ပြီး ပြေးပါလေရောဗျို့။

စိန်ကုလား ဇာတ်ရူးပုံများ သနားစရာကောင်းပါဘိတောင်း။

စိန်ကုလားမှာတော့ ဗလာထဘီတွေခေါင်းပတ်ရင်း မမြင်မကန်းနဲ့ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် နံရံတွေ တိုးလို့တိုက် ကလိုက် ခုန်လိုက် လဲလိုက် ထလိုက်နဲ့ ရှိနေကြာင်းပါခင်ဗျ။

ည ၉ နာရီခွဲ၊ နိုဝင်ဘာ ၂၊ ၂၀၀၉။

“မျိုး အထဲဝင်ရအောင်၊ အေးလာပြီ“

ချိုနွဲ့နွဲ့ သူ့အသံနဲ့ သမင်မမျက်လုံးတွေကို ကိုယ်ဘာများ ပြောနိုင်ဦးမှာလဲ။ ငြင်းဆန်ဖို့ ဘယ်လိုမှ အားမရှိ။

မီရှဲလ်ဟာ သူလိုချင်တာတွေကို ချိုချိုအေးအေးလေးပြောတတ်တဲ့နေရာမှာ သိပ်ကျွမ်းကျင်တယ်။ ကိုယ်ကလည်း ချိုချိုသာပြော ချောက်ကမ်းပါးထဲ အခု ခုန်ချရမလား၊ နောက်ဖေးလမ်းကြားထဲ ဖိနပ်မပါဘဲ သွားခိုင်းမလား၊ ဆန်နှစ်အိတ်ထမ်းပြီး ရပ်ကွက်သုံးပတ်လောက် ပြေးရမလား၊ ဖြစ်တယ်။

မချိုလို့ကတော့ ဘယ်လောက်ဈေးကြီးတဲ့ ပန်းသီးကျွေးကျွေး လှည့်တောင် မကြည့်တဲ့သူမျိုးဆိုတော့ မီရှဲလ်နဲ့မှလိုက်တာလို့ သူငယ်ချင်းတွေက မပြောသော်လည်း ပြောသလိုရှိတဲ့အကြောင်း သူတို့မျက်လုံးတွေ ကြည့်ရင် သိတာပေါ့လေ။ ဒါကို ဒီလောက်တော်တဲ့ မီရှဲလ်လည်း သိမှာပါပဲ။ ကိစ္စမရှိ၊ သူသိ ကိုယ်သိ အားလုံးသိ ပိုတောင်ကောင်းသေးတာပ။

အပြင်မှာတော့ မိုးကဖွဲဖွဲလေး ရွာနေတုန်း…။

ဟုတ်ပ၊ အထဲဝင်လိုက်လာမှ ပိုပြီးအေးလာသလိုမျိုး ခံစားရတယ်။ ခုန အိမ်ရှေ့ကပြင်လေးမှာထိုင်ပြီး ဘလက် ကော်ဖီတစ်ခွက်စီနဲ့ အိုဘားမားနဲ့ မီရှဲလ်အိုဘားမားတို့အကြောင်း ပြောနေတုန်းကတော့ နှစ်ယောက်သား ငြင်းလိုက်ခုံလိုက် ရယ်လိုက်မောလိုက်နဲ့ အေးလို့အေးမှန်း မသိခဲ့ဘူး။ ကိုယ်ပြောချင်တာ နိုင်အောင်ပြောဖို့ပဲ စိတ်လောနေခဲ့ကြတာ၊ အခုတော့ ကိုယ့်လက်နဲ့ကိုယ့်ပါးလေး ပြန်ကိုင်စမ်းကြည့်မှ အေးစက်နေတာ သတိထားမိတယ်။ မီရှဲလ်ကိုပဲ ကျေးဇူးတင်ရသေးတော့။

မီရှဲလ်အိုဘားမားနဲ့ နာမည်ချင်းတူတဲ့ ချစ်သူကလေးမီရှဲလ်ဟာ အရပ်မြင့်သလို နှုတ်ခမ်းလေးကလည်း ကိုယ့်အကြိုက်ထူထူထဲထဲရှိလှတယ်။ ကိုယ်လုံးကျစ်ကျစ်ကလေးဟာ သူဝတ်တဲ့မီနီစကပ်တွေနဲ့ဆို သိပ်လိုက်တာပါပဲ။ ကိုယ့်အရပ်ထက်လွန်သွားမှာစိုးလို့ ဒေါက်မြင့်ဖိနပ်ကို နှစ်လက်မထက် ပိုမစီးရှာတာကိုပဲ ကိုယ်ကကြိုက်ပြီး ကျေးဇူးတင်နေမိသေးတယ်။ ဟုတ်တယ်လေ၊ သုံးလက်မအမြင့်လောက်စီးလိုက်ရင် ကိုယ့်ထက်ယောင်ယောင်လေး မြင့်သွားမှာကိုး။

မီရှဲလ်ကို ကိုယ်ချစ်တာ ဘာကြောင့်ချစ်မှန်းမသိ(အချစ်က အဓိပ္ပါယ်ဖွင့်မရဘူးလို့ဆိုသကိုး)ပေမယ့် ကိုယ့်အကြိုက်နေတတ်ထိုင်တတ်တာနဲ့ ပါးနပ်တာကို ချစ်တာလို့တော့ ကိုယ့်ဟာကိုယ်ထင်မိတာပဲ။

တော်တဲ့မိန်းမတွေ အများကြီးတွေ့ဖူးတဲ့၊ အလွန်ချောတဲ့မိန်းမတွေနဲ့ တရင်းတနှီးရှိဖူးတဲ့ ကိုယ့်အတွက်တော့ မီရှဲလ်လောက်ပါးတဲ့ နပ်တဲ့ လူ့ကြောကျေတဲ့ မိန်းကလေးမျိုး မတွေ့ဖူးပါဘူးလို့ ပြောလိုက်ရင် ရင်းနှီးတဲ့ သူငယ်ချင်းမိန်းကလေးတွေက “ငမျိုး၊ အပိုကြီး၊ အရူးကြီး“လို့ မလိုတမာနဲ့ ကဲ့ရဲ့ရှုတ်ချကြမှာကို စိတ်ကူးနဲ့မြင်ယောင်ကြည့်ရင်း ပြုံးမိပါသေးတယ်။

ကိုယ်အခန်းထဲ လိုက်ဝင်လိုက်တော့ မိုးပက်မှာမို့ ပြတင်းတံခါးတွေပိတ်ထားသလို ပြတင်းက ခန်းစီးတွေလည်း ဆွဲစေ့ထားတာတွေ့ရတယ်။ အခန်းထဲမှာတော့ နည်းနည်းနွေးနွေးထွေးထွေးဖြစ်နေလို့ တော်ပါသေးရဲ့လို့ တွေးလိုက်မိသေးတယ်။ မီရှဲလ်ကတော့ ရေချိုးခန်းထဲမှာ ရေနွေးနဲ့မျက်နှာသစ်နေလား၊ သွားတိုက်နေလားမသိပါ ဘူး ရေသံနည်းနည်းကြားရတယ်။

နှစ်ယောက်အိပ်ကုတင်ပေါ်ကို ကိုယ်အသာအယာလှဲချလိုက်တယ်။ ကုတင်ကပေးတာက မီရှဲလ်ရဲ့ကိုယ်ကထွက်တဲ့ အနံ့လေးတွေပါ၊ မီရှဲလ်ကိုယ်ကထွက်တဲ့ အနံ့လေးတွေကို ကိုယ်က သိပ်ချစ်တယ်။ ရေမွှေးနံ့လည်းမဟုတ်ဘူး။ တစ်မျိုးပဲ။ ကိုယ့်အတွက်တော့ သိပ်ချစ်ဖို့ကောင်းတယ်။

မိုးသံက နည်းနည်းလေးတောင် ကြားလာရတယ်။ မိုးက ခပ်သည်းသည်းလေး ရွာနေတယ်ထင်ပါ့လို့ စိတ်ထဲက တွေးလိုက်တယ်။ ပြတင်းကို မိုးစက်လေးတွေရိုက်သံ၊ အိမ်ခေါင်မိုးပေါ်ကျသံတွေဟာ စန္ဒရားလှထွတ်ရဲ့လက်သံကို နားထောင်နေရသလိုပါပဲ၊ ခပ်ကြမ်းကြမ်းတီးလိုက် ဖော့ဖော့လေး ဖျော့ချလိုက်နဲ့၊ လှချင်သလိုလှနေတဲ့ သြစတြေးလျမင်းသမီးနီကိုးလ်ကစ်မင်းကို ကြည့်နေရသလိုမျိုး။ အလိုလိုနေရင်း ရင်တောင်ခုန်လာတယ်။

အော်…သူ့ကုတင်ပေါ်လေး အိပ်ရုံနဲ့တင် ညှို့ရက်နိုင်အားကြီးတယ်လို့ စိတ်တောင်ဆိုးချင်လာတယ်။ ဒါပေမယ့် ဟန်လုပ်ဆိုးတဲ့ပုံပါ။ ကလေးတစ်ယောက် အမေ့ဆီက မုန့်ဖိုးတောင်းတာ မရလို့ နှုတ်ခမ်းကို တွင်တွင်စူပုပ်ထားပုံမျိုး၊ စိတ်ဆိုးနေကာမှ ချစ်သူက အသည်းယားလာအောင် ထပ်လာစတဲ့အခါ ဖြစ်တဲ့စိတ်မျိုး၊ ဘာတဲ့ နွဲ့ပြီးဆိုးတဲ့ နွဲ့ဆိုးဆိုလား။ နွဲ့ နွဲ့ နွဲ့ကာဆိုးတော့ သနားကာပင် သူ့ကို သဒ္ဓါကပိုဆိုသလိုမျိုး။

မီရှဲလ်ကလည်း သဒ္ဓါပိုလွန်းသူပဲလို့ သဘောကျကျတွေးရင်း မိန့်မိန့်ကြီးပြုံးလိုက်သေးတယ်။ ရှင်ဘုရင်ကြီးတစ်ပါး တော်ကောက်ဖို့အရေး သလွန်ထက်လျောင်းစက်ရင်း တစ်တိုင်းတစ်ပြည်လုံးက ရှိရှိသမျှ မိန်းမချောမိန်းမလှ တွေထဲက လက်ရွေးစင် ၁၀ ယောက်ကို အပြန်ပြန်အလှန်လှန်ကြည့်နေသလိုမျိုး။

မီရှဲလ်က ကိုယ့်ကို တစ်ချက်ပြုံးပြရင်း ဖြစ်သလိုကန့်လန့်ကြီး လှဲအိပ်နေတဲ့ကိုယ့်ကို ကုတင်ထက်နေသားတကျပုံစံ ဖြစ်အောင် ဖြည်းဖြည်းချင်းချင်းတွန်းရွှေ့ နေရာပြင်ပေးလိုက်တယ်။ မိုးမှောင်ပြီး မိုးအေးအေးလေး ဆက်တိုက်ရွာနေလို့သာ၊ အချိန်က ရှိဦးမှ ညနေလေးနာရီခွဲ ငါးနာရီ၊ ဒီထက်တော့ မပိုလောက်သေး။

ချစ်ခြင်းဖွဲ့သီရင် ဆောင်းညနေဦးတွေဟာ နွေညနေဦးတွေထက် ပိုတာသွားတယ်လို့ ချစ်မှုရေးရာကျွမ်းကျင်သူ တစ်ဦးရေးတဲ့ စာတစ်အုပ်မှာ ကိုယ်ဖတ်ရဖူးတယ်။ သူတို့ဆီမှာတော့ မိုးတွင်းဆိုတာမှ သတ်သတ်မှတ်မှတ် မရှိတာလေ၊ ခုတော့ ကိုယ်တို့က မိုးညနေဦးလေးတစ်ခုထဲမှာ…။

ညအိပ်ဝတ်အင်္ကျီအပြာရောင်နုလေးနဲ့သူ့ကိုယ်သူထုပ်ထားသလိုမျိုး နွေးနွေးထွေးထွေးလေးဖြစ်နေတဲ့ မီရှဲလ်ကို တစ်ချက်ပွေ့ဖက်လိုက်ရတာကိုကပဲ ခုနအေးသလို ချမ်းသလို စိတ်ဆိုးချင်သလိုဖြစ်နေတဲ့စိတ် ဘယ်သွားချိတ်နေ မှန်းကို မသိတော့ပါဘူး။ တကယ်ကို နွေးပြီးမွှေးနေတာပါပဲ။

မျက်နှာကြက်မှတော့ အပြာရောင်မီးလုံးလေးက တစ်ခန်းလုံးကို အပြာရောင်တွေ သွန်ချထားသလိုမျိုး။ အနုပညာတွေဆိုတာ ဒီလိုအခန်းတွေထဲကထွက်တာလို့ ဘာဖြစ်လို့လဲမသိ ချက်ချင်းကြီး အဲဒီလိုသဘောပေါက်မိ သွားတယ်။

အနုပညာဆိုမှ ဆိုင်မွန်ရဲ့ ပန်းချီပြပွဲသွားကြည့်ရဦးမယ်လို့ သတိရတော့တယ်။ သူက တကယ်တော့ ရယ်ရတယ် “အနုပညာဆိုသည်မှာ ကျွန်ုပ်ပြုလုပ်တာ“ဆိုတဲ့ ခံယူချက်နဲ့လူ၊ ကိုယ်ကတော့ အနုပညာဆိုတာ သူ့အလိုလို ဖြစ်နေတာလို့ ခံယူထားတဲ့လူ။

လုပ်တာဟာ လုပ်တာပဲ အနုပညာမဟုတ်ဘူး။ သူ့ဟာသူ ဖြစ်နေတာ၊ သူ့ဟာသူဖြစ်သွားတာမှ အနုပညာပဲ။ လုပ်ယူလို့ရမှတော့ အများကြီးဖြစ်နေမှာပေါ့။ “အနုပညာကို နှစ်ခါလုပ်လို့ မရဘူး“လို့ ဆရာတချို့ပြောကြတယ် မဟုတ်လား။

ဆည်းဆာကိုကြည့်၊ ရွေ့နေတဲ့ တိမ်တွေကိုကြည့်၊ ကမ်းစပ်ကို နမ်းရှိုက်တဲ့ လှိုင်းကလေးတွေကိုကြည့်၊ ကိုတုတ်ပေါအိမ်နောက်က နွားတင်းကုပ်နဲ့ အူနေတဲ့မီးခိုးတွေကိုကြည့်၊ မီရှဲလ်ကိုကြည့် နှစ်ခါထပ်တူကျတဲ့ ခံစားမှုမျိုး တစ်ခါမှ မရဖူးဘူး။ ဒါမှ အနုပညာ။

ကိုယ့်ဘာသာကိုယ်ကြိတ်တွေးပြီးပြုံးနေတဲ့မျက်နှာကို ကိုယ့်ဟာကိုယ်စိတ်ထဲကပြန်မြင်ကြည့်ရင်း “ငါကွ“လို့ အရသာခံစားလို့ကောင်းနေတုန်း နောက်ကနေ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တဲ့ မီရှဲလ်ကြောင့် နောက် အနုပညာတစ်ခုတော့ ခံစားဖို့ဖြစ်လာပြီလို့ ဆက်တိုက်တွေးဖြစ်လိုက်သေးတယ်။

စိတ်ကူးထဲက စန္ဒရားသံရယ်၊ မိုးသံလေးရယ်၊ အပြာရောင်မီးလုံးလေးနဲ့ နွေးထွေးနေတဲ့ အခန်လေးထဲမှာ မီရှဲလ်နဲ့ကိုယ်၊ အလိုလို တစ်ခုခုဖြစ်တော့မယ်။

အဲဒီညဟာ အနုပညာမြောက်ခဲ့ပြန်တယ်။

ညနေ ၆ နာရီ၊ နိုဝင်ဘာ ၂၊ ၂၀၀၉။

“အပျိုကြီးများ စိတ်ကူးယဉ်၊ လင်လိုချင်တာ သူ့ထက်ကဲ“ ဆိုသလိုမျိုး ကြားဖူးပေမယ့် ကိုယ်တိုင်လည်း အတွေးလွန်းအားကြီးတာကို ကိုယ်တိုင် သိနေတာကြောင့် အပျိုကြီးတွေကိုသာ ခင်သူတွေက အစအနောက်သန်သန်နဲ့ ပြောဆိုတတ်ကြပုံတွေကို ပြန်ကြားယောင်ရင်း ဂျန်ဒါ(ကျား/မ လိင်ခွဲခြားတဲ့ကိစ္စ)က ကြီးနေတုန်းပဲဆိုတာ သတိထားလိုက်မိပါတယ်။

အော် ဒီလိုမျိုး လိုက်တွေးမိတာကြောင့် လူပျိုသိုးကြီးကလေ…စိတ်တယ်နုတတ်ပါလားနော်လို့ ငိုချင်းကြီးတောင် ချလိုက်ချင်ပါရဲ့။

ဒီဇာတ်လမ်းလေးရေးဖို့ အားထုတ်နေတာ နှစ်ပတ်လောက်တောင် ရှိသွားပါပြီ။ တစ်ရက်ပြီးတစ်ရက်သာ ရက်တွေရွှေ့လာတယ်၊ မုဒ်(mood ဈာန်လို့လည်းပြောလို့ရတာပေါ့လေ)က ဘယ်လိုမှ သွင်းမရဘူးဖြစ်နေတယ်။ စာရေးရင် မုဒ်ရှိမှကောင်းတယ်ဆိုတာ အကြိမ်ကြိမ်ကြုံခဲ့ဖူးလို့ သိနေပေမယ့် ဒီလိုသာရက်တွေဆက်ရွှေ့နေရင် ရေးဖြစ်တော့မှာ မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း အတတ်ပြောနိုင်တာကြောင့် ဖြစ်ညှစ်ရေးထုတ်လိုက်ရပါတယ်။ လိုအပ်သလို ဝေဖန်ကြပါကုန်။
============================================

“ဒီဘက်တိုးထိုင်လေ…ဘာလို့အဝေးကြီးရွှေ့ထိုင်နေတာလဲ“

နီနီက ရင်းရင်းနှီးနှီး ရဲရဲတင်းတင်းကြီး စိုက်ကြည့်ပြီး ပြောလာတော့ မျိုးမင်းတောင် တစ်မျိုးဖြစ်သွားတယ်။

“ရပါတယ်..ဒီဘက်က ရှုခင်းတွေ ပိုကောင်းလို့“

ဒီလိုပဲ မျိုးမင်း ပြန်ဖြေလိုက်တယ်။

ရိုးမပေါ်တက်လာပြီး တောင်ကြောတွေထဲ ဖြတ်သန်းမောင်းနှင်နေတဲ့ တိုယိုတာဖိုးဝှီးဒရိုက်(လေးဘီးယက်)ကားနောက်ဘက် အထုပ်အပိုးတွေပေါ် သတိထားလိုက်ပါလာရင်း နီနီနဲ့ မျိုးမင်းတို့နှစ်ယောက် ရှုခင်းတွေကြည့်လို့ လိုက်လာကြတာဖြစ်တယ်။

ရိုးမထဲက ခုတ်လို့ကုန်သွားတဲ့ သစ်တောတွေနေရာမှာ သစ်ပင်ပေါက်တွေ ပြန်စိုက်ရင်း သစ်တောထိန်းသိမ်းရေးတွေလုပ်နေတဲ့ အနာဂတ်မြန်မာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ဦးမောင်ကြည်က ခေါ်လို့ နီနီတို့ လိုက်လာကြတာ..ဦးမောင်ကြည်က နိုင်ငံခြားသားအလှူရှင် တစ်ယောက်ကိုပါ ခေါ်လာတော့ ရှေ့ခန်းမှာ ကားဆရာရယ်၊ ဦးမောင်ကြည်ရယ်၊ နိုင်ငံခြားသားရယ်ဆိုတော့ ကျပ်သွားပြီ။

နီနီနဲ့ မျိုးမင်းက နောက်ဘက်က ထိုင်လိုက်ရတယ်။ ထိုင်ခုံလည်း ရှိတာတော့ မဟုတ်ဘူး။ ရိုးမထဲမှာရှိတဲ့ ရုံးခန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ၊ အခုခရီးစဉ်အတွက် လိုအပ်တဲ့ပစ္စည်းတွေ သယ်လာလို့ ကားနောက်ဘက်ကလည်း မို့ဖောင်းနေတာပါပဲ။ အဲဒီအပေါ်ကနေပဲ နီနီရော မျိုးမင်းပါ ထိုင်လိုက်လာကြတာ၊ တကယ့်ဖြစ်သလိုပါပဲ။

သတင်းထောက်တွေဆိုတော့လည်း ကိန်းကြီးခန်းကြီးနိုင်တဲ့ ခရီးစဉ်တွေလည်း လိုက်ရသလို အခုလို ဖြစ်သလို လိုက်ပါရတဲ့ ခရီးစဉ်တွေလည်း ရှိတတ်တယ်ဆိုတာ မျိုးမင်းတော့ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရပြီ။ အခုခရီးစဉ်ကတော့ ဦးမောင်ကြည်က နီနီ့ကို ခေါ်တာကို နီနီက မျိုးမင်းကို လိုက်မလားလို့ ပြန်မေးရင်း အယ်ဒီတာဆီ တင်ပြခွင့်တောင်းပြီး လိုက်လာခဲ့တာပါပဲ။

ရိုးမ၀န်းကျင် စိမ်းလန်းစိုပြေရေး နှစ် ၃၀ စီမံကိန်းထဲက ပထမငါးနှစ်စီမံကိန်းဖြစ်တဲ့ ကျွန်းပင်တစ်သိန်း စနစ်တကျစိုက်ပျိုးရေးရဲ့ ပထမနှစ် စိုက်ပျိုးရေးအတွေ့အကြုံများ နှီးနှောဖလှယ်ပွဲကို သတင်းယူရင်း သူတို့အဖွဲ့အစည်းက ဒေသခံတွေကို စည်းရုံးလို့ အနာဂတ်အတွက် သစ်တောတွေကို တစ်ခါပြန်ပြီး လက်တွေ့တည်ထောင် ထိန်းသိမ်းလုပ်ဆောင်နေကြတဲ့အကြောင်း သဘာဝပတ်ဝန်းကျင်ဆောင်းပါး ရေးဖို့လိုက်လာကြတာဖြစ်ပါတယ်။

မျိုးမင်း နိုင်ငံခြားကနေ ဂျာနယ်လစ်ဇင်ဒီပလိုမာယူပြီး ပြန်လာတော့ အမေက ဂျာနယ်တစ်ခု ထောင်ဖို့စည်းရုံးတယ်။ မျိုးမင်းက စိတ်ညစ်ရမယ်၊ မလုပ်ဘူးဆိုပြီး ခဏ အမောဖြေနေသေးတယ်၊ နိုင်ငံခြားက ကောလိပ်တက်ပြီး ပြန်လာတဲ့သူတချို့ရဲ့ သဘာဝအတိုင်း ထိုးပုံအပ်လည်း နေပါဦး လေ့လာပါရစေဦးလို့ဆို၊ ဟိုဟာလုပ်ပါလားဆိုလည်း ကျွန်တော်က အကြီးကြီးတွေ စဉ်းစားနေတာလို့ လျှောက်ပြောရင်း နောက်ဆုံးတော့ ကံအကြောင်းလှစွာနဲ့ “ကောင်းကင်“သတင်းဂျာနယ်ကို ရောက်လာခဲ့ပါတော့တယ်။

အဲဒီမှာ အယ်ဒီတာလုပ်နေတဲ့ ကိုမင်းဒင်နဲ့သိတဲ့ အစ်ကိုတစ်ယောက်က ဆက်သွယ်ပေးလို့ရောက်လာတာပါ။ ကိုမင်းဒင်ကလည်း အယ်ဒီတာလုပ် နေတာ နှစ် ၂၀ လောက်ရှိပြီ၊ အင်္ဂလိပ်စာအဓိကနဲ့ နေ့ကျောင်းတက်ပြီး(သူတို့ခေတ်က စာပေးစာယူ/အခုတော့ အဝေးသင်ပေါ့လေ/က သိပ်ခေတ်မစားသေးဘူး) ၀ါသနာပါရာကို ၀င်လုပ်နေတာ။ သူ စလုပ်တာကတော့ Working People Daily ဆိုတဲ့အစိုးရရဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့သတင်းစာပေါ့။ ဒီဘက်ခေတ်ရောက်မှသာ အစိုးရအလုပ်က အနားယူပြီး(အထုတ်ခံရတာလား မသိပါဘူး) ကောင်းကင်သတင်းဂျာနယ်မှာ အယ်ဒီတာ ၀င်လုပ်နေတာတဲ့။

ကိုမင်းဒင်က မျိုးမင်းကိုတော့ သူတောင်မရထားတဲ့ ဂျာနယ်လစ်ဇင်ဒီပလုံး(အော် ဟုတ်ပါဘူး ဒီပလိုမာ)ရတယ်ဆိုပြီး အထင်တွေကြီးနေလို့၊ လုပ်စမ်းပါ ညီလေးရာဆိုပြီး အိမ်ပါ အတင်းလာခေါ်တာကတကြောင်း၊ စမ်းလုပ်ကြည့်တာပေါ့ဆိုပြီး လုပ်ကြည့်တာကတကြောင်း၊ ကောင်းကင်ဆိုတဲ့နာမည်ကိုကြိုက်ပြီး ငါ့လောက် ကြီးကျယ်သူကလည်း ကောင်းကင်လောက်နဲ့မှ ဆံ့မှာပါဆိုပြီး အတိတ်နမိတ်တဘောင်တွေယူပြီး သကာလ လုပ်တာပေါ့ ကိုမင်းဒင်ရာဆိုပြီး ရုံးဖွင့်တဲ့ တနင်္လာတစ်ရက်မှာ ဂျာနယ်တိုက်ကို မယောင်မလည်နဲ့ စရောက်တာခဲ့တာပါပဲ။

ဂျာနယ်တိုက်ရောက်မှ မျိုးမင်း ဖျားသွားတယ်၊ “ဟာ ဂျာနယ်တိုက်က အကြီးကြီးပါလား၊ လူငယ်တွေ ချာတိတ်တွေ အများကြီးနဲ့ အလုပ်လုပ်နေ တာပဲဆိုပြီး အံ့သြသွားပါတယ်။ တကယ်တော့ မျိုးမင်းလည်း ချာတိတ်ကြီးတစ်ယောက်ပါပဲ၊ ဟိုတစ်လောကမှ ၂၅ နှစ်ပြည့်ခဲ့တဲ့ဟာ။ ဒါပေမယ့် သူ့ကိုယ်သူတော့ အသက် ၃၀ လောက် ပုံဖမ်းထားပြီး မျက်နှာသေသေ မှင်သေသေနဲ့ လူကြီးပုံစံဖမ်း စကားပြောတတ်အောင် လေ့ကျင့်ထားခဲ့ တယ်။

ကိုမင်းဒင်က သူ့ရုံးကို ပထမဆုံးရောက်တဲ့နေ့မှာပဲ ထိုင်ဖို့ စားပွဲနဲ့ကုလားထိုင်တစ်လုံး စီစဉ်ပေးတယ်၊ ရုံးက လူတွေနဲ့ အကုန်လုံးကို မိတ်ဆက်ပေးတယ်။ မိတ်ဆက်ပေးပြီး တအောင့်လောက်ကြာတဲ့အခါမှာ အဲဒီမှာ အနာဂတ်ထွန်းပြောင်ဦးမယ့်၊ မိဘကို လုပ်ကျွေးပြုစုနိုင်ဦးမယ့် သားကောင်းရတနာလေး မျိုးမင်း မျက်စိထဲ ကျန်တာ ဘာမှ မမြင်နိုင်လောက်တော့အောင် သူ့မျက်လုံးထဲရော၊ ခေါင်းထဲရော၊ ဦးနှောက်ထဲရော၊ စိတ်ထဲရော၊ ကိုယ်ထဲအထိ (ကြက်သီးတောင်ဖြန်းဖြန်းထသွားတာကိုး)ပါ ၀င်ရောက်သွားသူကတော့ တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်လုံးနဲ့ အရပ်မြင့်မြင့် ကြည့်ကောင်းတဲ့ အဲဒီနေ့က အနီရောင်ဝမ်းဆက် ၀တ်ထားတဲ့ ရုံးမှာ အပျိုကြီးပေါက်စ စာရင်းဝင် နီနီပဲ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရုံးရောက်တဲ့ ပထမနေ့မှာ နတ်ပြည်ကို အရှင်လတ်လတ်ရောက်သွားသလို နှလုံးတုန် ရင်တုန်နဲ့ ပြောသမျှစကားတွေ တစ်နေ့လုံးလွဲအောင် ပြောနေခဲ့သူကတော့ မျိုးမင်းဆိုတဲ့ အခုကားပေါ်မှာပါနေတဲ့ သတင်းထောက်လက်သစ်ပဲ ဖြစ်ပါတယ်။

အဲဒီတုန်းက လွဲတာတွေကို ကားစီးလာရင်း လေတဖြူးဖြူးကို အရသာခံပြီး မျိုးမင်း ပြန်တွေးမိပါသေးတယ်။ ပြီးတော့ သူ့ဟာသူရယ်၊ နောက်တော့ နီနီကိုကြည့်၊ သူ့ဟာသူ အကြည့်လွှဲပြီး ရှက်နေ၊ နီနီ့ကို ကြည့်တုန်းကတော့ နီနီမျက်နှာ သိပ်မကောင်းတာ သတိထားလိုက်မိသေးတယ်။ ဒါပေမယ့် မျိုးမင်း ကိုယ့်အတွေးနဲ့ကိုယ်…ဘာကိုမှ ထပ်ပြီး သတိထားမနေနိုင်တော့ဘူး။

အဲဒီတုန်းက ကိုမင်းဒင်က “မင်းမင်း မင်း ဘာလုပ်မှာလဲ“လို့ မေးတာကို မျိုးမင်းက မျက်စိထဲရော၊ စိတ်ထဲရော၊ ပါးစပ်ထဲပါ ချက်ချင်းရောက်သွားတဲ့ (ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် သူ့ကိုတွေ့ပြီးပြီးချင်း ကိုယ့်ဘာသာ ချက်ချင်းနာမည်ပေးလိုက်တာကိုး)“နီနီ့ကို လုပ်မယ်“လို့ ယောင်လည်းယောင်တတ်ပါဘဲနဲ့ ပါးစပ်က လွှတ်ကနဲထွက်သွားတော့ တစ်ရုံးလည်း ၀ိုင်းရယ်လိုက်ကြတာ ၀ါး ၀ါး ဆိုပြီး ထွက်လာတဲ့ အသံကြီးက မုန်တိုင်းကြီးတစ်လုံးစာလောက်ရှိခဲ့ပါတယ်။

အဲဒီမှာပဲ ရပ်မနေပါဘူးခင်ဗျာ…ကိုမင်းဒင်နဲ့ စကားပြောပြီး ခဏနေတော့ သတင်းထောက် ၀ဏ္ဏတို့အဖွဲ့နဲ့ အဖွဲ့ကျပြီး ပထမဆုံး မေးဖြစ်တဲ့ မေးခွန်းကတော့ သတင်းတွေလိုက်ရတာ အဆင်ပြေလားတို့၊ ကျွန်တော့်လည်း သွန်သင်ပေးကြဦးနော်တို့၊ တစ်ပတ် ဘယ်နှပုဒ်လောက် ရေးရလဲဗျ တို့မဟုတ်ပါဘူး။ နောက်ထပ် ၀ါးလုံးကွဲအောင် ရယ်သံတွေထွက်သွားတဲ့ ဒုတိယမြောက် မေးခွန်းအမှားကတော့…

“ဟို နီနီလေးက ဘယ်သူလဲဗျ“တဲ့

ဗျာ..၀ါး..ဟား..ဟား ဆိုပြီး ရယ်သံတွေ ထွက်ပြန်ပါတယ်။

ဟဲ ဟဲ ဆိုပြီး စပ်ဖြဲဖြဲမျက်နှာပေးနဲ့ မျိုးမင်းက “ရယ်ပါနဲ့ဗျာ၊ အဲဒီ နီနီ့ နာမည် ဘယ်လိုခေါ်သလဲ“ဆိုပြီး ထပ်လုပ်ပြန်ပါရော။

ကောင်းကင်ဂျာနယ်က မသိရင် တကယ်ရယ်ရတဲ့အငြိမ့်ခွေတွေ တစ်ခွေပြီးတစ်ခွေ လှိမ့်ရိုက်နေသလိုပါပဲ။ ရယ်သံတွေချည်း ဆက်တိုက်ထွက်နေပါ တယ်။ သတင်းထောက်တွေခမျာလည်း ဘယ်လောက်တောင် အရယ်ငတ်နေလဲ မသိပါဘူး၊ ရယ်လိုက်တာ ခွက်ထိုးခွက်လှန်။ နီနီဆိုတဲ့ ခပ်တောင့်တောင့်ကောင်မလေးကတော့ အသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကိုရော..သူ့သူငယ်ချင်းတွေဖြစ်တဲ့ သတင်းထောက်တွေကိုတော့ ခပ်တည်တည်စိုက်ကြည့်ပြီး(ခုနကားပေါ်မှာ ကြည့်တဲ့အကြည့်မျိုးပါပဲ) ကိုမင်းဒင်ဆီ သွားတာကို တွေ့လိုက်ပါတယ်။

နီနီ့အကြောင်းတွေးရတာ ဘယ်အချိန်တွေးတွေး စိတ်ချမ်းသာရတယ်လို့တော့ မျိုးမင်းထင်မိတာပဲ။

ကားက ၃ နာရီလောက် မောင်းလာပြီးတဲ့အခါ စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လယ်စာ စားဖို့ရပ်လိုက်တယ်။ ခုနက လေတဖြူးဖြူးနဲ့ တစ်ချက်ငိုက်သွားတဲ့ မျိုးမင်းကို နီနီက “ဟိတ်..ဆင်းမယ်“ဆိုမှ ဟိုဘက်ဒီဘက် အပြေးအလွှားကြည့်ပြီး မျိုးမင်း ကားအောက်ဆင်းလိုက် တယ်။ နီနီကလည်း လိုက်ဆင်းတယ်။

မျိုးမင်းက ဂျင်းဘောင်းဘီ၊ တီရှပ်အနက်လက်ရှည်၊ ဂျင်းဂျက်ကတ်၊ ရှုးဖိနပ်နဲ့ဆိုတော့ သူ့အရပ်ကလန်ကလားနဲ့ ကြည့်ကောင်းပြီး ပေါ့ပေါ့ပါးပါးရှိနေတယ်။ နီနီကတော့ ကာကီရောင်စတိုင်ဘောင်းဘီနဲ့ ဘလောက်စ်အင်္ကျီနက်ပြာမှာ ဖြူနီစင်းကြောင်းလေးတွေနဲ့ ၀တ်ထားပြီး အပေါ်ကတော့ အနက်ရောင်ဂျက်ကတ်တစ်ထည် ၀တ်ထားတယ်။ ကားအောက်အဆင်းမှာ မျိုးမင်းက နီနီဆင်းရလွယ်အောင် လက်ကလေး ကူကမ်းကိုင်ထိန်းပေးလိုက်သေးတယ်။

စားသောက်ဆိုင်ဆီကို မျိုးမင်းက ရှေ့ကနေလျှောက်လာခဲ့ပြီး အနောက်ကို ၀င်တယ်၊ နီနီလည်း ၀င်သွားတာကိုတော့ တွေ့လိုက်တယ်။ နောက်တော့ မျိုးမင်းက ထမင်းတစ်ပွဲကို ၀က်သားဟင်းနဲ့ မှာစားတယ်။ နီနီလည်း ပြန်ရောက်လာပြီး မျိုးမင်းထိုင်တဲ့စားပွဲမှာထိုင်တယ်။

ရာသီဥတုက နည်းနည်းပူနေပြီ။ နီနီက နောက်ဘက်ကနေ ပြန်ထွက်အလာမှာ သူ့ဂျက်ကတ်ရဲ့ ကိုယ်ထည်ကို တင်ပါးဖုံးပြီး ဂျက်ဂတ်ရဲ့ လက်နှစ်ဖက်ကို ခါးမှာစည်းလာတာ မျိုးမင်းသတိထားမိလိုက်တယ်။ ထိုင်တော့လည်း အဲဒီအတိုင်းထိုင်တယ်။ နီနီက ပြောတယ်။ ခေါင်းလည်း မူးတယ်၊ ဗိုက်လည်းအောင့်တယ်၊ အန်ချင်သလိုပဲ၊ ဘာမှလည်း မစားချင်ဘူးလို့ပြောပြီး Coke တစ်ဗူးမှာသောက်တယ်။

မျိုးမင်းကတော့ နီနီ့ပုံစံတွေကို အကဲခတ်လိုက်ပြီး အင်း…မိန်းကလေးရဲ့ အခြေအနေတွေကြည့်ရတာ မိန်းကလေးတို့ တစ်လတစ်ခါဖြစ်တဲ့ သဘာဝဖြစ်မယ်လို့ သူ့ဟာသူ တွေးလိုက်တယ်။ ဒါကြောင့် နီနီက ဒီလိုလေးဖြစ်နေတာပေါ့လို့ သူက လူတတ်ကြီးလုပ်ပြီး တွေးလိုက်တာ ဖြစ်ပါတယ်။

မျိုးမင်းက နီနီ့ကို စိတ်ထဲကနေ ကြိတ်ပြီးသနားနေသေးတယ်။ တကယ်တော့ နီနီက မျိုးမင်းထက် ၃ နှစ်လောက်ကြီးတယ်။ သတင်းထောက် လုပ်လာတာလည်း ၅ နှစ်လောက်ရှိပြီ၊ တကယ်ဆို သူ့ရုပ်သူ့ရည် သူ့အရပ်နဲ့ဆို ၀ါသနာပါရင် မော်ဒယ်လ် ကောင်းကောင်းလုပ်လို့ရတာပေါ့။ ခုတော့ သတင်းထောက်အလုပ်ကိုပဲ စိတ်ဝင်စားလို့ သတင်းထောက်ပဲလုပ်နေတာ ၀ါက ရင့်နေပြီ။ ပြည်တွင်းကော ပြည်ပကော ခရီးတွေ၊ သင်တန်းတွေလည်း လေးငါးဆယ်ခါမကဘူး၊ သွားပြီးနေပြီ။ အခုခရီးစဉ်မှာလည်း နီနီက ဆရာ၊ မျိုးမင်းက အဖော်လိုလိုက်လာခဲ့ရတာ၊ တောထဲရောက်ဖူးချင်တာရော…သဘာ၀၀န်းကျင်အကြောင်းလက်တွေ့ကျကျသိချင်တာရောပေါင်းပြီး ကိုမင်းဒင်ဆီ ခွင့်တောင်းပြီး မျိုးမင်း လိုက်လာခဲ့တာဖြစ်တယ်။

တောထဲလိုက်ရတာမို့ ကားသာဖြစ်သလိုစီးလိုက်လာပေမယ့် စားတာသောက်တာကုန်ကျတာမှန်သမျှ ရုံးကစရိတ်ထုတ်ခဲ့ပြီးသား၊ ဒါကြောင့် စားသောက်ဆိုင်မှာ ဦးမောင်ကြည်တို့နဲ့ မထိုင်ဘဲ သူ့တို့ဘာသာနှစ်ယောက်သက်သက်ထိုင်ကြတာ၊ ခုနတောင် ဦးမောင်ကြည်က နီနီ့ဆီလာပြီး “ကားစီးရတာ အဆင်ပြေရဲ့လား၊ အဆင်မပြေကလည်း တောင်းပန်ပါကြောင်း၊ နဂိုက နီနီ့ကို ရှေ့ခန်းမှာ သူနဲ့အတူ လိုက်ဖို့ လျာထားခဲ့ပေမယ့် အလှူရှင်နိုင်ငံခြားသားက အရေးပေါ်ရောက်လာပြီး လိုက်ချင်တယ်ဆိုတာနဲ့ ခေါ်ခဲ့ရကြောင်း၊ တောင်းပန်ပါကြောင်း သုံးလေးခေါက် ထပ်ကာ ထပ်ကာ ပြောပြီး“ပြန်ထွက်သွားပါတယ်။

မျိုးမင်းမှာ နိုင်ငံခြားသားကို အလွန်ကျေးဇူးတင်ရပါတယ်။ နဂိုဇာတ်ညွှန်းအတိုင်းဆို မျိုးမင်းခမျာ မင်းသမီးထဘီထုပ်ဆွဲကိန်း၊ နီနီက ရှေ့ခန်းက ကြော့ကြော့လေး ဦးမောင်ကြည်ဆိုတဲ့လူကြီးနဲ့ စကားလေးတပြောပြော ရယ်သံလေးတနှောနှောနဲ့ သွားမယ့်ပုံ၊ သူကတော့ ကားနောက်ဘက် အထုပ်တွေပေါ်မှာ ဘုန်းမောင့်တစ်ကိုယ်တည်းရယ်နဲ့ လွမ်းရမယ့်ဇာတ်။ အော်စကာရလုလု တော်တော်ကြီးကို နာမယ့်ဇာတ်။ အော် ဘုရား၊ သိကြား၊ နတ်ကောင်းနတ်မြတ်များ အမှန်တကယ် စောင့်ရှောက်ကြပါကလားလို့ စိတ်ထဲအကျယ်ကြီးအော်ဟစ်လိုက်ရင်း မျိုးမင်း ပျော်ပျော်ကြီး တွေးနေမိတယ်။

“ဟိတ်..ဟိုမှာ ကားထွက်တော့မယ်၊ လာ..သွားမယ်“ဆိုပြီး နီနီက ပြောမှ မျိုးမင်းလည်း အတွေးပင်လယ်ထဲမှာ မေခလာအကယ်စောင့်နေချိန် ကနေထွက်ပြီး နီနီ့နောက်က လိုက်ရပါတယ်။ ကားပေါ်ရောက်တော့ နီနီကလည်း သူ့ဟာသူ ငြိမ်ငြိမ်လေးထိုင်၊ သူ့ဝေဒနာသူခံစား၊ မျိုးမင်းလည်း ကားအရှိန်နဲ့ လေတဖြူးဖြူးတိုက်တဲ့အရသာကို ခံလိုက်၊ သစ်ပင်ပေါက်လေးတွေ အညွန့်တလူလူတက်နေတာကို ကြည့်လိုက်၊ တွေးချင်ရာ တွေးလိုက်နဲ့ လိုက်ခဲ့ပါတော့တယ်။

နီနီက မျိုးမင်းကို ပုံမှန်အတိုင်းပဲ ဆက်ဆံပါတယ်။ မိန်းကလေးမို့ ဟန်ဆောင်ကောင်းတာလား၊ သူ့ခမျာ ဝေဒနာခံစားနေရလို့လား မသိပါ၊ ရွှင်ရွှင်ပြပြ မရှိတော့သလို ငြိမ်ငြိမ်သက်သက်ပဲ ရှိနေပါတယ်။ ပုံမှန်အတိုင်းမဟုတ်ဘဲ ဂနာမငြိမ်ဖြစ်နေတာက မျိုးမင်းပါ။ သူက နီနီ့ကြိုက်နေတာကိုး၊ ရောက်တာကလည်း တစ်လလောက်ပဲရှိသေးတော့ ပြောလည်းမပြောရဲ၊ ပြောရကောင်းမလား ဒီအတိုင်းပဲ သူတော်ယောင်ဆောင်ပြီးကြောင်နေရမလားဆိုတာလည်း မဝေခဲနိုင်။ တစ်ခါတလေတော့ လင်းတကြီးမှိုင်သလို ဘယ်လိုမှ ပေါ့ထရိတ်(ပုံတူပန်းချီ)ရေးလို့မကောင်းတဲ့ ရုပ်ကြီးလုပ်လုပ်နေလို့၊ ၀ဏ္ဏတို့၊ စည်သူတို့၊ ဥက္ကာတို့နောက်တာကို ခံရတာလည်း အကြိမ်ကြိမ်။ မပေါက်သေးတဲ့ နှစ်လုံး(ထီ)သမားလို့ တခွင်တည့်နိုး တခွင်တည့်နိုးစောင့်ရင်း လိုက်နေရတဲ့ ဘူနေတဲ့ရုပ်နဲ့ နည်းနည်းလေးမှ(အို ဘယ်လိုမှ)ကြည့်လို့ မကောင်းပါဘူး။

နောက်တော့ အနာဂတ်မြန်မာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရုံး(ရိုးထဲက အခြေခိုက်စခန်း)ကိုရောက်မှ အထုပ်အပိုးတွေ ကိုယ်စီချပြီး ဦးမောင်ကြည်ပေးတဲ့ သစ်လုံးအိမ်လေးတွေဆီကို ရောက်လာကြတယ်။

သစ်လုံးအိမ်တစ်ထပ်တစ်အိမ်မှာ ရှေ့ဘက်က ကပြင်လေး(၀ရန်တာပုံလေး)မှာ ထိုင်ခုံတွေ ချထားတယ်။ အထဲမှာ အိပ်ခန်း ၃ ခန်းရှိတယ်။ နှစ်ယောက်အိပ်ခန်း တစ်ခန်း၊ တစ်ယောက်အိပ်ခန်း ၂ ခန်း၊ တစ်ယောက်အိပ်ခန်း တစ်ခန်းမှာ သစ်တောကျောင်းဆင်း ပညာရှင်တစ်ယောက် နေတယ်လို့ သိရတယ်။ ဒီတော့ နီနီက နှစ်ယောက်အိပ်ခန်းကို ယူလိုက်ပြီး မျိုးမင်းကတော့ အိမ်ကပြင်လေးနဲ့ အနီးဆုံးက တစ်ယောက်အိပ်ခန်းမှာ နေရယူလိုက်တယ်။

ဦးမောင်ကြည်ကတော့ သူ့အလှူရှင်ကို ဂရုစိုက်နေရပြီး ဟိုဘက်က သစ်လုံးအိမ်လေးမှာပဲ နေရာယူပုံရတယ်။ အိပ်ခန်းလေးက အိပ်ရာခင်းအဖြူရောင် ခင်းထားတဲ့ ကုတင်တစ်လုံး၊ စာကြည့်စားပွဲနဲ့ကုလားထိုင်၊ တစ်ယောက်စာဗီရိုအသေးတစ်လုံး ဒါပဲရှိတယ်။ ဒါနဲ့ပဲ အခန်းလေးက ပြည့်နေတယ်။ စာကြည့်စားပွဲမှာ စာကြည့်မီးတစ်လုံးပဲရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မို့လား မသိဘူး၊ အခန်းထဲမှာ အဲဒီမီးလုံးတစ်လုံးပဲရှိတယ်။ အခန်းထဲ အိမ်သာမရှိဘူး။

နီနီ့အခန်းထဲမှာတော့ အိမ်သာကော၊ ရေချိုးခန်းပါ ရှိတယ်လို့သိရတယ်။ နောက်ဘက်ဝင်ကြည့်ရင်း အိမ်သာရှိမရှိကြည့်တော့ နီနီ့အခန်းကျော်ပြီးမှ အိမ်သာနဲ့ရေချိုးခန်းတွဲပြီးပါတဲ့ အခန်းတစ်ခန်းတွေ့တယ်။ နောက်တစ်ခန်းဖြစ်တဲ့ သစ်တောကအစ်ကိုအခန်းမှာလည်း အိမ်သာပါတယ်ဆိုတော့ မျိုးမင်းရတဲ့အခန်းက စာကြည့်ခန်း(စာဖတ်ခန်း)ကိုများ ကုတင်ထည့်ပြီးထားလိုက်တာလားလို့ တွေးမိသေးတယ်။

ခဏနေတော့ နီနီက မျိုးမင်းအခန်းလာကြည့်ပြီး “ဟိတ်..ဘာလုပ်နေလဲ“လို့ မေးတယ်။ ညနေ ၄ နာရီတောင် မထိုးသေးဘူး မိုးရိပ်ကြောင့် ပတ်ဝန်းကျင်က မှောင်ချင်နေပါပြီ၊ ကားစီးလာရတာ ပင်ပန်းပေမယ့် အိပ်ရာပေါ်လည်း ပစ်မလှဲချင်ပါဘူး။ အခန်းထဲတစ်ယောက်ထဲလည်း မနေချင်ပြန်ဘူး။ နီနီလည်း ဒါကြောင့်မို့ သူဘာလုပ်နေလဲ လာကြည့်တာထင်တယ်လို့ မျိုးမင်း တွေးလိုက်မိတယ်။

“ဘာမှမလုပ်ပါဘူး နီနီ၊ ကျွန်တော်လည်း ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာ“လို့ ပြန်ပြောလိုက်တယ်။

နီနီက မျိုးမင်းထက်ကြီး(အသက်)ပေမယ့် နီနီလို့ပဲ ရုံးမှာ အားလုံးခေါ်သလိုပဲ လိုက်ခေါ်လိုက်ပါတယ်။ သူကလည်း သူ့ကို အဲဒီလိုခေါ်တာကြိုက် တယ်လို့ တစ်ရုံးလုံးကိုပြောထားတာမို့ မျိုးမင်းကလည်း မနီတွေဘာတွေလုပ်မနေတော့ပါဘူး။

ခဏနေတော့ မိုးရိပ်ကြောင့် စောစောစီးစီးရိုးထဲ အေးစိမ့်နေတဲ့ညနေခင်းလေးမှာ နီနီနဲ့ မျိုးမင်းတို့နှစ်ယောက် နီနီယူလာတဲ့ ချက်(စစ်တုရင်)ကို ကပြင်လေးပေါ်မှာပဲ ကစားကြပါတယ်။ သုံးလေးပွဲ ကစားပြီးတော့ မျိုးမင်းခမျာ ကစားသာ ကစားနေရတယ် သိပ်စိတ်ပါလှတာ မဟုတ်ပါဘူး။

သူ့စိတ်ထဲမတော့ ဒီလို ဘောလုံးသမားအကြိုက်ရာသီဥတုမှာ နီနီ့လို တောင့်တောင့်ဖြောင့်ဖြောင့် ကောင်မလေးနဲ့ ချစ်ကစား(ချစ်ဘုရင်မ တင်မြှောက်လို့ ကျွန့်စာရင်း ကိုယ့်ဘာသာ ဇွတ်သွင်း)နေတာကို နီနီ့တစ်ယောက် သိကောသိရဲ့လားလို့ တွေးနေမိပါတယ်။

ဒါမှမဟုတ် ဟိုတစ်ယောက်ကလည်း ဒီယုန်မြင်လို့ ဒီချုံထွင်တာလားဆိုတာကိုတော့…… သူတို့နှစ်ဦးသာ အသိဆုံးဖြစ်မှာပါပဲ……။

အတွေးတိမ်တဲ့ လူပျိုကြီးခမျာ အဲဒီနား(ချက်ကစားပွဲ)ကနေ ဆက်မတွေးဝံ့တော့ဘဲ ကလနားသပ်ကာ ဇာတ်နားလိုက်ပါတော့တယ်။

ဖတ်သူတွေ ဇိမ်မကျခဲ့ရင်ဖြင့် ရှက်မူယာပိုနေသူကြီး မောင့်ကို လှိမ့်ပြီးသာ ကြိတ်ကြိတ်ဆဲကြပါကုန်။

ည ၁၀ နာရီခွဲ၊ အောက်တိုဘာ ၂၆၊ ၂၀၀၉။

“နေကောင်းလား“

“နေကောင်းလို့ တွေ့တာပေါ့ကွာ၊ မင့်အမေ့လင် မင်းအဖေ“

မြန်မာချင်း တွေ့ကြ နှုတ်ဆက်ကြသောအခါ စတင်ပြောဆိုစရာ စကားလုံးတွေက ပေါကြွယ်ဝလှသော်လည်း မလုံလောက်သေးလို့ ကိုယ်တစ်ယောက်တည်း ထင်နေမိတယ်။ တီထွင်ကြည့်ရင်ကောင်းမလားလို့တောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်နဲ့ တွေးနေမိသေးတယ်။ ခပ်ရွယ်ရွယ် အရွယ်ရောက်လာတဲ့ ကိုယ်တို့အတွက်တော့ နေကောင်းလားလို့ မေးလာရင် စောနလို ပြန်လည်ရန်ထောင် နှုတ်ဆက်တတ်ကြပါတယ်။

ဟုတ်တော့လည်း ဟုတ်နေတာပါပဲ။ မြန်မာတွေက တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးကြသလို အဲဒီလို ချစ်ခင်ရင်းနှီးကြတဲ့အလျောက် လည်း ပွင့်လင်းနွေးထွေးစွာနဲ့ ရန်လို(aggressive)တဲ့ပုံစံသုံးကာ ချစ်စရာ ရန်ပြန်ထောင်တတ်ပါတယ်။

“ထမင်းစားပြီးပြီလား“လို့ ပဋိသန္ဓာရစကားပြောမိရင် “မစားရသေးရင် မင်း ကျွေးမှာမို့လား“လို့ ပြန်ပြီး တုန့်ပြန်တတ်ပါတယ်။ ချစ်ဖို့ကောင်း တယ်လို့တော့ထင်တာပဲ။ “မင်္ဂလာပါ“လို့ သွားလုပ်မိရင်လည်း “မင်းက လူကို မင်္ဂလာမရှိတဲ့ကောင်“လို့ မှတ်တာပေါ့လေလို့ ရိသဲ့သဲ့နဲ့ လုပ်တတ်ပါသေးတယ်။

ရှိပါသေးတယ်။ “ဘယ်သွားမလို့လဲ“မေးမိရင်“မင့် သတင်းပို့နေရဦးမှာလား၊ တော်တော်ရှုပ်တဲ့ကောင်ပဲ“လို့ မျက်နှာတည်တည်နဲ့ ပြန်ပြောတာမျိုးကလည်း ရှိပါသေးတယ်။ “အဆင်ပြေလား“ဆိုတာကိုတော့ “မပြေတော့ မင်းက ပိုက်ဆံချေးမှာမို့လား“ လို့ဆိုတတ်ပြန်ပါ တယ်။

အင်္ဂလိပ်တွေကတော့ good morning! တို့၊ how are you? တို့၊ hello! တို့၊ hi! တို့နဲ့ နှုတ်ဆက်ကြပါတယ်။ သူတို့မှာကော နောက်ပြောင်လို့ပဲ ဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ရန်သံလို့ဆိုဆို ခုနကပြောခဲ့သလို တုန့်ပြန်ကြသလားဆိုတာတော့ သိပ်မသိသေးပါဘူး။ တွေ့ရသလောက်တော့ hi! ဆို hey ဆိုပြီး ပြန်လုပ်ကြပါတယ်။ good morning ဆိုလည်း ပြန်ပြီး good morning လုပ်တာတွေ့ရပါတယ်။

good morning ဆိုတာ မင်္ဂလာနံနက်ခင်း လို့ ဘာသာပြန်လို့မရသလို how are you? ကလည်း နေကောင်းလား မဟုတ်ဘူးလို့ ဆရာသမား တစ်ယောက် ပြောတာ ကြားဖူးပေးမယ့် ဘယ်လိုမတူတာလဲ မေးတာကိုတော့ ဆရာသမားက သေချာမဖြေလို့ အခုထက်ထိ မသိရသေးပါဘူး။

မြန်မာတွေရဲ့ထူးခြားတာတစ်ခုကတော့ ခုနလို စကားနဲ့ နှုတ်မဆက်ဘူးဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ ပြုံးပြရယ်ပြကြတာကို တွေ့ရပါတယ်။ အပြုံးချင်းဖလှယ်ပြီး နှုတ်ဆက်လိုက်တာပေါ့လေ။

တောရပ်ဘက်မှာတော့ “အရီးလေးရေ…´´ “ယောက်မရေ…´´“ယောက်ဖရေ…“တို့နဲ့ နှုတ်ဆက်တတ်ကြပါတယ်။ သူငယ်ချင်းကောင်းယောက်မတို့ရေ..အစချီတဲ့ကဗျာတွေကို ငယ်ငယ်က သင်ကြားခဲ့ရသလို တလောကပဲ ယောက်ဖရေနဲ့ အစချီတဲ့ စတီရီယိုသီချင်းတစ်ပုဒ်ပေါက်သွားတာကိုလည်း တွေ့ရပါတယ်။

ဆိုချင်တာက မြန်မာချင်း ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ခေါ်ဝေါ်နှုတ်ဆက်တဲ့အခါမှာ ချစ်စရာကောင်းသလို ရင်းနှီးတဲ့အတွက် တုန့်ပြန်သံမှာလည်း ရန်သံတွေ ပါနေတတ်ပေမယ့် ချစ်ဖို့ကောင်းတယ်လို့ ခံစားရလို့ပါ။ ဒီရောက်တော့ ကိုယ်ကလည်း မြန်မာလို သိပ်ပြီး နှုတ်မဆက်တော့သလို ခုနပြောသလို တုန့်ပြန်မှုတွေလည်း မကြားရတော့ပါဘူး။

လွမ်းမိပါရဲ့။

မနက် ၉ နာရီ၊ အောက်တိုဘာ ၂၅၊ ၂၀၀၉။

တစ်ရက်နှစ်ရက်ရှိပြီ၊ တော်တော်အေးလာခဲ့ပြီ။

မိုးလေ၀သသတင်းအရဆိုရင် ၄ ကနေ ၁၄ ဒီဂရီစင်တီဂရိတ်အတွင်းမှာပဲ ရှိတော့တယ်။

ညဘက်ဆို ၄ ကနေ ၆ အတွင်းမှာပဲရှိတော့ အတွင်းခံဘောင်းဘီကော၊ ပုဆိုးကော၊ အနွေးထည်ကောဝတ်ပြီး ဒူဗေး(duvet ဂွမ်းကတ်)ပါခြုံအိပ် တာတောင် အနွေးဓာတ်က လိုနေသေးတယ်။

အိမ်ရှင်ကိုတော့ အပူငွေ့ထုတ်ပေးတဲ့စက်(heater)ဖွင့်ခိုင်းမှ ဖြစ်တော့မယ်လို့ ညကတွေးပြီး အေးလွန်းလို့အိပ်မပျော်တပျော်နဲ့ပဲ မိုးလင်းလိုက်ရ တယ်(တကယ်က မိုးက မလင်းသေးဘူး၊ နံနက် ၆ နာရီတောင်ခွဲနေပြီ)။ ရုံးနောက်ကျမှာစိုးတာနဲ့ ထရပြီ ပြင်ရဆင်ရပြီ။

မနက်က အိပ်ရာထပြီး ရုံးသွားဖို့ လုပ်တုန်းကိုင်တုန်းမှာပဲ အိမ်ရှင်လင်မယားအလုပ်ရှုပ်သံတွေ ကြားလိုက်ရတယ်။ ကလေးမျက်နှာမြင်ပြီထင်ပါ့လို့ တွေးလိုက်မိတယ်။ ကိုယ်ဝန်နေ့စေ့လစေ့မို့ ဒီရက်ပိုင်းအတွင်းမွေးမယ်လို့ကြားထားပြီးသား၊ အခုတော့ မွေးပြီ၊ ဆေးရုံသွားကြပြီ။ သမီးလေးမွေး သတဲ့၊ အင်္ဂါသမီးကလေးပေါ့။ လောကထဲ လူသစ်လေးတစ်ယောက်ဝင်လာပြန်ပြီပေါ့။

ဒီနေ့တော့ မင်္ဂလာရှိလှတယ်။ ကလေးမွေးတယ်(ရှင်သန်တယ်)ဆိုတာ မင်္ဂလာပဲပေါ့။

ကိုယ်လည်း စိတ်လက်ကိုယ်ပေါ့ပါးစွာနဲ့ အိမ်ပြင်ထွက်လိုက်တော့ လေချိုအေးက သုတ်တယ်။ မျက်နှာကို ဖြန်းကနဲ ရေအေးပက်သလို အေးစက်သွားတယ်။ ရှပ်အင်္ကျီ၊ စွယ်တာ၊ အပေါ်ဂျက်ကတ် အပေါ်ပိုင်း သုံးထပ်ဝတ်၊ အောက်က ဂျင်းဘောင်းဘီကို စွတ်၊ လည်ပင်းမှာ စကပ်ဖ်(scarf မာဖလာ)ပတ်ထားတာအောင် အေးလှတယ်။

ခြေလှမ်းသွက်သွက်လျှောက်တော့ ခြေလှမ်းတွေက ထုံချင်နေတယ်။ ညက နှာခေါင်းထဲက ချေး(ဂျီး)ကို ကလော်ထုတ်တော့ သွေးစလို အနီရောင်လေးတွေ့တယ်။ အေးလို့ဖြစ်တာပဲ။ အအေးကြိုက်တဲ့သူတောင် အအေးကို တော်တော်ခံရတဲ့သဘောရှိတယ်။

ရုံးကအစ်မတွေကတော့ “မင်း ဒါက အစပဲရှိသေးတယ်၊ နောက်ပိုင်း ဒီထက်ဆိုးလိမ့်မယ်“လို့ပြောလာတယ်။ ခန္ဓာကိုယ်ကို ကောက်ညှင်းပေါင်း လို ကျပ်ထုပ်နွေးထွေးထားနိုင်ဖို့ thermal ၀တ်ဖို့ပြောတဲ့သူကပြော၊ နောက်ထပ်ဂျက်ကတ်ကောင်းကောင်းထူထူ အအေးဒဏ်ခံနိုင်တဲ့ဟာ ၀ယ်ဖို့ ပြောတဲ့သူကပြောနဲ့ အကြံဥာဏ်တွေပေးကြတယ်။

မနက်ပိုင်းလမ်းပေါ်မှာ လှမ်းလျှောက်လာတဲ့အခါ ကိုယ်သိပ်သဘောကျတဲ့ လမ်းဘေးဝဲယာက သစ်ရွက်တွေဟာ စကြွေကြပြီလေ၊ ဆောင်းအ၀င်မှာ သစ်ရွက်တွေကြွေလို့ မကြာခင်ဆို အရိုးပြိုင်းပြိုင်းနဲ့ ကမ္မဌာန်းသစ်ပင်တွေဖြစ်တော့မှာပေါ့။

အ၀ါရောင်သစ်ရွက်ကြွေတွေဟာ ဖလက်ဖောင်းနဲ့ ကားလမ်းစအစပ်တွေမှာ ပုံလို့ဝဲလို့၊ လမ်းလျှောက်တဲ့သူတွေက သစ်ရွက်တွေပေါ်ဖြတ်လျှောက် ကြလို့ ထွက်လာတဲ့အသံလေးတွေဟာ ဂီတသံလေးလို ခပ်ချိုချိုပါပဲ။

လန်ဒန်မှာ အမှိုက်သိမ်းစနစ်ဟာ ယေဘူယျဆိုရင် ကောင်းတယ်လို့ဆိုရပေမယ့် သစ်ရွက်တွေကိုတော့ လတ်တလောသိမ်းကျုံးတာ မတွေ့မိဘူး။

ရန်ကုန်မြို့စွန်က ရပ်ကွက်တွေလို အမှိုက်တွေစု လှဲကျင်းပြီး မီးရှို့လိုက်တာမျိုးလည်း မတွေ့ရဘူး။

အမေရိကရောက်တုန်းကတစ်ခါ၊ ဂျပန်ရောက်တုန်းကတစ်ခါ လမ်းမပေါ်မှာ သစ်ရွက်တွေကို ဒီအတိုင်းအလှထားတာကို သဘောကျဖူးတယ်။

တိုကျိုမှာဆို စေတနာ့ဝန်ထမ်းအမှိုက်ကောက်တဲ့သူ(ကုမ္ပဏီတွေ၊ ရုံးတွေက အသက် ၃၀ ၀န်းကျင်လူလတ်တွေပါပဲ၊ နေ့လယ်ထမင်းစားနားတုန်း အမှိုက်ကောက်ပေးတာ)တွေက တကယ့်အမှိုက် စက္ကူစုတ်၊ ကြွပ်ကြွပ်အိတ် စတာတွေကိုပဲ ကောက်တယ်၊ သစ်ရွက်ကြွေတွေကိုတော့ လုံးဝ မကောက်ပါ။ လေချိုအေးအဝှေ့မှာ သစ်ရွက်ဝါလေးတွေ ရွှေ့နေတာကို အနုပညာတစ်ရပ်လို ခံစားကြတာကိုး။

လူဟာ ပြောင်းလဲတယ်ဆိုတာ ဟုတ်ပါတယ်။

ရန်ကုန်တုန်းက အမှိုက်ဆိုလှဲကျင်းပစ်လိုက်တာပဲ ကြိုက်ခဲ့ပါတယ်။ သစ်ရွက်လေးတစ်စ ကျန်နေခဲ့တာကအစ မကြိုက်တတ်ခဲ့ပါဘူး။

ဘုန်းကြီးကျောင်းသားဘ၀မှာကော၊ ဒုလ္လဘခဏ၀တ်တဲ့အခိုက်မှာပါ ဘုန်းကြီးကျောင်းနေရင်း သစ်ရွက် သစ်စ စတဲ့အမှိုက်တွေကို တစ်စမကျန်လိုက်ကောက်ပြီး အမှိုက်တောင်းထဲထည့်တာပါပဲ။

ငယ်ငယ်က ကိုယ့်စိတ်ကူးကိုယ့်အတွေးကိုယ့်ပြုမူဆောင်ရွက်ချက်ကို အခုထက်ထိ မှတ်မိနေသေးတယ်။

ဆောင်းအကုန်နွေအကူးလေရူးကြောင့် သစ်ရွက်တွေကြွေပေါ့။ လေလိုက်လိုက်တိုင်း ဗောဓိညောင်ပင်ကြီးက သစ်ရွက်တွေဟာ အရွက် ၁၀၀ မကဘူးကြွေတယ်။ သစ်ပင်ကြီးက ကြီးတော့ ကြွေတဲ့သစ်ရွက်ကလည်း များတာပေါ့။

လေတိုက်တိုင်းကြွေ၊ ကြွေလိုက်တိုင်းကောက်နဲ့ ငယ်ကလည်းငယ် မြန်ကလည်းမြန်ဆိုတော့ ညောင်ပင်က ကိုယ်ကောက်နိုင်သလောက် မကြွေနိုင် တော့ဘူးဖြစ်သွားတယ်။ ကိုယ်က ညောင်ပင်ကြီးမော့ကြည့်ပြီး လေတိုက်တဲ့အခါ သစ်ရွက်ဘယ်ဘက်ကျမလဲ စောင့်ကောက်တဲ့အဆင့် ဖြစ်လာ တယ်။ အဲဒီတုန်းကတော့ အမှိုက်ဆို မြန်မြန်ရှင်းပစ်လိုက်ဖို့ပဲ စိတ်ရှိခဲ့တယ်။

အခုတော့ အဲဒီအမှိုက်(သစ်ရွက်ကြွေ)ကိုပဲ ကြွေလာလည်း ခံစားကြည့်၊ အောက်ပြုတ်ကျတော့လည်း မသိမ်းဆည်းဘဲ အလှကြည့်၊ လေတိုက်တဲ့ အခါ ရွေ့သွားတဲ့အသံနားထောင်၊ သစ်ရွက်တွေပေါ် ဖြတ်သန်းလျှောက် အနုပညာမြောက်နေတာများ ကိုယ်ကြိုက်တတ်ခဲ့ပြီ၊ ခံစားလို့ရခဲ့ပြီ။

လူဆိုတာ တကယ်ကိုပြောင်းလဲတာပဲ၊ မပြောင်းလဲဘူးဆိုရင် ညာတာပဲဖြစ်ပါလိမ့်မယ်။ အခုတော့ လေချိုအေးနဲ့ ရွက်ဝါကြွေတွေဟာ ကိုယ့်အဖော်ဖြစ်နေပြီပေါ့။ လေချိုအေးကို ရင်ဆိုင်လို့ ရွက်ဝါကြွေတွေကို နင်းဖြတ်ရင်း အနုပညာဆန်ဆန်ပြုံးတတ်လိုက်တာ နံနက်ခင်းနှစ်ခုကို ကျော်ခဲ့ပြီးပြီပေါ့။

(တစ်ပတ်လောက်ကြာတော့ ထပ်တွေ့ရတာက ဒီမှာက သစ်ရွက်ခြောက်တွေကို လေးငါးရက်ကြာမှ စုကျုံးထည့်ပြီး ပလတ်စတစ်အိတ်နဲ့ ထုပ်ထည့် ထားတာကို တွေ့ရပါတယ်။ ဘယ်သူကျုံးလိုက်သလဲတော့ မသိပါ၊ ဖြစ်နိုင်တာကတော့ ကောင်စီ(ရပ်ကွက်ထဲက အိမ်တွေရဲ့ ပြုပြင်မှုကအစ ရပ်ကွက်အတွင်း စည်ပင်သာယာရေး၊ လူမှုရေးကိစ္စတွေကို ကောင်စီက စီမံခန့်ခွဲပါတယ်)က ခန့်ထားတဲ့ တစ်ယောက်ယောက်က လာကျုံးထည့်သွားပုံရပါတယ်။ ကောင်စီထဲနေတဲ့သူတွေကတော့ လုပ်မယ်မထင်ပါ၊ သစ်ရွက်ခြောက်တွေကို ထုပ်ထားလိုက်တော့ မနက်ပိုင်း အမှိုက်ကားလာတဲ့အခါ သူ့ဟာသူ ကောက်ယူသွားရုံပဲဖြစ်ပါတယ်။ ဒီအခါကျတော့လည်း ပလက်ဖောင်းတစ်လျှောက်ဟာ အလှူကပြန်လာပြီး မိတ်ကပ်တွေဖျက်လိုက်တဲ့ မိန်းမတစ်ယောက် ဒါမှမဟုတ် ရှုတင်က ပြန်လာပြီး မိတ်ကပ်တွေခြစ်ချလိုက်တဲ့ မင်းသမီးတစ်ယောက်ရဲ့မျက်နှာလို ပလိန်းကြီး ရှင်းပြောင်သွားတာကိုလည်း တွေ့ရတဲ့အကြောင်း နောက်ဆက်တွဲ ပြန်ထည့်ရေးလိုက်ပါတယ်။)

သန်းခေါင်၊ အောက်တိုဘာ ၂၀၊ ၂၀၀၉။

ဒုတိယမြောက် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်

လွန်ခဲ့တဲ့တစ်နှစ်လောက်က ရေးခဲ့တာ၊ ဒီနေ့ဇာတ်လမ်းတစ်ပုဒ်ရေးမလို့ဟာ ဘယ်လိုမှ ရေးလို့မရတာနဲ့ အဟောင်းလေးပြန်ရှာ တင်ထားလိုက်တာ။
———————————————————————————————

”ငါ..နေမကောင်းဘူး၊ မင်းကို သတိရတယ်” ဟု မောင်မောင် ဂျီတော့ခ်မက်ဆေ့ဂ်ျတင်ထားလိုက်သည်။

တခဏမှာပဲ ခင်သန့်စင်ဆီက စာတစ်ကြောင်း ပြန်ဝင်လာသည်။

”ဘာဖြစ်တာလဲ၊ လာကြည့်ရမလား၊ ဆေးမသောက်ဘူးလား”ဆိုပြီး မက်ဆေ့ဂ်ျတွေ တစ်ကြောင်းပြီးတစ်ကြောင်း အပြေးအလွှားတက်လာတော့ မောင်မောင့်မျက်နှာ ရွှင်သွားသည်၊ ခေါင်းကိုက်နေတာ တစ်ဝက်လောက် ချက်ချင်းသက်သာသွားသလို ခံစားလိုက်ရသည်။

နောက်မက်ဆေ့ဂ်ျတစ်ကြောင်းတက်လာတော့ သူရွှင်ရုံတင်မကတော့ဘူး၊ ဟက်ကနဲတစ်ချက်ရယ်မိတာကြောင့် ချိုသဲက ပြုံးပြီးလှမ်းကြည့်သည်။

ချိုသဲအကြည့်က ဒီကောင်တော့ ကြောင်နေတာပဲဆိုတဲ့အထာနဲ့၊ မရယ်ရဘူး လားဆရာတို့..ကျွန်တော့်ကောင်မလေး ရေးလိုက်တာကိုလည်း ခံစားနားလည်ပေးပါဦး။

”စင် လာမှ အနမ်းပေးမယ်၊ ချစ်တစ်ခါထဲ နေလို့ကောင်းသွားမယ်” တဲ့လေ။

*******************************

မောင်မောင့်မှာ ခုမှ တော်တော်ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။ ခုနတုန်းကတော့ တော့်တော့်ကို ခေါင်းတွေကိုက်ခဲနေပြီး မလှုပ်ချင်မရှားချင်ပင်ဖြစ်မိ သည်။ ချစ်သူ့ရင်ခွင်ထဲ မှေးအိပ်လိုက်ရရင် ဘယ်လောက်ကောင်းမလဲဟုပင် တွေးမိခဲ့သည်။

ငယ်ငယ်တုန်းကတော့ တစ်ခုခုလိုချင်လျှင် စားချင်လျှင် မေမေ့ရင်ခွင်ထဲ ခေါင်းခွေ့ခဲ့သည်ချည်း၊ အခုတော့ အမေ့ရင်ခွင်နှင့် ဝေးနေတာပင်ကြာခဲ့ ပေါ့။ တစ်ခုခုလိုချင်လျှင် ပူဆာချင်လျှင် အမေ့ထက် ချစ်သူကို အရင်သတိရနေမိတတ်သည်။

မောင်မောင့်အလုပ်က စောင်ရေများသောပုဂ္ဂလိကသတင်းဂျာနယ်တစ်စောင်မှ အကြီးတန်းသတင်းထောက်တစ်ယောက်ဖြစ်သည်။ နေ့စဉ်ဖြစ်ပျက် နေသောသတင်းများကို ထောက်လှမ်းရေးသားတင်ပြနေရသူဖြစ်သည်။

ငယ်ငယ်ကတည်းက စုံထောက်အလုပ်၊ စာရေးရသောအလုပ်များကို စိတ်ဝင်စားပြီးဝါသနာပါခဲ့သော မောင်မောင့်အတွက် ဒီသတင်းထောက်အလုပ် က သိပ်စိတ်ဝင်စားဖို့ကောင်းခဲ့သည်။ အယ်ဒီတာများကလည်း ငယ်ရွယ်ပြီးတော်သူများဖြစ်သဖြင့် မောင်မောင်တို့ဂျာနယ်အဖွဲ့သားများမှာ ပျော်ပျော်ပါးပါးဖြင့် လုင်ကြကိုင်ကြနှင့် ပျော်ရွှင်စရာပတ်ဝန်းကျင်လေးဖြစ်နေတော့သည်။

ဒါပေမယ့် အယ်ဒီတာတွေက မောင်မောင်တို့ကို ရုံးချိန်အတွင်း ချက်တင်မလုပ်ပါနဲ့၊ သတင်းကိစ္စနဲ့ဆိုင်တာကိုပဲလုပ်ပါဟု စည်းကမ်းထုတ်ထားသ ဖြင့် သတင်းနောက်ခံအတွက် အချက်အလက်ရှာမလို့ပါဟုပြောရင်း အလစ်မှာ ဂျီတော့ခ်ကို ခဏ၀င်လိုက်ခြင်းဖြစ်သည်။ ချစ်သူရှိနေတာကို တွေ့တော့ခုနလို မက်ဆေ့ဂ်ျတင်လိုက်ရာ ချစ်သူ ပျာပျာသလဲ ဖြစ်သွားခြင်းဖြစ်သည်။

***********************************

မောင်မောင့်ချစ်သူ ခင်သန့်စင်က ဆော့ဖ်ဝဲများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီရေးသားပေးသော ကုမ္ပဏီတစ်ခုတွင် ဈေးကွက်ရှာဖွေရေးအရာရှိ ဖြစ်သည်။ မောင့်ထက်လပိုင်းသာ အသက်ကြီးသော်လည်း သုံးလေးနှစ်ကြီးသူလို စိတ်ပူတတ်၊ အစိုးရိမ်ကြီးတတ်ပြီး အစ်မတစ်ယောက်လို မောင့်မေမေလို မောင့်ကို အလွန်ချစ်သူဖြစ်သည်။

သူတို့ကုမ္ပဏီတွင် အလုပ်များများရှာပေးနိုင်သူဖြစ်သည့်အားလျော်စွာ ကုမ္ပဏီလူကြီးများ၏ မျက်နှာသာပေးခံရသူလည်းဖြစ်သည်။ စင်စင်တို့ကုမ္ပဏီ က ၀က်ဘ်ဆိုက်ဒီဇိုင်းများကိုလည်း ရေးသားပေးသောဝန်ဆောင်မှုလည်း ပေးသေးသည်ဟုသိရသည်။

”အပြင်ထွက်ဦးမလို့လား၊ မထွက်နဲ့တော့…နားနေလိုက်၊ ညနေကျရင် စင်လာခဲ့မယ်” ဟု ချစ်သူက မက်ဆေ့ဂ်ျပို့ပြန်သည်။

”ညနေမှ တွေ့မယ်” ဟု မောင်က စာပြန်ရိုက်လိုက်ပြီး အကောင့်ဆိုင်းအောက်(ပြန်ထွက်)လိုက်သည်။ ဒါတောင် အယ်ဒီတာအစ်မကြီးက လှမ်းကြည့်နေပြီး မျက်စောင်းထိုးနေသေးသည်။

”အော်…ဒါကြောင့် ဒီဘွားဒေါ်..ရည်စားမရဘဲ အပျိုကြီးဖြစ်နေတာ..” ဟု မောင့်စိတ်ထဲ ကြိတ်တွေးကာ ရယ်ပြလိုက်သည်။

နောက်မှတစ်ခါ google news သို့ဝင်ပြီး myanmar ဟု ရိုက်ကာ မြန်မာသတင်းဘာတွေများထူးသလဲ ၀င်ကြည့်လိုက်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဘင်္ဂလားဒေ့ရှ်သွားသည့်အကြောင်း၊ ဂုဏ်ပြုညစားစားပွဲ တက်ရောက်သည့်အကြောင်း၊ ဒါကာ-မြန်မာ-တရုတ် လမ်းဖောက်ရန်ဆွေးနွေးကြသည့်အကြောင်းတွေ အကြမ်းဖျင်းဖတ်ကြည့်လိုက်သည်။

ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ပါသွားကြောင်းပါသိလိုက်သဖြင့် တစ်ရက်နှစ်ရက်ကြာလျှင် ကုန်သည်/စက်မှုအသင်းချုပ်ဘက်သွားဦးမည်ဟု ခေါင်းထဲ ထည့်ထားလိုက်သည်။

မောင်ကြိုက်သည့် ၀က်ဘ်ဆိုက်နှစ်ခုကို တစ်ချက်စီ ခပ်သွက်သွက်ကြည့်လိုက်သေးသည်၊ ကိုကြာကြီးက ဘေးရောက်လာပြီး သူလည်း အင်တာနက်ခဏကြည့်ချင်ကြောင်းပြောသဖြင့် ခဏလေးဟုပြောပြီး လက်စသတ်ကာ ထပေးလိုက်သည်။

ကိုကြာကြီးမှာ မောင်တို့က နာမည်ပြောင်ခေါ်ခြင်းဖြစ်ပြီး နာမည်ရင်းမှာ ကိုခင်မောင်တင့်ဖြစ်သည်။ မောင်တို့ သူငယ်ချင်းတစ်သိုက် တက်ကြွ ပျော်ရွှင်ဖွယ်ကောင်းသောလုပ်ငန်းတစ်ခု စိတ်တူကိုယ်တူဆောင်ရွက်ကြစဉ်က သူက အချိန်အကြာဆုံးဖြစ်သောကြောင့် မောင်တို့
အားလုံးက လေးစားဂုဏ်ပြုကာ ကိုကြာကြီးဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။

ပထမပိုင်းက သူ့မှာ စိတ်ဆိုးရခက် လိုက်ရယ်ရခက်(အိမ်သာသွားချင်သောမျက်နှာပေးကြီးဖြင့် မဲ့ပြုံးပြုံးကာ)ဖြင့်ရှိနေခဲ့ပြီး ယင်းနာမည်ကို သိပ်လက်မခံချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ကိုယ်သူ ယုံကြည်ချက်ပြည့်ဝလာ၍လော၊ သက်သောင့်သက်သာဖြစ်လာ၍လော မပြောတတ် အဆင်ပြေသွားခဲ့သည်။

ယခုတော့ တစ်ရုံးလုံးတွင် ကိုခင်မောင်တင့်ဟု ခေါ်သူမှာ စာရင်းကိုင်မချောတစ်ယောက်သာရှိတော့သည်။ ယောက်ျား၊ မိန်းကလေး အကုန်လုံးက သူတို့လည်း ရာဇ၀င် သေချာသိပါဘဲလျှက် ကိုကြာကြီးလုပ်နေကြတော့သည်။

သူတို့လိုက်ခေါ်စမှာတော့ မောင်တို့က အသံထွက်မိသည့်အထိ လိုက်လိုက်ရယ်မိကြသည်။ အခုတော့လည်း မောင်တို့ကိုယ်တိုင်ပင် ထူးထူးခြားခြား တစ်ခါတရံမှလွဲလျှင် အမှတ်မရကြတော့။

**************************

ကွန်ပျူတာစားပွဲမှထ၍ မောင့်နေရာ ကိုယ်ပြန်လာပြီး စားပွဲပေါ်က ဂျာနယ်တစ်စောင်ကို မောင်လှန်လှောကြည့်မိသည်။

”ဟာ..” ဟု နှုတ်က လွှတ်ကနဲ အသံထွက်သွားသည်။ မောင်မေးမြန်းစုံစမ်းထားသော သတင်းတစ်ပုဒ်က ဒီနေ့ထွက်ယင်းသတင်းဂျာနယ်တွင် ပါသွားခဲ့သည်။

မောင်က အချက်အလက်များပြည့်စုံစေရန် နှစ်ရက်ခန့်အချိန်ယူလိုက်စဉ်တွင် ဂျာနယ်စိစစ်ရေးတင်ရာ၌ နောက်ဆက်တွဲထည့်ရန် အချိန်မမီတော့ဘဲ နောက်တစ်ပတ်အတွက်ထားလိုက်ခဲ့ရသော သတင်းတစ်ပုဒ်ဖြစ်သည်။

ဒီလို တစ်ခါတစ်ခါဖြစ်တတ်သည်၊ အတော်လေး ခံစားရသည်၊ ခေါင်းတောင်ပြန်ကိုက်လာသည်။ ဆက်လှန်ကြည့်မိသည်၊ စိတ်တောင် မပါတော့၊ တခြားသတင်းတစ်ပုဒ်ကတော့ မောင်ပြီးခဲ့သည့်အပတ်က ရေးပြီးပါပြီးသား သတင်းတစ်ပုဒ်၊ သူတို့က ဒီတစ်ပတ်မှ ထည့်ထားသည်။

တင်ပြပုံရှုထောင့် နည်းနည်းကွဲသည်မှလွဲ၍ သတင်းက တော်တော်များများတူနေသည်။ မောင်ရေးသည့်သတင်းက ပိုပြည့်စုံသည်ဟုတော့ ကိုယ့်ဘာသာကိုယ် ကြိတ်အမှတ်ပေးလိုက်သည်။

မနက်က ဦးတင်ကိုကြီးနှင့် မေးလာတာတွေကို အမှတ်ရပြီး မှတ်စုစာအုပ်ကို ပြန်ထုတ်လိုက်သည်။ ဦးတင်ကိုကြီးက ခရီးသွားလုပ်ငန်းတစ်ခုက မန်နေဂျာဖြစ်သည်။ မောင့်ကို ချာတိတ်တစ်ယောက်လို၊ တူတစ်ယောက်ကို ခင်မင်နေသူ ဖြစ်သည်။

ယခုတလော ခရီးသွားလုပ်ငန်းအကြောင်း သတင်းကော၊ သတင်းဆောင်းပါးတွေပါ ရေးဖြစ်နေရာ ဦးတင်ကြီးထံ မကြာခဏဆိုသလို ရောက်ဖြစ် နေသည်။ မောင်က ရင်းနှီးလာသောကြောင့် ဦးတင်ကိုကြီးကို ဦးတင်ကြီးဟု ခေါ်တတ်လာခဲ့ရာ ဦးတင်ကြီးက ”ဟာကွာ…မင်းက ငါ့နာမည်ဖျက် တယ်။ ငါက ပိန်ပိန်ရှည်ရှည်ပြားပြားပါကွာ၊ မင်းက တင်ကြီးခေါ်လို့ဘယ်ဖြစ်ပါ့မလဲ” ဟု အတည်နှင့်ပြန်နောက်တတ် သည်။

*************************

တစ်ခါတလေ မောင်တို့သတင်းထောက်တွေ နှစ်ယောက်ပေါင်းပြီး ဆောင်းပါးတစ်ပုဒ်ရေးထုတ်ကြသည်။ အခုလည်း ကြည်ကြည်နွယ်နှင့် နှစ်ယောက်ပေါင်းပြီး ခရီးသွားလုပ်ငန်းအကြောင်းဆောင်းပါးရေးကြရန်ဖြစ်သည်။

ကြည်ကြည်နွယ်နှင့် မောင်က အလုပ်တစ်ရက်တည်းဝင်သူတွေဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်လည်း ရင်းနှီးကြပြီး ပြောမနာဆိုမနာတွေ ဖြစ်သည်။ ကြည်ကြည်မာက မိန်းကလေးပင်မင့် ယောက်ျားလေးတစ်ယောက်လို ရဲရင့်ပွင့်လင်းသည်။

တစ်ခါက အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဆောင်းပါးတစ်ပုဒ်ရေးရန် သက်ဆိုင်ရာသတင်းရင်းမြစ်များဆီ သွားပြီးနောက် ဂျာနယ်တိုက်သို့ ပြန်လာပြီး သူက ကွန်ဒုံးတွေ လာဝေနေသေးသည်။

အိုခေ…ကိုယ့်မှာ လုံလောက်သောအချက်အလက်တွေ ပြည့်နေပြီ၊ ကြည်နွယ်နှင့်ပေါင်းသော်(ဆောင်းပါးညှိနှိုင်းတိုင်ပင်ရေးမည်ကို ဆိုလိုပါသည်) ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ပြီ။ ကြည်နွယ့်မှာက လက်ရှိသည်၊ လက်ရှိသည်ဆိုတာက စာရေးကောင်းသည်၊ သတင်းဆောင်ပါးအရေးကောင်း သည်ဟု ဆိုလိုခြင်းဖြစ်သည်။

မောင်တို့ သတင်းထောက်ဆိုတာက သတင်းရေးရေး၊ သတင်းဆောင်းပါးရေးရေး ကိုယ့်ထင်မြင်ချက်တွေ ထည့်ရေးလို့မရ၊ သတင်းရင်းမြစ်ကို မေးချင်မေး၊ နောက်ခံအချက်အလက်ရှာဖြည့်ချင်ဖြည့်၊ ကိုယ်တွေ့မျက်မြင်ကို ထည့်ချင်ထည့် ရသည်။

လုပ်ကြံမှုတွေ ၊ ဖြစ်ချင်တာတွေ ထည့်ရေးလို့ မရ၊ ၀တ္ထုလိုစိတ်ကူးယဉ်ပြီး ရေးဖွဲ့လို့မရ၊ အရှိအရှိအတိုင်း အဖြစ်အပျက်ကို အဖြစ်အပျက်တိုင်း ရေးရသည်၊ ဟိုဘက် ဒီဘက် ဘယ်ဘက်ကမှ မလိုက်ရ၊ ကြားနေရာက နေရသည်။

ဒါပေမယ့် သတင်းအချက်အလက်တွေကိုချည်း စွတ်ပေးပြန်လည်း ဖတ်သူက ညည်းငွေ့မည်၊ ကြော်ငြာစာသားတွေသက်သက်ဖတ်နေရသလို၊ နားလည်ရခက်သော ပညာရပ်ဆိုင်ရာ စာတမ်းဖတ်နေရသလိုဖြစ်မည်။

ထို့ကြောင့် နည်းနည်းတော့ ပညာထည့်ရသည်၊ ဆောင်းပါးအစကို အနက်ဒုတ်(anecdote)ဟုခေါ်သည့် ဇာတ်ဆောင်ပါ တကယ့်ဖြစ်ရပ်ဇာတ် လမ်းလေးဖြင့် စလို့ရသည်၊ တစ်ခါတစ်ခါ မျက်တောင်အဖွင့်အပိတ်(”……..”)ထဲထည့်ထားသော အားကောင်းသောစကားပြောဖြင့် စလိုက်သည်။

သပ်ရပ်လှပသော လက်ကမချချင်လောက်အောင် စွဲမက်ဖွယ်ကောင်းသည့် သတင်းဆောင်းပါးကောင်းတစ်ပုဒ်ရေးနိုင်ဖို့ဆိုတာမျိုးကလည်း အခုမှစရေးသူဆိုလျှင်မရ၊ ဘယ်လိုမှမရ။ ဆောင်းပါးပေါင်းအပုဒ်ရေများစွာ ရေးလာခဲ့ပြီးမှ ကျွမ်းကျင်လာတာမျိုးဖြစ်သည်။

နဂိုကတည်းက စာရေးကောင်းသော ကြည်နွယ်မှာ ဆောင်းပါးရေးကောင်းသူအဖြစ် မောင်တို့ဂျာနယ်တွင် နေရာရခဲ့သည်။ မောင်နှင့်လည်း ဆောင်းပါးဆယ်ကြိမ်မက တွဲရေးခဲ့ဖူးပြီ။

***************************

ကြည်မာက ဒီနေ့တွံတေးအထိ သတင်းလိုက်သွားမည်ဟုပြောသွားတော့ ညနေရုံးပြန်ဝင်မည့်ပုံမရှိတော့၊ မနက်ဖြန်စောစောလာပြီး ရေးကြရန် ညှိပြီးဖြစ်သည်။ မောင် နာရီကို ကြည့်တော့ ၆ နာရီတောင် ထိုးတော့မည်။ ချစ်သူ ရောက်လာတော့မည်ဟု တွေးလိုက်သည်။

ရုံးမှာတောင် အယ်ဒီတာအစ်ကိုကြီး ကိုမော်ကြီးနှင့် ဘာသာပြန်အစ်ကိုကြီး ကိုချစ်စိုးတို့ နှစ်ယောက်သာ ကျန်တော့သည်။

”မောင်..မင်း ကောင်မလေးဆီ မသွားဘူးလား” ဟု ကိုချစ်က မေးနေသည်။

”သိပ် နေမကောင်းလို့ အစ်ကိုရ၊ ခေါင်းတွေကိုက်ပြီး အာရုံသိပ်စိုက်လို့မရဘူး၊ ဆေးလိပ်တွေသောက်တာ များသွားလို့ထင်တယ်” ဟု မောင် က တရစပ်ပြောရင်း ရှင်းပြလိုက်သည်။

”မင်းက တယ်နုတဲ့ကောင်ကိုးကွ၊ သတင်းထောက် လုပ်နေပြီးမှကွာ နုမနေစမ်းပါနဲ့” ဟု ကိုချစ်က နှိပ်တော့သည်။

ကိုချစ်က ဘာသာပြန်အလွန်ကောင်းသည်၊ သူရေး(ပြန်ဆို)သည်များကို စောင့်ဖတ်သော ပရိသတ်က သီးသန့်ရှိသည်။ အင်္ဂလိပ်ကော မြန်မာပါ နှစ်ဘာသာလုံး ကျွမ်းကျင်နိုင်နင်းသည်။

မောင်တို့ နားမလည်သည့် အင်္ဂလိပ်စာလုံးများကို ကိုချစ်ကိုမေးလျှင် ချက်ချင်းဖြေပေးသည်။ စိတ်မြန်သူပီပီ ဖြေပြီးနောက် ချက်ချင်းပင် ”မင်းတို့ကလည်းကွာ အဘိဓာန်လေးဘာလေးလည်း လှန်ပါဦးကွ၊ အပျင်းထူလိုက်တာ” ဆက်ပြောတတ်သည်။ ဒါပေမယ့် အဖြေကိုလည်း အမြဲတမ်းအရင် ပေးနေကျဖြစ်သောကြောင့် မောင်တို့က ”ဟုတ်ကဲ့ ဟုတ်ကဲ့” လိုက်ရင်း တစ်ကြိမ်မေးခြင်းအမှုကို အပြီးသတ်လိုက်ကြသည်။

************************

မောင် ရုံးအောက်ဆင်းလာတော့ ဆေးလိပ်က သောက်ချင်လာပြန်သည်။ ဆေးလိပ်သောက်သောကြောင့် ခေါင်းတွေကိုက်ပြီး အကြောအချင်တွေ နာသလို ကိုက်သလိုဖြစ်နေသောကြောင့် မသောက်တော့ဘူးကွာ ဟု စိတ်တင်းလိုက်သည်။ ပါးစပ်ထဲတစ်မျိုးဖြစ်နေသည်နှင့် ကော်ဖီတစ်ခွက် ၀ယ်သောက်လိုက်သည်။

မောင်တို့ရုံးအောက်တွင်ပင် တစ်ခွက်ကို ၂၀၀ ကျပ် နှင့်ရောင်းချပေးသော ကော်ဖီဆိုင်ရှိသည်။ ဖော့ခွက်ကလေးဖြင့်ထည့်ပေးသည်။ ရေနွေးပူပူဖြင့် ချိုချိုခါးခါး(ကိုယ်နှစ်သက်သလို)သောက်နိုင်သဖြင့် မောင်တစ်ခါတစ်လေ သောက်ဖြစ်သည်။

မောင်တို့က တစ်နေ့တစ်ခါ လေကန်ရသည်ကို စိတ်ဝင်စားသူများဖြစ်သဖြင့် အများအားဖြင့်တော့ လက်ဖက်ရည်ဆိုင်ပဲ ထိုင်ဖြစ်ကြတာများသည်။

အခုတော့ ကော်ဖီပူပူကို မှုတ်သောက်ရင်း ချစ်သူကို စောင့်နေမိသည်။ နဖူးပေါ်ဆံစအစပ်များနှင့် အပေါ်နှုတ်ခမ်းထက်တွင် ချွေးစို့လာသည်။ နောက်တော့ ခန္ဓာကိုယ်တွင်ပါ ချွေးစို့လာသည်။ လူလည်း နေသာထိုင်သာရှိလာပြန်သည်။

ချစ်သူ မလာသေးပါလား၊ ကားများ ပြတ်နေလို့လား (စင်စင်စီးသော လမ်းကြောတွင် တစ်ခါတရံ ညနေပိုင်းလိုင်းကား နည်းသွားတတ်သည်)ဟု တွေးမိသည်။ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်ရှိသော စင်စင်တို့ရုံးမှဆိုလျင် မောင့်ဂျာနယ်တိုက်သို့လာမည်ဆိုလျှင် ယခုကဲ့သို့ ညနေပိုင်းအချိန်များ တွင် နာရီဝက်ထက်ပိုကြာလေ့မရှိ။

ညနေပိုင်းရုံးဆင်းချိန်ဆိုလျှင် လိုင်းကားတွေက မြို့ထဲမှ မြို့ပြင်ဘက်သို့သာ ကားကြပ်သည်မဟုတ်လား၊ မောင့်ဆီလာသည့် ချစ်သူက မြို့ထဲဘက် လာရမည်ဖြစ်သဖြင့် ကားလမ်းချောသည်၊ ကားချောင်သည်။

***************************

၆ နာရီခွဲကျတော့ မြို့လယ်မှာရှိသော မောင့်ဆီ ချစ်သူ စင်စင်ရောက်လာသည်။ အချစ်ကိုတွေ့တော့ အားရှိသွားသည်။ ၆ နာရီခွဲကနေ ၇ နာရီခွဲ အထိ တစ်နာရီနီးပါး မောင်တို့အချိန်ရမည်။

ပန်းဆိုးတန်းမှတ်တိုင်မှ စင်စင့်အိမ်ဖြစ်သော ပုဇွန်တောင် ရေကျော်ရပ်သို့ စကားပြောရင်း လမ်းလျှောက်ကြမည်ဆိုလျှင် နာရီဝက်ခန့် အချိန်ပေးရ မည်၊ တစ်ခါတစ်ခါတော့ မောင်က ချစ်သူအိမ်နားအထိ လိုက်ပို့တတ်သည်။

”ဘာဖြစ်တာလဲ ချစ်၊ ..စိတ်ပူလိုက်ရတာ” မောင့်နား အပြေးအလွှားပြေးကပ်ရင်းပြော၊ လက်ကလည်း နဖူးဆီတိုးကပ်စမ်း၊ အို..သွက်လိုက်သည့် လက်နှင့်ပါးစပ်၊ လူပျို့လက်ဟုဆိုသည့် မောင့်လက်တောင် ဒီလိုလူမြင်ကွင်းလမ်းမလယ်တွင် စင်စင့်လက်လောက် သွက်သွက်လက်လက်ထွက် သွားလိမ့်မည် မဟုတ်၊ အချစ်အင်ဂျင်ကြောင့်များ စင်စင့်လက် ဒီလောက်သွက်တာများလားဟု မောင်တွေးပြီး ကျေနပ်မိသည်။ ဒါကြောင့်လည်း မောင့်မှာ စင်စင့်ကို ချစ်လိုက်ရသည့်ဖြစ်ခြင်း။

မောင့်နဖူးကို စမ်းတော့ တစ်လက်မခွဲဒေါက်မြင့်ဖိနပ် စီးထားသော စင်စင်က ခြေဖျားထောက်ရသေးသည်။ ယောက်ျားလေးနှင့် မိန်းကလေးက ခေါင်းတစ်လုံးကွာမှ ကြည့်ကောင်းတာကွဟု မောင်လူပျိုပေါက်က ဖေဖေပြောဖူးတာကို အမှတ်ရသည်။

အဲသည်တုန်းကတော့ မောင်က ”ဟာ.. ဖေဖေကလည်း ဆိုက်တူ ဂိုက်တူကမှ ပိုကောင်းတာပေါ့၊ မဟုတ်ဘူးလား၊ တော်ကြာ ကောင်မလေးကို နမ်းရင် ခေါင်းကြီးငုံ့၊ ခါးကြီးကိုင်းပြီး နမ်းနေရမှာပေါ့” ဟု အထွန့်တက်ခဲ့မိဖူးသည်။ တတ်လို့နပ်လို့တော့မဟုတ်၊ အချစ်ဝတ္ထုတွေဖတ်ကာစဖြစ် သဖြင့် ခပ်တည်တည်လူကြီးကို ပြန်ရွှီးခဲ့ခြင်းဖြစ်သည်။

ဖေဖေက မင်းမသိသေးပါဘူးသားရယ် ဟု ပြောပြီး ရယ်နေသည်။ ဖေဖေသည် မေမေ့ထက်ခေါင်းတစ်လုံးပိုမြင့်လေသည်။ ထိုစဉ်က မေမေကို လှမ်းကြည့်ဖြစ်တော့ မေမေက ရယ်လေသည်။ ပြီးတော့ ”ကိုကြီး..ကလေးကို ဘာတွေ လျှောက်ပြောနေတာလဲ၊ ဟိုကောင်လေးကလည်း ဖေဖေ့ကို ဘာတွေပြောနေတာလဲ” ဆိုပြီး တည်လည်းတည်ပြီလည်းပြီနေသည့်မျက်နှာနှင့် မောင်တို့သားအဖကို မေမေပြောဖူးတာ အမှတ်ရ လိုက်သည်။

ဟုတ်သည်၊ စင်စင်နှင့်မောင်ကလည်း ခေါင်းတစ်လုံးနီးပါးကွာသည်။ မောင်က ဖေ့ဖေ့နီးပါးအရပ်မြင့်လာပြီး စင်စင်ကလည်း မေမေ့ထက် အရပ်ပိုမြင့်ပုံရသည်။ မောင့်စိတ်ထဲတော့ မောင့်အချစ်မှာ နာမည်ကျော်မင်းသမီးများဖြစ်သော သဉ္ဇာဝင့်ကျော်တို့၊ သက်မွန်မြင့်တို့ထက်တောင် လှသည်ဟု ခံစားရသည်။

မင်းသမီးများ မောင်မောင့်စကားကြောင့် စိတ်ညစ်ပြီး ရေကူးကန်ထဲခုန်ဆင်းလည်း မတတ်နိုင်ပြီ၊ ရေကူးကန်တွင် စောင့်ကြည့်နေသော ဆရာရေတွေ.. မင်းသမီးတွေကိုတော့ စောင့်ရှောက်ပေးလိုက်ပါဗျာဟုသာ ပြောနိုင်ပါတော့မည်။

***********************

”ကော်ဖီသောက်မလား..ချစ်” ဟု ချစ်သူလေးက မေးသည်။

”ဟင့်အင်း..ခုနပဲ ကော်ဖီတစ်ခွက်သောက်လိုက်တယ်၊ ချွေးနည်းနည်းတောင်ထွက်ပြီး နေသာထိုင်သာရှိသွားတယ်ကွ”

မောင့်ထက်လပိုင်းအသက်ကြီးသော ချစ်သူကို မောင်က အစ်မတစ်ယောက်လိုလည်းချစ်ပြီး စကားပြောရာတွင်လည်း မောင်နှမလိုပင် ရင်းရင်းနှီးနှီး စီးစီးပိုင်ပိုင်ပြောပါသည်။

”ကိုယ့်ချစ်သူလေးက” ဟုလည်းကောင်း၊ ”စင်စင်ကလည်းကွာ” ဟုလည်းကောင်း၊ ”မင်းက ဘာလဲကွ” ဟု လည်းကောင်း နာမ်စားသုံးကာ ပြော ဆိုတတ်သည်။ မောင့်စကားအသုံးအနှုန်းအပြောင်းအလဲကပင် မောင့်စိတ်ကို ဖွင့်ဆိုပြခြင်းဖြစ်ရာ မောင်နှင့်ပတ်သက်လျှင် ပါးနပ်လိမ္မာလွန်းသော စင်စင်က မောင့်စိတ်ပုံမှန်ဖြစ်သွားအောင် အလွယ်တကူပင် ပြုပြင်စီရင်နိုင်လေသည်။ မောင့်နဂိုစိတ်ခံကလည်း ဖြူစင်ရိုးဖြောင့်သည်ကို စင်စင်သိပြီး ဖြစ်ပါလိမ့်မည်။

မောင်မောင့်နာမည်အရင်းကိုက မောင်မောင်ဖြစ်သည့်အတွက် မောင်မောင်ကော၊ မောင်ကောမခေါ်ချင်ဟု ဆိုကာ ”ချစ်” ဟု သီးသန့်ဖြစ်အောင် ခင်သန့်စင်ဆိုသော ချစ်သူလေးက ခေါ်ဆိုလာသောအခါ မိန်းမဆန်သည်ဆိုပြီး သိပ်မနှစ်သက်ပါသော်လည်း ထပ်မံပြဆိုလာသော အကြောင်းပြ ချက်ကြောင့် အောင့်သက်သက်နှင့်လက်ခံခဲ့ရပြီး အခုတော့လည်း နားအရသာတွေ့လျက်ရှိတော့သည်။

”အို..ချစ်တို့ရုံးက ချစ်ရဲ့သူငယ်ချင်းမတွေက မောင်မောင်တို့၊ မောင်တို့ခေါ်ကြမှာပဲလေ၊ ကိုယ်ကပါ အဲဒီလိုခေါ်တော့ ဘယ်ကွဲပြားတော့မှာလဲ၊ ချစ်လို့ပဲ ခေါ်မယ်၊ အဲဒါကောင်းတယ်” ဟု သူ့ဟာသူ အဆိုတင်သွင်း၊ သူ့ဟာသူ အကြောင်းပြချက်ပေး၊ သူ့ဟာသူထောက်ခံကာ အတည်ပြုလိုက် ပြီး ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ဟုတ်လည်း ဟုတ်သည်။ မောင့်နာမည်ကြောင့် မောင့်မှာသွားလေရာ လူချစ်လူခင်များပြီး စနောက်ခြင်းကိုလည်း ခံရသည်၊ အစ်မကြီးအစ်မငယ် မိန်းကလေးများကြားတွင်လည်း မောင်..မောင်..မောင်..နှင့် အမြဲခေါ်ခဲ့ကြသည်။

ရုံးမှ သူဇာမ(နာမည်ရင်းမှာ သူဇာမြင့်ဖြစ်သည်)ဆိုလျှင် အပြင်သို့ သူနှင့်အတူတွဲသွားသောအခါများတွင် လူထူသည်နှင့် မောင်မောင် မောင်မောင်နှင့် တမောင်မောင်ထဲ ပြောစရာအကြောင်း မရှိပါဘဲနှင့် ခေါ်နေတတ်သည်။ သူက နောက်ပြောင်ခေါ်ဆိုခြင်းဖြစ်သော်လည်း တချို့က ကောင်မလေးနှယ် ကဲရန်ကောဆိုသည့် အနေနှင့် သူဇာမကို မျက်စောင်းထိုးသွားတတ်သည်။ သူက မရှက်တတ်ဘဲ အဲဒါကိုပဲ ဂုဏ်ယူသည်လား မပြောတတ်၊ တစ်ခါတလေရုံးမှာ အချင်းချင်းစကားထိုင်ပြောနေသည့်အခါတွင်ပင် မောင်..မောင်..နှင့် လာလုပ်နေတတ်သည်။

***********************

ချစ်သူကိုတော့ စင်စင်ဟုခေါ်ခြင်းမှာ ငယ်စဉ်ကတည်းက ထိုနာမည်ကို ရင်းနှီးနှစ်သက်နေသောကြောင့်ဖြစ်သည်။ စင်စင်မှာ မောင်တို့လမ်းထိပ်က ဖက်ရှင်ဆိုင်နာမည်ဖြစ်သည်။ ဆိုင်နာမည်ကို စာလုံးကြီးများနှင့်ရေးထားသည်။ မောင်က ငယ်စဉ်ကတည်းက ထိုစာလုံးကြီးများကို တွေ့တိုင်း အားပါးတရဖတ်ရင်း စင်စင်ဆိုသောနာမည်ကို နှစ်သက်နေမိသည်။

မောင့်တွင် ခင်သန့်စင်ဆိုသော ချစ်သူတစ်ယောက်ရလာသောအခါ စင်စင်ဟုခေါ်ရန်သာ စဉ်းစားမိတော့သည်။

”ခင်ခင်” ဟု ခေါ်လျှင် ပြည်လှဖေတို့၊ မောင်တင်မောင်တို့လက်ထက်များ ပြန်ရောက်သွားလေမလား တွေးကြောက်ခဲ့သလို၊ သန့်သန့်ဟုခေါ်လိုက် လျှင်လည်း ”အစာ မစားမီ လက်ကိုစင်ကြယ်စွာဆေးပါ၊ အိမ်သာမှ ဆင်းလျှင် လက်ကို စင်ကြယ်အောင်ဆေးပါ” ဆိုသည်များ ခေါင်းထဲ ပြေးဝင် လာသဖြင့် အချစ်များထွက်ပြေးကုန်သည်ဟု ခံစားမိခဲ့ဖူးသောကြောင့် ငယ်စိတ်ကူးနှင့်ကြီးချစ်ဦးပေါင်းစပ်စိမ့်သောငှာ ”စင်စင်”ဟုသာ ခေါ်ဆိုဖြစ်ခဲ့ သည်။

စင်စင်ကတော့ သူ့ကို အိမ်မှာ မသန့်ဟု ခေါ်ကြောင်း၊ သောကြာသမီးလည်းဖြစ်ကြောင်း၊ ကျောင်းမှာတော့ သူငယ်ချင်းများက ခင်ခင်တစ်မျိုး၊ ခင်ဟုတစ်သွယ်ခေါ်ဆိုကြကြောင်းပြောပြရှာသည်။ ကန့်ကွက်ခြင်းကိုကား မျက်နှာသွင်ပြင်အားဖြင့်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော် လည်းကောင်း နည်းနည်းမှမပြရှာ။

သို့နှင့် ထိုစဉ်က မောင်လည်း ရဲတင်းခဲ့ပြီးသည်နှင့် ”အို..စင်စင်ကလည်း မသန့်ဆိုမှတော့ ညစ်ပတ်တာပေါ့၊ ချစ်သူကို ရှေ့နောက်ဝဲယာ ပတ်လည် လှည့်ကြည့်လိုက်ပြီးမှ ကိုယ့်ချစ်သူက မညစ်ပတ်ပါဘူး” ဟု ပြောတော့ ချစ်သူက မျက်စောင်းထိုးရင်း ရိုက်မလိုလုပ်သည်။ တကယ်မရိုက်ခဲ့ပါ။

”ခင်ခင်လို့လည်း မခေါ်ချင်ဘူးကွာ၊ မောင်ရာဇ၀င်ထဲ ပြန်မသွားချင်ဘူး၊ ကိုယ့်ချစ်သူကိုလည်း ရာဇ၀င်ထဲမှာ မထားခဲ့နိုင်ဘူး” ဟု အတည်ပေါက်နှင့် နောက်ရာ ချစ်သူခမျာ မျက်လုံးလေးပေကလပ်ပေကလပ်ဖြစ်ကာ ကြောင်တောင်တောင်နှင့်ကြည့်ရှာသည့်မျက်နှာကို အခုပြန်တွေး အခုအမှတ်ရနေ မိတော့သည်။

ဒီတော့ ချစ်သူ့မျက်နှာသေကိုကြည့်ကာ မောင် ရယ်မနေနိုင်ပြန်၊ ပြောပြရသည်။ ခင်ဆိုတာက မိန်းကလေးများကို ရည်ညွှန်းသုံးသော ဘုံစကားလုံး ဖြစ်နေပြီး၊ မြန်မာ့ရုပ်ရှင်ခေတ်ဦးက မင်းသားကြီးများ အဆိုတော်ကြီးများဖြစ်သော ပြည်လှဖေ၊ မောင်တင်မောင်နှင့် မေရှင်တို့ခေတ်က သီဆိုသော သီချင်းများတွင် ”ခင်” ဆိုသော စကားလုံးကို အတွေ့ရများကြောင်း ပြောပြရသည်။

တကယ်တော့ ”ခင်” ဆိုသည့် စကားလုံးလေးကလည်း လှပပြီး အဓိပ္ပါယ်ကြွယ်ဝပါလေသည်။ ချစ်ခင်ခြင်း၊ ခင်မင်ခြင်း အနက်ဆောင်သည်။ မြန်မာမင်းများလက်ထက်က မှူးမတ်သမီးများကို ခင်ခင်ဟုခေါ်ကြောင်း အဘိဓာန်ဖတ်ရင်း မှတ်သားဖူးသည်။

ခင်ခင်မွတ်မွတ်ဆိုသည်မှာ မက်မောတမ်းတလျှက်၊ ချစ်ခင်မြတ်နိုးလျှက်ဟု အနက်ထွက်လေသည်။ သို့ပါသော်လည်း စင်စင်ကို စွဲမိသူပီပီ ချစ်သူ ခင်သန့်စင်ကို စင်စင်ဟုသာ မောင်ခေါ်ခဲ့သည်။

ချစ်သူကလည်း မောင်(သူ့ချစ်သူ)နှင့်စကားပြောလျှင် သူ့ကိုယ်သူ စင် သို့မဟုတ် စင်စင်ဟု နာမ်စားသုံးပြီး မောင့်ကိုတော့ ချစ် ဟု ရည်ညွှန်းတတ် သည်။ သူ့အိမ်မှတော့ ”သန့်” ဟု သူ့ကိုယ်သူ ခေါ်ဆိုပြောဆိုကြောင်းသိရသည်။

************************

ချစ်သူလက်ကို အပြန်အလှန်ကိုင်စွဲ လှမ်းလျှောက်လာသော မောင်တို့နှစ်ယောက် ရန်ကုန်ဘူတာကြီးကိုဝင်သော ရထားလမ်းများပေါ် ခွကျော်တည် ဆောက်ထားသော ဆူးလေခုံးကျော်တံတားအတိုင်း ဖြတ်ကျော်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း အနောက်မှအရှေ့ဘက်သို့ မှောင်ရီပျိုးချိန် ညနေစွန်းစ ညသစ်ဦးတွင် တဖြည်းဖြည်းလျှောက်လာကြသည်။

ဝဇီရာ၊ ဘုရင်၊ သွင် စသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်က ရုပ်ရှင်ရုံများကို တစ်ရုံပြီးတစ်ရုံဖြတ်သန်းတော့ လူတွေကြားမှ တိုးရသည်။

ပလက်ဖောင်းပေါ်တွင် သွားရေစာရောင်းချနေသူများ၊ ထမင်းဟင်းရောင်းနေသူများ၊ စာအုပ်အဟောင်း ဂျာနယ်အဟောင်း ရောင်းနေသူများ၊ ဈေးဆိုင်များကို မောင်တို့ ငေးဝေရီရင်း လူအုပ်ကြားထဲ အလိုက်သင့် မျောပါနေကြရသည်။

ညသစ်ဦးတွင် လေနုအေးက တစ်ချက်ချက် မောင်တို့နှစ်ဦးကြား တိုးဝင်ချင်နေသည်။

”သွင် ”ရုပ်ရှင်ရုံရှေ့ရောက်တော့ နောက်ဆုံးပွဲစဉ်(ကိုးနာရီခွဲပွဲ)အတွက် ရုပ်ရှင်ကြည့်မည့်သူများပင် ရောက်နေကြပြီ။ ၇ နာရီ မထိုးတတ်သေး၊ ၆ နာရီခွဲက တစ်ပွဲပြလိုက်ပြီဖြစ်သည်။

ကားက ဟာသကား၊ ”အချစ်က လန်းတယ်” တဲ့။ ဒီကားက တော်တော်ပေါက်သည်။ ဒီနေ့လို ရုံးဖွင့်ရက်များမှာတောင် ငါးပွဲလုံး လူဝင်သည်၊ မနက်ပိုင်းပွဲတွေက လက်မှတ်တောင် ၀ယ်ရခက်သည်။ နောက်ဆုံးပွဲစဉ်တစ်ခုသာ လက်မှတ်လွယ်သည်။ ဒါတောင် ဒီနေ့တော့ ၇ နာရီကတည်းက လူတွေက ရုပ်ရှင်ရုံရှေ့ပြည့်နေသည်။ မောင်တို့က ဒုတိယပတ်က လန်းခဲ့ကြသည်၊ ရုံတင်ဒုတိယပတ်က ကြည့်ခဲ့ကြခြင်းဖြစ်သည်။ ယခုတတိယ ပတ်မြောက်၊ ပရိသတ်တွေ လန်းလို့ကောင်းကြတုန်း။

မောင်တို့ ဖြည်းဖြည်းဖြတ်သန်းလျှောက်လှမ်းလာကြသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်က စိန့်မေရီဘုရားရှိခိုး ကျောင်းကြီးဘေးမှဖြတ်သန်းကြတော့ အမှောင်ရင့်လာသည်။

ချစ်သူ့လက်ကို တင်းတင်းဆုပ်လိုက်တော့ ချစ်သူခေါင်းက မောင့်ရင်ခွင်နားကပ်လာသည်။ ပူပူနွေးနွေးနှင့်အရသာတစ်မျိုးရသည်။ ချစ်ခြင်း၏ ချိုမြိန်သောအရသာ။

၄၆ လမ်း ကားမှတ်တိုင်က မြေအိုးမြီးရှည်ဆိုင်ရောက်တော့ ၇ နာရီ ၁၅ မိနစ်။ မြေအိုးမြီးရှည်တစ်ခွက်စီ ပူပူလောင်လောင် မှာစားကြသည်။ မောင်ကတော့ ချွေးပြိုက်ပြိုက်ကျအောင် ပူပူလောင်လောင်ကို စားပစ်လိုက်ရာ နေရထိုင်ရတာ တော်တော်ပေါ့သွားသည်။

ချစ်သူက သူ့အိုး(မြေအိုး)ထဲမှပါ အသားဖတ်ကလေးတွေ၊ အသည်းဖတ်ကလေးတွေ ခပ်ထည့်ပေးနေသည်။ မိန်းကလေးတို့၏ ချစ်စရာကောင်း သော အချက်များတွင် သူတို့ကသာ လျှော့စားကာ ချစ်သူကို ပိုကျွေး(၀အောင်ကျွေး)တာများ ပါနေသလားမသိ။ မိန်းကလေးတွေဆိုတာ အလားအလာရှိသော မိခင်လောင်း(potential mummy)တွေမို့ မိခင်စိတ်ရှိနေတာကြောင့် ချစ်သူကို သားအရာထားလို့ ဂရုစိုက်တာလားမသိ။

ပထမတော့ အဲဒီလို သူ့ပန်းကန်ထဲကနေ ခပ်ခပ်ထည့်ပေးနေတာတွေကို မကြိုက်ခဲ့၊ အပိုလုပ်နေတာ ဂရုစိုက်ချင်ဟန်ဆောင်နေတာ၊ မင်းအလိမ်ခံရတော့မယ် ငတုံး သတိထားဟု ကိုယ့်ကိုယ်ကိုယ် သတိတွေပေးခဲ့ဖူးသည်။ အခုနောက်ပိုင်းတော့ စင်စင်ကများ တစ်ခုခုစားလို့ စားကောင်းသွားပြီး ကိုယ့်ပန်းကန်ထဲ ထည့်ပေးဖို့ မေ့သွားလျှင် စားရတာအရသာပင် မရှိတော့၊ စိတ်ဆိုးချင်သလိုလိုတောင် ဖြစ်တတ်ခဲ့ပြီ။

အခုတော့ ချစ်သူထည့်ပေးတာရော ဗိုက်ဆာနေတာရော ပေါင်းလိုက်လို့လား မသိ၊ ဒီနေ့တော်တော်စားလို့ကောင်းနေသည်။

ရေသန့်တစ်ပုလင်းမှာသောက်ပြီးတော့ ၈ နာရီတောင် ထိုးတော့မည်၊ ချစ်သူက ဒီနေ့တော့ မောင်နေမကောင်းဘူးဆိုထားလို့လားမသိ၊ အေးအေးပဲ နေရှာပါသည်။ အရင်ကဆိုရင်တော့ ၈ နာရီထိုးလို့မှ သူတို့လမ်းထိပ် မရောက်သေးလျှင် သူ့ခမျာ နေလို့မရတော့၊ ဒီနေ့တော့ သွေးအေးနေလေ သည်၊ အချစ်က လူတို့ကို အေးအေးသက်သာဖြစ်စေသည်လေ။

ပိုက်ဆံရှင်းပြီးထွက်လာကြသည်။ လမ်းတလျှောက်မှာတော့ လေက ပိုအေးသွားပြီး ဖြည်းဖြည်းလေးတိုက်ပြနေတော့ အနားကနေ ယပ်တောင်ယပ် ပေးနေသကဲ့သို့ဖြစ်ရာ ပူပူလောင်လောင်စားထားပြီး အရသာရှိနေတော့သည်။

************************

ချစ်သူတို့လမ်းထိပ်ရောက်တော့ ထုံးစံအတိုင်း မှောင်နေသည်။ မောင်တို့နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်ကြသည်။ အိတ်ကိုယ်စီလွယ်ထား ကြသည်။ ချစ်သူ ထမင်းချိုင့်အိတ်က အုတ်ခုံလေးပေါ်ခေတ္တရောက်သွားသည်။ ပထမလက်ချင်းဆုပ်ထားကြသည်။ နောက်တော့…

ချစ်သူသည် ရိုးဖြောင့်သူဖြစ်ပြီး မောင့်ကို အလွန်ချစ်လေသည်။ မောင့်ကို အင်အားသစ်တွေရရှိစေပြီး ယောက်ျားဂုဏ်သိက္ခာကို ပိုမိုပီပြင်စေသည်။ မောင့်လိုအင်များကိုလည်း တတ်စွမ်းသမျှ ဖြည့်ဆည်းပေးသည်။

ယခုညတွင်လည်း အစောပိုင်းက ဂျီတော့ခ်မက်ဆေ့ဂ်ျတွင် ပေးပို့ထားခဲ့သလို ကတိတည်ရှာသည်။ ခင်ခင်မွတ်မွတ် ရှိရှာသည်။

ညသစ်ဦး၏အနက်ရင့်ရောင် အမှောင်ထဲတွင် မျက်ရည်ရစ်ဝိုင်းနေသော ရွှန်းလဲ့လင်းလက်သည့် ချစ်သူမျက်ဝန်းမှာ မောင့်နှလုံးအိမ်ထက်တွင် တစ်သက်စာစွဲထင်သွားအောင် လှပနေခဲ့သည်။

ခဏချင်းတွင်ပင် နွမ်းနယ်သွားဟန်ရှိသော ချစ်သူက ထောင်မောင်းစွာဖြင့် တင်းရင်းကြံ့ခိုင်နေသည့် မောင့်ကို မေးသည်။

”ဘယ်လိုနေလဲ၊ နေလို့ကောင်းရဲ့လား၊ စင် ၀င်တော့မယ်…နော်”

ချစ်သူကလေးသည် မောင့်ကို လှည့်ကြည့်လှည့်ကြည့်နှင့် အလင်းဖျော့နေသော သူတို့လမ်းကလေးထဲသို့ ဖြည်းဖြည်းချင်းဝင်သွားခဲ့သည်။

မောင်သည် စူးရဲတောက်ပကာ ရွှင်လန်းနေသော ကျေးဇူးတင်အပြုံးဖြင့် ညာဖက်လက် လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်း ထောင်ပြလိုက်လေ သည်။

စကားလုံး မလို၊ အသံ မလို၊ ချစ်သူ မြင်သွားပါလေစ….။

ညသည် ခပ်မဆိတ်ပင် မှောင်မြဲမှောင်လျှက်ရှိသည်။

***************************************************************************

လွန်ခဲ့တဲ့တစ်နှစ်နီးပါးက ရေးထားခဲ့သော နည်းပညာ(ချက်တင်အကြောင်း)နည်းနည်းပါသော ဒီစိတ်ကူးယဉ်ဝတ္ထုလေးမှာ နည်းပညာအသင်းတစ်ခု ၏ နှစ်ပတ်လည်မဂ္ဂဇင်းတွင် သုံးပေးမည်ပြောပြီး အပယ်ခံခဲ့ရသည်။ စိတ်မကောင်းဖြစ်ပြီး ထားထားရင်း နည်းပညာမဂ္ဂဇင်းသစ်တစ်စောင် ထုတ် မည့်သူတစ်ဦးက စာမူတောင်းသဖြင့် ဖတ်ကြည့်ပါဟုပြောကာ ပေးလိုက်ပြန်သည်။ သူ့မဂ္ဂဇင်းအသစ်သာ ထွက်လာသည်။ ကိုယ့်စာမူက ပါမလာ၊ ဒါနဲ့ ပြန်ပေးပါဗျာဟုပြောပြီး ပြန်တောင်းထားလိုက်ရသည်။ အခုတော့ ဒီနေရာမှာ ပြန်တင်ထားလိုက်သည်။ ဖတ်ကြည့်ကြပါဦး။

ည ၁၂ နာရီခွဲ၊ အောက်တိုဘာ ၁၉၊ ၂၀၀၉။

တစ်ပတ် ၅ ရက်၊ မနက်တိုင်း အပြေးအလွှား ထထပြီး ရုံးကိုပြေးသွားရတဲ့အခါ (တကယ်တော့ သိပ်နောက်ကျမှ မြေအောက်ဘူတာရုံကို ပြေးရတာပါ) အိမ်ကနေ ရုံးမရောက်ခင်စပ်ကြား တွေ့ရတဲ့မြင်ကွင်းတွေ၊ အဆောက်အအုံ
တွေ၊ လူတွေဟာ ပထမတော့ ရိုးရိုး၊ နောက်တော့တစ်မျိုးတိုးလို့ ချစ်ဖို့ကောင်းလာတာ၊ အနုပညာဆန်လာတာကို တွေ့ရပါတယ်။

တကယ်က ခံစားလာရတာပါ။ အိမ်ကနေ ရုံးကို မြေအောက်ရထားစီးသွားတဲ့အခါ မြင်ရတဲ့မြင်ကွင်းတွေက ဒါတွေဒါတွေပါပဲ၊ ၈၀ ရာခိုင်နှုန်းက အသစ်မပါပါဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ အပြောင်းအလဲရှိပါတယ်။ ဒါတောင် ကိုယ်က စိုးရိမ်လို့ပိုတွက်ထားတာပါ။

အနုပညာမြောက်အောင် ချစ်မြတ်နိုးပြီးခံစားနေနိုင်ပေမယ့် စာဖတ်သူတွေထပ်တူခံစားလို့ရအောင်တော့ ဘယ်လိုမှ ထုတ်ဖော်ရေးသားနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်း ကြိုသိနေပါတယ်။ အနုပညာဆိုတဲ့ဟာကလည်း ခံစားသူတစ် ယောက်ချင်းအလိုက် ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။

ဘယ်လောက်ကောင်းမွန်တဲ့၊ စစ်မှန်တဲ့အနုပညာဖြစ်စေ ဆိုစေဦးတော့၊ ခံစားသူတစ်ယောက်ချင်းစီရဲ့ အကြိုက်၊ နားလည်နိုင်စွမ်း၊ ခံစားနိုင်စွမ်းစတာတွေပေါ်မူတည်ပြီး၊ ကြိုက် မကြိုက် ပြောဆို ဝေဖန်တာတွေ ထွက်လာတာ ဖြစ်ပါတယ်။

ကိုယ့်လမ်းကလေးကတော့ ဒီလိုပါ။

ခြေသံလုံအောင် လှေကားကနေ ဂရုစိုက်ဆင်းရင်း ခပ်သေးသေးကျစ်ကျစ် နှစ်ထပ်အိမ်လေးရဲ့ ပင်မတံခါး(မိန်း တံခါး၊ အိမ်ရှေ့တံခါး)ကို “ဂျပ်“ကနဲမြည်အောင် ဆွဲစေ့လိုက်တယ်။ တံခါးပိတ်လိုက်လို့ အသံမြည်ရင်တော့ လေတိုက်လည်း ပွင့်မသွားနိုင်ဘူးဆိုတာသိရတဲ့အခါ စိတ်ချသွားတယ်။

အအေးဓါတ်က လူဆီပြေးဝင်လာတယ်၊ အပေါ်က၀တ်ထားတဲ့ဂျက်ကတ်အင်္ကျီက ရင်ခွဲဇစ်ကို ဆွဲတပ်လိုက်တယ်။ ဆင်သားရေ(တိရစ္ဆာန်တွေကို မကြင်နာသူလို့ဆိုချင်လည်းဆိုပါ၊ ရောင်းသူက ဆင်သားရေပါလို့ ပြောရောင်းတာကို ယုံပြီး ရူးရူးမိုက်မိုက် ဈေးကြီးကြီးပေးလွယ်သူပါ)ရုံးလွယ်အိတ်ကိုဘေးကနေချပြီး မလွယ်ဘဲ ပခုံးမှာတစောင်း လွယ်လိုက်တယ်။

မြေအောက်ဘူတာရုံဆီ မပြေးရုံတမယ် အသော့နှင်ဖို့အဆင်သင့်ဖြစ်ပြီ၊ အဲဒီအချိန်မှာပဲ ကိုယ့်နေတဲ့လမ်းကလေးက နေ နောက်လမ်းတစ်ခုကို ကွေ့ချိုးပြီး ဖြစ်သွားပြီ၊ ထွက်နေတဲ့နေမင်းကြီးက ကိုယ့်မျက်နှာကို တစ်ခါတလေ ပက် ဖြန်းနှုတ်ဆက်လိုက်တတ်တယ်။ တစ်ခါတလေတော့ နေမင်းကြီး ဘယ်အလည်လွန်သွားသလဲမသိ၊ အေးအေး ဆေးဆေး ကိုယ်အေးနေတယ်။

နောက်တစ်လမ်းကိုကျော်၊ နောက်တစ်လမ်းအရောက်မှာ ထပ်ကွေ့ချိုးလိုက်တယ်။ အသက်က ကိုယ့်အောက်ငယ် ပုံပေါ်ပေမယ့် ခန္ဓာကိုယ်ခပ်ထွားထွားအသားဖြူဖြူ(အင်္ဂလိပ်မလေးထင်ပါရဲ့) သူ့အိမ်ကနေပြေးထွက်ပြီး ကိုယ့်ရှေ့ ခပ်လှမ်းလှမ်းကနေ ကိုယ့်ထက်မြန်တဲ့နှုန်းနဲ့ အပြေးတစ်ပိုင်းလျှောက်သွားမယ်။ တစ်ခါတလေ လမ်းပေါ်ရောက်မှ သူ့အပေါ်ဂျက်ကတ်အင်္ကျီထဲ လက်ကိုအတင်းထိုးထည့်ဝတ်မယ်၊ အင်္ကျီကို မသပ်မရပ်ဆွဲစေ့ပြီး ဘယ်ဘက်လမ်း ချိုးကို သူကွေ့သွားမယ်။

ကိုယ်ကတော့ သူ့ကွေ့သွားကို တစ်ချက်ကြည့်ပြီး ကိုယ့်လမ်းအတိုင်း အဖြောင့်ဆက်လျှောက်လာမယ်၊ အထက် တန်းကျောင်းသူတစ်သိုက်(တစ်ခါတလေ သုံးယောက်၊ တစ်ခါတလေ ခြောက်ယောက်)ဖြည်းဖြည်းအေးအေး နောက်နောက်ပြောင်ပြောင် သွားနေကျတာကို ကိုယ်ဖြတ်ကျော်လိုက်မယ်။

တစ်ခါတခါ ကျောင်းသူလေးတွေနားမှာပဲ ဘဲခေါင်းစိမ်းရောင်ကားလေးထဲ အပြေးအလွှားဝင်ပြီး အမြန်မောင်းသွား တဲ့ အာဖရိကန်ကောင်မလေးကိုလည်း တွေ့ရတယ်။ တွေ့တဲ့အကြိမ်တော်တော်များများမှာ သူ့ကားနဲ့လိုက်တဲ့ အစိမ်းနုရောင် အင်္ကျီလေးနဲ့ဖြစ်နေတတ်တယ်။

ကိုယ်ဆက်လျှောက်လာတော့ ကိုယ့်တစ်ဖက်ခြမ်းက ဖလက်ဖောင်းမှာ အိန္ဒိယတိုက်သူအန်တီတစ်ယောက် လမ်းလျှောက်ပြန်လာပုံရတာကို လှမ်းကြည့်လိုက်မယ်။ တစ်ခါတခါ သူ့ထက်အသက်ကြီးပုံရတဲ့ အန်တီပုပု၀၀ တစ်ယောက်ကို ထပ်တွေ့မယ်။ သူတို့နှစ်ယောက်ကို ကိုယ်ကမျက်နှာချင်းဆိုင်တွေ့ပြီး ထားခဲ့လိုက်တာ။

လမ်းထိပ်ကနေ ညာဖက်ကိုချိုးပြီး လမ်းမကြီးအတိုင်းဆက်လျှောက်လာတော့ လမ်းထိပ်ကားမှတ်တိုင်မှာ သူငယ် ချင်းတွေကို ထိုင်စောင့်နေပုံရတဲ့နောက်ကျောင်းသူမလေးတစ်ယောက်ကို လှမ်းကြည့်လိုက်မယ်။ ကိုယ်ဆက် လျှောက်လာမယ်၊ ကိုယ်အောက်လမ်းလျှောက်နှေးတဲ့သူဆို ဖြတ်ကျော်လိုက်တယ်။ ကိုယ့်ထက်မြန်တဲ့သူက ကိုယ့်ကိုဖြတ်ကျော် တက်သွားတယ်။

တွေ့နေကျ နေရာဝန်းကျင်လောက်မှာ အရုပ်မလေးလိုကောင်မလေးတစ်ယောက်ရယ်၊ နောက်ထပ် အိန္ဒိယတိုက် သူကောင်မလေးတစ်ယောက်ကိုတွေ့မယ်။ ကားလမ်းဖြတ်ကူးတဲ့အခါ ကားတွေက ရပ်ပေးတာကို သဘောကျပြီး ကိုယ့်ဘာသာပြုံးမယ်။ တစ်ခါတလေ ကားတွေဘက် လက်မလေးထောင်ပြလို့ ကျေးဇူးတင်တဲ့အကြောင်း သင်္ကေ တပြလိုက်မယ်။

နောက်ထပ်နည်းနည်းလျှောက်လိုက်တဲ့အခါ ဘတ်စ်ကားမှတ်တိုင်ကို ကျော်လိုက်ပြီး အုပ်စုလိုက်ရှိနေတဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေကို တစ်ချက်ကြည့်မယ်။ နောက်တော့ ဘူတာဘက်ကို ကူးတဲ့ ကားလမ်းမအောက် ဖြတ်ဖောက်ထားတဲ့ မြေအောက်လိုဏ်ခေါင်း(သူတို့အခေါ် Subway)ထဲက ဖြတ်ပြီး ဘူတာထဲဝင်မယ်။

ဘူတာဝမှာ တစ်ခါတလေ ခရစ်ယာန်အသင်းအဖွဲ့က ကောင်မလေးတွေက မြန်မာပြည်မှာ “နိုးလော့“လို့ခေါ် တဲ့ Awake! ဘာသာရေးစာစောင်လေး ဝေတာကိုတစ်ချက်ကြည့်လိုက်မယ်၊ ယူတော့ တစ်ခါမှ မယူပါဘူး။

တစ်ခါတလေ တချို့ကောင်မလေးတွေက အားကစားကလပ် အခမဲ့ရက်ပိုင်းအသင်းဝင်ကတ်လာဝေမယ်။ တစ်ခါ လားတော့ယူလိုက်ပေမယ့် မသွားဖြစ်ပါဘူး။ အားကစားစာစောင်တစ်ခု တစ်ပတ်တစ်ကြိမ်လာဝေမယ်။ အဲဒါတော့ ယူတယ်၊ ရထားပေါ်ဖတ်တယ်။ အဲ ဘူတာထဲက Metro သတင်းစာကတော့ နေ့တိုင်းကောက်ဖတ်ရတယ်။

မြေအောက်ရထားဘူတာမှာ ကိုယ်စောင့်နေကျ နေရာမှာစောင့်တယ်၊ အတူစောင့်နေတဲ့ ခရီးသည်တွေကို ကြည့် တယ်။ ရထားမလာသေးတဲ့အခါ သတင်းစာဖတ်တယ်။ ရထားပေါ်မှာ နေရာရရင်ထိုင်တယ်။ သတင်းစာဖတ်တယ်။

—————————-

ရထားကနေထွက်ပြီး စက်လှေကားကနေ တက်လာတဲ့အခါ ဘူတာရုံအပြင်ဘက် ပြန်ရောက်လာမယ်။ ရထားပေါ် သတင်းစာမထားခဲ့ဘဲ ပါလာခဲ့ရင် ဘူတာထွက်ပေါက်မှာပဲ ပြန်သုံးတဲ့ Recycle အမှိုက်ပုံးထဲထည့်မယ်။

ကားလမ်းဖြတ်ကူးပြီး ခပ်သွက်သွက်စလျှောက်မယ်။ ကော်ဖီဆိုင်ရှေ့ဖြတ်တဲ့အခါ လမ်းဆုံမီးပွိုင့်ထောင့်မှာ အိမ်ရာ မဲ့အမျိုးသမီးတစ်ယောက်(ပုံစံကတော့ ကတုံးဆံပင်နဲ့မို့ ယောက်ျားပုံစံ)ခွေးတစ်ကောင်နဲ့ဆော့ရင်း Big Issue မဂ္ဂဇင်းကို အော်ရောင်းနေတာကို တစ်ချက်ကြည့်မယ်။

အဲဒီအမျိုးသမီးဟာ သူ့ခွေးနဲ့ဆော့လိုက်(တင်းနစ်ဘောလုံးကိုပစ်လိုက်ရင် ခွေးကပြေးလိုက် ကိုက်ပြီးပြန်ချီလာ)၊ သူနဲ့ခင်နေတဲ့သူတွေတိုက်သွားတဲ့ စီးကရက်သောက်လိုက်၊ ကော်ဖီသောက်လိုက်၊ မုန့်စားလိုက်နဲ့ ရှိနေတာကို သဘောကျစွာနဲ့ကြည့်မယ်။ သူ့ကို ကျွေးသွားသူတွေက သီးသန့်ပေးပြီး ကျွေးတာမဟုတ်ဘူး။ သူတို့သောက်နေ စားနေတာကို ဖဲ့ကျွေးတာ။ တယ်ဟုတ်ပါလားလို့ စိတ်ထဲကတွေးပြီး ပြုံးမယ်။

ခပ်သွက်သွက်လျှောက်ရင်း ကိုယ်တစ်ခါကူးဖူးတဲ့ ဓာတ်ပုံဆိုင်၊ စာအုပ်ဆိုင်ကြီး၊ သားရေထည်အရောင်းဆိုင်၊ မနက်စာ နေ့လယ်စာ တစ်ခါတခါဝယ်တတ်တဲ့ Tesco ဆိုင်၊ HSBC ဘဏ်၊ သကြားလုံးဆိုင်၊ Okley စတိုးဆိုင် စတာတွေကို တစ်ဆိုင်ပြီးတစ်ဆိုင် ကိုယ်ကျော်ဖြတ်မယ်။

ဆိုင်တွေကို လှမ်းကြည့်လိုက်ရင် ကော်ဖီဆိုင်၊ မုန့်ဆိုင်၊ နံနက်စာရောင်းတဲ့ဆိုင်၊ သကြားလုံးဆိုင်တွေက ဆိုင်စဖွင့်ဖို့ ပြင်ဆင်နေကြတယ်။ တချို့ဆိုင်တွေရဲ့ အလုပ်သမားတွေက ဈေးဆိုင်တံခါးနဲ့ ဆိုင်ရဲ့မှန်ချပ်တွေကို ဆေးကြောနေမယ်။

အဲဒီမှာ ပြန်ပြင်နေတဲ့အဆောက်အအုံကြီးတစ်လုံးကို ကိုယ်ကြည့်မယ်။ Covent Garden ဈေးထဲဖြတ်ဝင်မယ်။ ဈေးခင်းနေတာတွေ၊ လူတွေသွားလာနေတာတွေကို တစ်ချက်ကြည့်မယ်။ တစ်ခါတလေ လမ်းလျှောက်ရင်း လူ တစ်ယောက်နဲ့တစ်ယောက် မီးပွိုင့်မှာ ကားတွေဖြတ်သလိုမျိုး စောင့်နေရတာမျိုးဖြစ်တတ်တယ်။ စောင့်လိုက်ရ တတ်တယ်။

ဈေးဘက်ကနေထွက်ပြီး ဖြတ်လမ်းကနေ လမ်းမနောက်တစ်ခုပေါ်တက်တဲ့အခါ အဲဒီဖြတ်လမ်းပေါ်မှာ ကောင်စီက ပိုင်တဲ့အိမ်သာတစ်လုံးရှိတယ်။ အမျိုးသား အမျိုးသမီးသပ်သပ်စီ အခမဲ့သွားလို့ရတယ်၊ ဈေးအိမ်သာ သဘောမျိုး။ ဒါပေမယ့် အလွန်သန့်ရှင်းတယ်။ ၀န်ထမ်းထားပြီး အချိန်ပြည့်သန့်ရှင်းရေးလုပ်ထားတယ်။

အဲဒီအိမ်သာနားမှာ တစ်ခါတခါတော့ ညက သောက်ထားပုံရတဲ့ ဘီယာ၊ အရက် ပုလင်းတွေ၊ သံဗူးခွံတွေကို အိတ်ကြီးတွေနဲ့ စုထည့်ထားတာကို တွေ့ရတတ်သလို အဲဒီနားကဖြတ်ရင် ချဉ်စူးစူးအနံ့တွေရတတ်တယ်။

အဲဒီလမ်းမအတိုင်း လျှောက်လာခဲ့တဲ့အခါ လမ်းဆုံရောက်ရင် လမ်းကိုတူးနေတာ ပြင်နေတာတွေ၊ လမ်းကို တခြမ်း ပိတ်လိုက်၊ ဟိုဘက်နားပိတ်လိုက် ဒီဘက်နားပိတ်လိုက်တွေ တွေ့မယ်။

လမ်းဆုံကို ကူးဖြတ်လိုက်ပြီးတဲ့အခါ ကော်ဖီဆိုင်အပြင်ဘက်စားပွဲတစ်လုံးမှာ ကော်ဖီတစ်ခွက်နဲ့ ကွတ်ကီးတစ်ခု (အကြီး)စားရင်း သတင်းစာမှာပါတဲ့ အကွက်တွေမှာ နံပါတ်တွေထည့်ရတဲ့ ဥာဏ်စမ်းကစားနည်းကို ကစားနေတဲ့ ကုတ်အင်္ကျီဝတ်ထားတဲ့ အသက် ၅၀ လောက် လူကြီးတစ်ယောက်ကို တစ်ချက်ကြည့်လိုက်မယ်။ သူ့ဘ၀ဟာ တယ်ကောင်းပါလား၊ အေးဆေးပါလားလို့တွေးပြီး အားကျစိတ်ဝင်မယ်။

နည်းနည်းဆက်လျှောက်ပြီး ညာဖက်ကွေ့ချိုးလို့ ဟိုဘက်ကူးလိုက်တဲ့အခါ ဇာတ်ရုံတစ်ရုံရဲ့ ရှေ့ရောက်သွားမယ်။ အဲဒီကနေ ဆင်းလိုက်လာပြီး တစ်လမ်းကျော်လို့ ဘယ်ချိုးလိုက်တဲ့အခါ ကားလမ်းမကြီးပေါ်ကို ရောက်သွားမယ်။

လူတွေတော်တော် ရှုပ်လာပြီ၊ ဟိုဘက်ပလက်ဖောင်းကို လှမ်းကြည့်လိုက်တဲ့အခါ အိန္ဒိယသံရုံးမှာ ဗီဇာယူဖို့ တန်းစီ နေတဲ့လူအုပ်ကို ကြည့်မယ်။ သူတို့ကို ဖြတ်သန်းပြီး လျှောက်လိုက်တဲ့အခါ ရုံးရောက်သွားပါတော့တယ်။

ကိုယ့်ဝန်ထမ်းကတ်(smart card)ကို လုံခြုံရေးအရာရှိကိုပြပြီး ဆင်ဆာနဲ့တို့လိုက်တဲ့အခါ ဆုံလည်တံခါးကနေ ရုံးထဲရောက်သွားမယ်၊ ဓာတ်လှေကားနှိပ်ပြီး ၅ ထပ်တက်လိုက်ရင် ရုံးကိုရောက်သွားမယ်။

ဒါတွေဟာ နေ့စဉ်တွေ့နေရတဲ့ ချစ်ခင်စရာကောင်းတဲ့ အနုပညာပြကွက်တွေတာပါပဲ။ တစ်ခါတလေ ကိုယ့်ကို ရူးမူး သွားအောင် ဆွဲဆောင်ပစ်လိုက်နိုင်လောက်အောင်ကို အနုပညာမြောက်နေတယ်လို့ခံစားရကြောင်းပါခင်ဗျာ။

ညသန်းခေါင်၊ အောက်တိုဘာ ၁၅၊ ၂၀၀၉။

မိခင်ကြီးနာမည်အဖျားဆွတ်လေးဖြစ်တာမို့ မိခင်ကို ဦးထိပ်ပန်ဆင်လိုတာကတကြောင်း
ချိုရဲ့ အဓိပ္ပာယ်ကိုက
၁။ ထန်းလျက်၊ သကြားတို့၏ အရသာမျိုးရှိသော
၂။ သာယာနာပျော်ဖွယ်ဖြစ်သော
၃။ ကြည်လင်ရွှင်ပျသော ဆိုတဲ့ အနက် အဓိပ္ပာယ်တွေ ရှိတာမို့ တကြောင်းကြောင့် ကိုချိုဖြစ်လာပြန်ပါတယ်။

မိန့်ခွန်းပြောတဲ့လူ

ရေဒီယိုကနေ ကိုယ့်အသံကြားတဲ့သူ တစ်ယောက်ကတော့ မိန့်ခွန်းပြောနေသလို လို့ ထောက်ပြတာကို ခံရဖူးပါတယ်။

အပြင်မှာ ပိုချိုသတဲ့

နောက်တစ်ဦးကတော့ အပြင်မှာ တွေ့တဲ့အခါ ပြုံးရယ် နှုတ်ဆက်ကြရင်း ကိုယ့်အမေဆီက အမွေရထားတဲ့ ညာဖက်ပါးပြင်က ပါးချိုင့်ကို တွေ့သွားလို့လား မသိပါ၊ အပြင်မှာ ပိုချိုတယ်လို့ ပြောလာပါတယ်။

မြန်မာပြည်မှာ လုပ်ခဲ့သည်

ရန်ကုန်က လာသူဖြစ်လို့ ရန်ကုန်နား ရန်ကုန်အကြားများခဲ့သူပါ။ ရန်ကုန်က ရေဒီယိုတွေနဲ့ ပိုရင်းနှီး၊ ရန်ကုန်က လုပ်ကိုင်ပုံတွေက ခေါင်းထဲ ၀င်နေတာမို့ ကိုချိုဟာ အတင်းချိုနေပေမယ့် ချိုရဲရဲ ဖြစ်သွားခဲ့ပါတယ်။

အခုတော့ မေးခွန်းက “သူလေ တကယ် ချိုပါရဲ့လား“ဆိုတဲ့ မေးခွန်းပါပဲ။

အောက်တိုဘာ ၈၊ ၂၀၀၉။ ည ၁၁ နာရီ။

အိပ်ရာထက်အသာလဲလှောင်းရင်း စိတ်ကိုဖြေလျော့ထားလိုက်တယ်။ ဘယ်အရာမှ အလွယ်တကူမရတတ်ကြောင်းကို သဘောကောင်းကောင်းပေါက်ပြီးသားမို့ အလကားပေါပေါများများကို မမျှော်လင့်တတ်တာကြာပေါ့။

တီဗီချန်နယ်လ်က ဖက်ရှင်လိုင်းဖွင့်ထားတာမို့ တီဗီကိုကြည့်လိုက်တော့ အရွယ်ကောင်း ကောင်မလေးတွေ ဒီဘက်လျှောက်လာလိုက် ဟိုဘက်ပြန်ထွက်သွားလိုက် လုပ်နေတာကို တွေ့ရတယ်။ အရင်ကဆိုရင်တော့ သူတို့တွေကို အငမ်းမရကြည့်တာပေါ့၊ အခုတော့ မကြည့်ဘူးလည်းမဟုတ်ပါဘူး၊ စိတ်ကတော့ အားရပါးရ သိပ်မရှိလှဘူး။

တံခါးဝမှာအသံတွေများများကြားလိုက်ရပြီဆိုကတည်းက သူတို့ရောက်လာကြပြီဆိုတာ သိလိုက်တယ်။ ရွေးချယ်ခွင့်မများတဲ့ဘ၀မို့ ”သူ” လို့ တစ်ခွန်းတည်းပြောပြီး တစ်လက်စတည်း ပြုံးပြလိုက်တယ်။ ဘာမှလည်း လျှို့ဝှက်ထားစရာမရှိဘူးလေ၊ မဟုတ်ဘူးလား။

သူက ခပ်ပြုံးပြုံးလေးနဲ့ ကိုယ်နဲ့အတူ အခန်းထဲဝင်လိုက်လာတယ်၊ ကြည့်ရတာ မင်းသမီးတစ်ယောက် ရှုတင်ကို လာသလိုမျိုး၊ သဘောကျစရာကောင်းပါတယ်။ ရှုတင်ပဲထားပါတော့။

ပထမပိုင်းမှာတော့ ဂိုးမသွင်းသေးဘဲ ခြေစမ်းတဲ့ဘောလုံးနှစ်သင်းလို ကိုယ်တို့လည်း တစ်ယောက်နဲ့တစ်ယောက်အကဲစမ်းကြတယ်။ သွက်သွက်ကလေးထွက်လာတဲ့ရယ်သံလေးတွေ သင်းသင်းလေးထွက်နေတဲ့အနံ့လးတွေ တလက်လက်အရောင်ထွက်နေတဲ့မျက်ဝန်းလေးတွေ တကယ်ကိုချစ်ဖို့ကောင်းပါတယ်။

အပြာရောင်လူးထားတဲ့ညဟာ တဖြည်းဖြည်းနွေးထွေးလာခဲ့တာကို သူရော သူမရော သိလာကြတယ်။ မအ၀ှာကတော့ အများကြီးကို ကျွမ်းကျွမ်းကျင်ကျင်ကြီးသိတယ်။ ဒီလိုနဲ့ အနမ်းတွေဖလှယ်ရင်း စိတ်တွေတောင်လျှော့ချထားလိုက်ကြတယ်။ လျှို့လျှို့ဝှက်ဝှက်နဲ့ ကခုန်ကြရတာကိုပဲ ပျော်နေကြတော့တယ်။

သူ့အတွက် သူမကိုယ်တိုင်ပေးတဲ့ဝန်ဆောင်မှုမှာလည်း သူဖျားသွားတာပါပဲ၊ သူမက သဲ့သဲ့ကလေးရယ်တယ်၊ တကယ်လည်း အံ့သြနေတယ်။ တစ်ခါမှ မကြုံဖူးဘူးဆိုပဲ၊ သူ့ရဲ့နုသစ်မှုကိုလည်း သူမ ကျေနပ်ဝမ်းမြောက်သွားပုံရပါတယ်။ သူကိုယ်တိုင်ကလည်း ကျေကျေနပ်နပ်ကလေးရှိတော့ ညကလေးက ပိုပျော်ဖို့ကောင်းသွားတယ်။

ဖက်ရှင်တီဗီထက် ကိုရီးယားကားကို သူမပိုကြိုက်တယ်၊ မင်းသားမင်းသမီးတော်တော်များများကို သူမသိတယ်။ သူကတော့ သိပ်စိတ်ဝင်စားမှုမရှိဘူး၊ နောက်တစ်ဝိုင်းကစားဖို့ကိုပဲ သည်းကြီးမည်းကြီးလုပ်နေတယ်။ သူမကတော့ လှလှပပလေး မသိချင်ယောင်ဆောင်လို့၊ တကယ်တော့ အရာအားလုံးဟာနေသားတကျရှိနေလွန်းတာ အံ့သြဖို့မကောင်းဘူးလား။

တတိယကစားဝိုင်းမှာလည်း သူပဲရှုံးပြန်တယ်၊ ဒီလိုဆိုတော့ သူဟာ သူမထက်အတော်ကြီးကို နုလွန်းနေတယ်ဆိုတာ ထင်ရှားနေပါပြီ။ သူမက သဘောကောင်းတယ်၊ ပုံပြင်တွေ ပြောပြသလို သူအားတက်အောင်လည်း ရှင်းလင်းဖွင့်ဖော်တယ်။ ဒီညအတွက်တော့ သူနဲ့သူမဟာ ပေးဆပ်မှုအပြန်အလှန်နဲ့ စုစုစည်းစည်းရှိခဲ့တယ်။

နောက်ဆုံးမခွဲခွာခင် နှုတ်ဆက်ကြတယ်၊ ပေးစရာယူစရာစာရင်းရှင်းကြတယ်။ သူနဲ့သူမဟာ မောင်နှမတွေလို ကြည်ကြည်သာသာရှိပြန်တယ်။ ဒီညဟာ ညည့်တာတိုပေမဲ့လှပနေပြန်တယ်။ အပြင်မှာတော့ လူတွေ အလုပ်ရှုပ်နေတုန်းပါပဲ။ သူ သဘောကျလို့မဆုံးပါဘူး၊ ပင်ပန်းနေတာက လွဲလို့ပေါ့လေ။

 

She’s calm and brave: Beautiful and Powerful
May 26, 2009
She came straight into the court room in this afternoon. She, who will turn 64 on next June 19, is still beautiful and looks strong. 
She is Daw Aung San Suu Kyi, who is current on trail at special court inside Burmese notorious Insein prison after accepted an American called John William Yattaw, 53, for one night at her home, which is at the bank of the famous Inya lake, at the University Avenue Road of Rangoo.
I was just amazed that everybody, that means diplomats, employees for Rangoon based Embassies and journalists, stood up when the lady came into the courtroom today trial.
She wore Soft-maroon color blouse and Dark-maroon color cotton hta mei (looks like sarong) in which while crossed line was rounded up. She looks calm and brave, in the other words: beautiful and powerful.
‘’She looks a little bit weak,’’ a diplomat said. ‘’If you compare with her last week looks like’’.
She did not pay attention to crowd, but went straight to her lawyer Nyan Win. He gave her an application and she started to read it with her yellowish brown plastic glasses which she carried out from her black purse. I never saw her with glasses. She looks nicer with it. And also I think that she wears mike-up a little bit today.
‘’I really wanted to worship her when I saw her,’’ said a middle age journalist. Many people in Burma love her so much because they feel deeply that she’s very lovely strong lady and she can do better for them. She’s a dughter of late Burmese Independent leader General Aung San, who tried to gain Independece from the British, but assasinated in July 19, 1947, a few months before Burma gained Independent from the British.
She read the paper and talked with lawyer Nyan Win for almost ten minutes and then the two judges came inside. 
Just before the judges came in and before she took her seat she greeted to the diplomats in the courtroom. What I just heard from her lips was ‘’thank you very much for coming today’’. Her voice was soft but clear.
The weather was cloudy and humid in this afternoon so it’s hot in the court room. Daw Su took her handkerchief from her purse which is white color and weave her little sweat on her cheek.
After the judges sat on the bench Nyan gave his application to the court behalf of his client and mentioned that he needed to discuss with his client before the lady’s testimony today because they two, the lady and the lawyers in the trial, never got the chance after the prosecutors sued her.
I was not sure about what the judge said but looked like objection for this afternoon and started to ask Daw Aung San Suu Kyi by judge Nyi Nyi Soe. Another judge sat togetther with Nyi, so there were two district judges court.
She said to the court that there was no guard in her compound while Mr. Yattaw came inside her compound and said that she was not sure that any guard outside of her compound at that time.
She also answered that she did not inform to the guard after she saw Mr. Yattaw when the judge asked whether she informed to them.
She also complaint to the judge that the choice of words sometimes when the judge recorded her answers to the court typist, for example, she said she did not invite to Mr. Yattaw to talk to her, but she said that she talked with him for a while. The judge tried to record like she accepted to talk with him, but she also wanted the judge like what she answered.
The judge Nyi asked her about thirty minutes and then finished, no crossed questions to her from both prosecutors and her lawyers today. After finished this session today, Daw Su and her lawyer Nyan Win made a big smile. 
The judge read what the lady just answered to him after the typist gave him the papers. And asked the lady that is that right what you just testified, and the lady said ‘’yes’’.
Daw Aung San Su Kyi and her lawyers look satisfied for today session. She smiled and greeted again to the diplomats and journalists before she went back to her building inside Insein prison. She said ‘’it’s very happy to see you’’.
No camera and recorder allowed to the court. Twenty six diplomats and UN officers and 25 journalists attended today session.
After Daw Aung San Suu Kyi left the court, the diplomats and journalist also left the courtroom but the judges carried on Mr. Yattaw’s case. I did not stay anymore and came back.
I feel very happy to see Daw Aung San Suu Kyi. It’s the first time to see her in person. She might not know that I was there today, but I won’t forget her smile and calm and beauty. Who knows what will happen next to her and to Burma. The court will order on her in first week of June, I think. But what I just felt today was that I could see the lady’s heart and could guess why the people like her so much.
This morning Burmese police forces’ informational director Myint Thein said that the government thought that to release Daw Aung San Suu Kyi, daughter of Burmese National Leader General Aung San, just before Mr. Yattaw came to her house. Because she’s already in prinson for six years even thought the government can detain her another six months. But unfortunately now they, the government, must sue her because of her acceptance of him. According to the 1974 constitutional law number 3, the government have the right to detain her next six months until 27, November 2009. But her party, National League for Democracy (NLD), claimed that 1974 constitution was already expired after the junta took power in 1988.

She’s calm and brave: Beautiful and Powerful

May 26, 2009

She came straight into the court room in this afternoon. She, who will turn 64 on next June 19, is still beautiful and looks strong. 

She is Daw Aung San Suu Kyi, who is current on trail at special court inside Burmese notorious Insein prison after accepted an American called John William Yattaw, 53, for one night at her home, which is at the bank of the famous Inya lake, at the University Avenue Road of Rangoon.

I was just amazed that everybody, that means diplomats, employees for Rangoon based Embassies and journalists, stood up when the lady came into the courtroom today trial.

She wore Soft-maroon color blouse and Dark-maroon color cotton hta mei (looks like sarong) in which while crossed line was rounded up. She looks calm and brave, in the other words: beautiful and powerful.

‘’She looks a little bit weak,’’ a diplomat said. ‘’If you compare with her last week looks like’’.

She did not pay attention to crowd, but went straight to her lawyer Nyan Win. He gave her an application and she started to read it with her yellowish brown plastic glasses which she carried out from her black purse. I never saw her with glasses. She looks nicer with it. And also I think that she wears mike-up a little bit today.

‘’I really wanted to worship her when I saw her,’’ said a middle age journalist. Many people in Burma love her so much because they feel deeply that she’s very lovely strong lady and she can do better for them. She’s a dughter of late Burmese Independent leader General Aung San, who tried to gain Independece from the British, but assasinated in July 19, 1947, a few months before Burma gained Independent from the British.

She read the paper and talked with lawyer Nyan Win for almost ten minutes and then the two judges came inside. 

Just before the judges came in and before she took her seat she greeted to the diplomats in the courtroom. What I just heard from her lips was ‘’thank you very much for coming today’’. Her voice was soft but clear.

The weather was cloudy and humid in this afternoon so it’s hot in the court room. Daw Su took her handkerchief from her purse which is white color and weave her little sweat on her cheek.

After the judges sat on the bench Nyan gave his application to the court behalf of his client and mentioned that he needed to discuss with his client before the lady’s testimony today because they two, the lady and the lawyers in the trial, never got the chance after the prosecutors sued her.

I was not sure about what the judge said but looked like objection for this afternoon and started to ask Daw Aung San Suu Kyi by judge Nyi Nyi Soe. Another judge sat togetther with Nyi, so there were two district judges court.

She said to the court that there was no guard in her compound while Mr. Yattaw came inside her compound and said that she was not sure that any guard outside of her compound at that time.

She also answered that she did not inform to the guard after she saw Mr. Yattaw when the judge asked whether she informed to them.

She also complaint to the judge that the choice of words sometimes when the judge recorded her answers to the court typist, for example, she said she did not invite to Mr. Yattaw to talk to her, but she said that she talked with him for a while. The judge tried to record like she accepted to talk with him, but she also wanted the judge like what she answered.

The judge Nyi asked her about thirty minutes and then finished, no crossed questions to her from both prosecutors and her lawyers today. After finished this session today, Daw Su and her lawyer Nyan Win made a big smile. 

The judge read what the lady just answered to him after the typist gave him the papers. And asked the lady that is that right what you just testified, and the lady said ‘’yes’’.

Daw Aung San Su Kyi and her lawyers look satisfied for today session. She smiled and greeted again to the diplomats and journalists before she went back to her building inside Insein prison. She said ‘’it’s very happy to see you’’.

No camera and recorder allowed to the court. Twenty six diplomats and UN officers and 25 journalists attended today session.

After Daw Aung San Suu Kyi left the court, the diplomats and journalist also left the courtroom but the judges carried on Mr. Yattaw’s case. I did not stay anymore and came back.

I feel very happy to see Daw Aung San Suu Kyi. It’s the first time to see her in person. She might not know that I was there today, but I won’t forget her smile and calm and beauty. Who knows what will happen next to her and to Burma. The court will order on her in first week of June, I think. But what I just felt today was that I could see the lady’s heart and could guess why the people like her so much.

This morning Burmese police forces’ informational director Myint Thein said that the government thought that to release Daw Aung San Suu Kyi, daughter of Burmese National Leader General Aung San, just before Mr. Yattaw came to her house. Because she’s already in prinson for six years even thought the government can detain her another six months. But unfortunately now they, the government, must sue her because of her acceptance of him. According to the 1974 constitutional law number 3, the government have the right to detain her next six months until 27, November 2009. But her party, National League for Democracy (NLD), claimed that 1974 constitution was already expired after the junta took power in 1988.

ထုံထုံအအ မဖြစ်ချင်ဘူး

“လူအ“ တွေကို မုန်းတယ်

ပြောလိုက်လို့ လိုက်မလင်းရင် ကိုယ့်ကိုယ်ကိုယ်လည်း မကြိုက်ဘူး

သူများဆိုလည်း ရှုတ်ချပစ်တယ်

မခေါ်တော့ဘူး 

အပေါင်းအသင်း မလုပ်တော့ဘူး

ခင်ရင် ဆဲဆိုပစ်လိုက်တယ်

မုန်းချင်လည်း မုန်းသွားပစေ

ညံ့သူတစ်ယောက်လျော့သွားလို့ ၀မ်းတောင်သာသေး

လူတိုင်းဟာ မတော်ပါဘူး

ဒါပေယ့် ညံ့လွန်းတာတော့ လက်မခံနိုင်ဘူး

ဟာသပြောလည်း မရယ်

သတင်းပြောလည်း မလည်

ဘယ်လိုလုပ်ဆက်လက်ပေါင်းဖက်ရမလဲ

အသက်ကြီးမှ အစက ပြန်သင်ပေးရမှာလား

ဒါတွေဖတ်ထားဦးဆိုပြီး စာအုပ်တွေ ထိုးပေးရမှာလား

လူညံ့ကိုတော့ အနစ်နာခံပြီး မချစ်နိုင်ဘူး

လည်လို့ဝယ်လို့ နင်းချေသွားတာကို အပြုံးမပျက် ခံယူလိုက်မယ်

ငါညံ့လို့လို့ လက်ခံနိုင်တယ်

မခံချင်လို့လည်း ကြိုးစားခဲ့တယ်

ငါ လူညံ့တော့ မဖြစ်ချင်ဘူး။

လူညံ့နဲ့လည်း မပေါင်းနိုင်ဘူး။

မတတ်သာလည်း ခပ်ခွာခွာပဲ နေလိုက်မယ်။

 

နိုဝင်ဘာ ၂၆၊ ၂၀၀၈။