အပြုံးလေးက အမေနဲ့တူသလိုပဲ

အမေချစ်တဲ့သားအတွက် အမေ့လို အပြုံးမျိုး သားချစ်ခဲ့

သူမက ရှက်ရှက်ကလေး ပြုံးတယ်

ကိစ္စ၀ိစ္စတွေကြောင့် အပေါ်ထပ်ဝတ်ထားတဲ့ ရှပ်အင်္ကျီကို ခါးမှာစီးတယ်

ငယ်သေးတဲ့ကျွန်တော် နောက်မှသိတယ်

သူတို့လည်း နုနုရိုးရိုးပဲဆိုတာ ဒီခရီးမှာ ကျွန်တော်တွေ့တယ်

ပင်ပန်းနေတဲ့အသွင်ဟာ သနားချစ်ခင်ဖွယ်ဖြစ်တယ်

ကျွန်တော့်ကို နမ်းတဲ့ နှုတ်ခမ်းနဲ့ပဲ

သူမ ကျွန်တော့်ကို ကောင်းမွန်ရာဆီပို့ခဲ့တယ်

မစားဘူးသေးတဲ့ ချိုမြိန်ကောင်းမွန်တဲ့ သစ်သီးတစ်လုံး စားရသလို

တခဏ ဘ၀ဟာ နေသာထိုင်သာ ရှိခဲ့တယ်

အတွေ့မှာ ငွေ့ငွေ့လေးသာ ကျန်တော့အောင် စိတ်လှုပ်ရှားရတယ်

သူမ အသားတွေနွေးလာတဲ့အထိ ပြုံးနေတုန်းပဲ။

 

နိုဝင်ဘာ ၂၄၊ ၂၀၀၈။