ဂေး(gay)ခင်သူများ သို့မဟုတ် ဂေးအခွင့်အရေးလှုပ်ရှားသူများ ဆက်လက်မဖတ်ဖို့ သတိပေးပါတယ်။ ဂေးနဲ့ပတ်သက်ပြီး ကြားမှတ်သိထားတာလေးတွေကို သရော်မလို့ဖြစ်ပါတယ်။ ဘာဖြစ်လို့ ကြိုတင်မေတ္တာရပ်ရသလဲဆိုတော့ အခုနေတဲ့နိုင်ငံက ဂေးတွေကို နေရာပေးပါတယ်၊ ဂေးတွေကို နှိမ်လို့မရပါဘူး။ ဂေးဆိုတာလည်း ယောက်ျား သို့မဟုတ် မိန်းမလိုပဲ ဂျင်ဒါတန်းတူအခွင့်အရေးရှိတဲ့ လူအမျိုးအစားလို့ သူတို့က ယူဆပါတယ်။
အာရှတိုင်းပြည်တွေကတော့ ယောက်ျားလေးကို ပိုတန်ဖိုးထားသလို နေရာလည်း ပေးကြပါတယ်။ အမေတွေ အစ်မတွေ၊ နှမတွေကိုယ်တိုင်က ကိုယ့်သား၊ ကိုယ့်တူ၊ ကိုယ့်အစ်ကို၊ ကိုယ့်မောင်ကို လေးစား၊ အားကျ၊ နေရာပေးကြပါတယ်။ ချစ်ကြပါတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာဆိုရင် မိဘတွေက သားယောက်ျားလေး လိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှင်ဖြစ်ခွင့်၊ ရဟန်းဖြစ်ခွင့်ဆိုတာ သားယောက်ျားလေးကမှ ကူးပြောင်းဆောင်ရွက်ခွင့်ရှိပြီး မိခင်မှာလည်း ရဟန်းအမ၊ ရဟန်းမယ်တော်ဖြစ်ခွင့်ရမှာမို့ပါ။
ရဟန်းဘောင်ကို တက်ရောက်ဖို့အတွက် သိမ်ဝင်တဲ့အခါမှာ ယောက်ျားစင်စစ်ဧကန်ဖြစ်ရဲ့လားလို့ ရဟန်းလောင်းရဲ့ဥပဇ္ဈယ်ဆရာက မေးပါတယ်။ ဂေးဆို ရဟန်းတက်ခွင့်မရှိပါဘူး။ “တို့ကတော့ ရဟန်းမဖြစ်လည်း ရဟန်းအမ လုပ်မှာပေါ့ဟဲ့“လို့ ပြန်ပြောလာရင်တော့လည်း ရယ်နေရုံပါ။
ဂေးဆိုတာမှာ လိင်တူချင်းကိုမှ သဘောကျတာ/သဘောကျသူကို ပြောတာပါ။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် လိင်တူချင်းစိတ်ဝင်စားရင် လိင်တူချင်းအဖော်ရှာရင် လိင်တူချင်းအတူနေရင်ဂေးပါပဲ။ ဒါပေမဲ့ အသေးစိတ်ခွဲခြားတာတွေတော့ရှိသေးတာပေါ့လေ၊ ယေဘူယျကတော့ ခုနပြောသလိုပဲ လိင်တူချစ်သူဟာ ဂေးပါပဲ။
ဂေးအသေးစိတ်ဆိုရင်တော့ ယောက်ျားဂေးစုံတွဲဆိုရင် active လား၊ passive လား၊ စုံတွဲမှာ ကျားနေရာကနေတာ ဘယ်သူလဲ၊ မနေရာကနေတာ ဘယ်သူလဲ စသဖြင့် ခွဲခြားတာတွေက ရှိသေးတယ်။
တချို့ကျားနေရာနေသူတွေက ခုနသူ့အဖော် partner (ဒီမှာတော့ partner လို့ သုံးပါတယ်၊ ပုံမှန် ယောက်ျားမိန်းမစုံတွဲ၊ တရားဝင် လက်ထပ်ထားတာဖြစ်ဖြစ်၊ လက်မထပ်ဘဲ အတူနေတာဖြစ်ဖြစ်၊ စုံတွဲအဖြစ် အတိအလင်းတွဲရင် partner လို့သုံးပါတယ်၊ အခုက ဂေးတွေကိုလည်း ယောက်ျား၊ မိန်းမနဲ့အတူ တန်းတူအခွင့်အရေး ပေးထားတာကြောင့် သူတို့ချင်းလည်း အတူနေ၊ အတူတွဲရင် partner လို့ပဲ သုံးပါတယ်) နဲ့လည်း အတူနေသလို မိန်းမနဲ့လည်း နေတဲ့အခါနေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ယောက်ျား၊ မိန်းမ မခွဲခြားဘူးဆိုတဲ့ သူတွေပေါ့၊ သူတို့က ကျားနဲ့ဖြစ်ဖြစ် မနဲ့ဖြစ်ဖြစ် ကျားနေရာကပဲ နေပါတယ်။
တချို့ဂေးကျတော့ ကျားနဲ့နေရင် မနေရာရောက်သွားပြီး၊ မနဲ့တဲ့အခါကျတော့ သူက ကျားနေရာပြန်ယူပါတယ်။ နှစ်ဖက်ချွန်လို့ ခေါ်ကြတယ်ထင်ပါတယ်။
မိန်းမဂေးတွေကတော့ ဘယ်လိုရှိတယ်သေချာမသိပါ။ အမြင်နဲ့ပြောရရင် ယောက်ျားလျာတွေ (ခန္ဓာကိုယ်ဘ၀ပေးက မိန်းမဖြစ်နေပေမယ့် ယောက်ျားစိတ်ပေါက်နေသူ) ကတော့ သူတို့ဂေးအတွဲမှာ အတူနေတဲ့အခါ သူတို့က ယောက်ျားနေရာက နေကြတာပေါ့။ အမယ် သူတို့က သူ့အဖော်ကိုစောင့်ရှောက်တဲ့နေရာမှာ ယောက်ျားစင်စစ်တစ်ယောက်ထက် ပိုကဲ ပိုသဲ ပိုရဲတင်းတာကို တွေ့ရပါတယ်။
ဟဲ ဟဲ…ယောက်ျားဂေးအတွဲတွေကို တွေ့ရတာကတော့ ယောက်ျားနေရာနေတဲ့ ဂေးက မိန်းမတစ်ယောက်နဲ့တွဲနေတဲ့ ယောက်ျားတစ်ယောက်ထက် ပိုတည် ပိုခန့် ပိုမာကျောသယောင် ဂိုက်ပေးကြမ်းပြီး၊ မိန်းမနေရာနေတဲ့ ဂေးကတော့ မိန်းမစစ်စစ် တစ်ယောက်ထက်ကို ပိုပြီး နုညံ့သိမ်မွေ့ ညင်သာတာကို တွေ့ပါတယ်။ ဂေးတွေကတော့ သူတို့အချင်းချင်း ဟုတ်နေတာပါပဲ၊ သိပ်ချစ်ကြတာပါပဲ။ မဟုတ်တာက ကျွန်တော်ပြောမယ့်အကြောင်း….ကျွန်တော်နဲ့ ဂေးများ။
ရှောက်သီးဆေးပြားရောင်းသူများ
ငယ်ငယ်က ဂေးဆိုတာကို မသိခင် အခြောက်ဆိုတဲ့ စကားလုံးကို စသိခဲ့တာပါ၊ လမ်းထဲကို စနေ၊ တနင်္ဂနွေကျောင်းအားရက်မျိုးမှာ တစ်ခါတခါ အုပ်စုဖွဲ့လို့ ရောက်လာတတ်တဲ့ အရောင်တောက်တောက်အ၀တ်အထည်ဒီဇိုင်းဝမ်းဆက်ကို မိန်းမလိုဝတ်၊ ရှောက်သီးဆေးပြား ငါးမူးဖိုး ဒါမှမဟုတ် တစ်ကျပ်ဖိုးဝယ်ရင် (သုံးထုပ်လားပေးတယ်) အမျိုးသမီးအဆိုတော်တွေ ဆိုထားတဲ့ အလွမ်းသီချင်း၊ အချစ်သီချင်း စသဖြင့် သီချင်းလည်းဆိုပြ၊
“မောင်..မပစ်နဲ့၊ မပစ်နဲ့၊ ဒိုင်း..အင့် အင်း အား.. ကိုလှမောင်၊ ရှင်..ရှင်..ရက်စက်တယ်၊ သိပ်ရက်စက်တယ်…ကျွန်မ၊ ကျွန်မ၊ အ..အ..အ“ စတဲ့ ဇာတ်လမ်းတွေမှာလည်း သရုပ်ဆောင်ပြ၊
သူတို့ကို ကြည့်နေတဲ့သူတွေထဲက အစ်ကိုကြီး ဦးလေးကြီးတစ်ယောက်ယောက်ကိုလည်း ဖက်နမ်းပြ၊ အဲ..အဲဒီအစ်ကိုကြီး ဦးလေးကြီးတစ်ယောက်ယောက်ကများ ရှက်ပြီး ထွက်ပြေးရင် သူက “ကိုကို ယောက်ျားမဟုတ်ဘူး၊ မောင်မောင် ယောက်ျားမဟုတ်ဘူး“ လို့အော်ရင်း အတင်းနောက်ကလိုက်နဲ့ လုပ်တတ်တော့ လမ်းထဲ ရပ်ကွက်ထဲက လူတွေ ရယ်လိုက်ကြတာ မပြောပါနဲ့တော့၊ တစ်ခါတလေ လမ်းသားတွေကတောင် သူတို့ကို သတိတွေရလို့ စောင့်မျှော်နေကြရတယ်။
နောက်ပိုင်း အရွယ်နည်းနည်းရလို့ သိတတ်လာတဲ့အခါ ခုနပြောတဲ့ ရှောက်သီးဆေးပြားရောင်းတဲ့သူတချို့ဟာ တကယ့်မိန်းမစိတ်ပေါက်နေတဲ့သူတွေ မဟုတ်ကြဘူး၊ သီချင်းဆို၊ သရုပ်ဆောင်ပိုးလေးကလည်းရှိ၊ ခွင်လေးကလည်း တည့်လို့ထင်ပါရဲ့၊ မရှက်မကြောက်မိန်းမလို ၀တ်ဆင်သရုပ်ဆောင်ပြီး သားကျွေးမှု၊ မယားကျွေးမှု ပြုနေသူတွေလို့ သိခဲ့ရတဲ့အခါ သူတို့အတွက်တောင် စိတ်မကောင်းဖြစ်ရပါတယ်။
ငယ်ငယ်ကတည်းက ကိုယ်က စဉ်းစားတယ်၊ သူတို့ ဒီလိုဘာလို့ လုပ်စားသလဲပေါ့လေ၊ ဘာဖြစ်လို့လဲဆိုတော့ လူတွေက တ၀ါးဝါးတဟားဟားနဲ့ ပွဲကျရယ်မော အူတက်နေချိန်မှာ သူတို့က နေပူကြီးထဲမှာ ပါးနီနှုတ်ခမ်းနီ ရဲရဲ ကြမ်းကြမ်း ဆိုးခြယ်ထားတဲ့မျက်နှာပေါ် ချွေးဒီးဒီး စီးကျပြီး ၀မ်းတစ်ထွာရဲ့ဝမ်းစာအတွက် အလုပ်လုပ်ကိုင်နေရတာကို သေချာကြည့်ပြီး ကိုယ်က စိတ်မကောင်းဖြစ်တတ်တယ်။
ဒါပေမယ့် ရှောက်သီးဆေးပြားတော့ တစ်ခါမှဝယ်မစားပါဘူး၊ အိမ်နားက အစ်ကိုကြီးတွေ၊ ဦးလေးကြီးတွေက သူတို့ကို ခေါ်ပြီး ကခိုင်း ဆိုခိုင်းရင်သာ ကိုယ်တို့ကလေးတစ်အုပ်က ၀အီတဲ့အထိ သူတို့လိုက်ကရာ သုံးလေးနေရာကို လိုက်ကြည့်တတ်ကြပါတယ်။
ငယ်စဉ်ကလေးဘ၀ ခုနတွေ့ခဲ့ဖူးတဲ့ အခြောက်(ဂေး)တွေကနေ နည်းနည်းလေးကြီးလာတော့ ရပ်ကွက်ထဲ နတ်ကနားပွဲတွေမှာ နတ်ကတော်အခြောက်တွေကို တွေ့ရလာသလို မိတ်ဆက်ဆံပင်ပြင်တဲ့အခြောက်တွေကိုလည်း နောက်ပိုင်းမှာတွေ့လာရတယ်။ အခြောက်တွေကိုတွေ့ရင် သူတို့ဟာ တစ်ခုခုထူးခြားနေတယ်လို့ ထင်တယ်၊ ပုံမှန်မဟုတ်ဘူး၊ လွဲနေတယ်၊ မကောင်းဘူးလို့ပဲ ကိုယ်ခံစားရတယ်။ သူတို့နဲ့ တရင်းတနှီးနေချင် ခင်ချင်တဲ့စိတ်တော့ မရှိခဲ့ပါဘူး။
ယောက်ျားတို့တတ်အပ်သောပညာများ
၅ တန်းကစပြီး ယောက်ျားလေးအထက်တန်းကျောင်းတက်တယ်။ ကိုယ် ၇ တန်းရောက်တဲ့အခါမှာတော့ သူငယ်ချင်းက ယောက်ျားတို့တပ်အပ်သော ပညာများထဲက အဲဒီအရွယ်မှာ ယောက်ျားလေးတွေ စိတ်ဝင်တစားလုပ်ကိုင်တတ်ကြတဲ့ ပညာတစ်ခုကို လက်တွေ့ကျကျ သင်ပြလာတယ်။
သူငယ်ချင်းချင်းဖြစ်နေတော့ ရှက်စရာမလိုကြဘူး၊ ယောက်ျားလေးကျောင်းလည်းဖြစ်တော့ ရှက်စရာဘယ်ရှိမှာတုန်း၊ ရှက်ဖို့က ဆရာမတွေပဲရှိတယ်။
သူငယ်ချင်းကလည်း သူငယ်ချင်းချင်းဖြစ်လို့ သူ့သူငယ်ချင်း တတ်သင့် တတ်အပ် တတ်စရာကို သင်ပြနေပေမယ့် ကိုယ့်စိတ်ကတော့ ဒီကောင် ဂေးများလားမသိလို့ စတင် တွေးထင်မိတာပါပဲ။ အခုတော့လည်း အဲဒီသူငယ်ချင်းက အရာရှိဖြစ်၊ အိမ်ထောင်ကျ၊ ကလေးတွေတောင် တစ်ယောက်မက ရနေပါပြီ။ ဂေးမဟုတ်တာတော့ ဟိုဘက်ကမ်းရောက်အောင် သေချာနေပါပြီ။
ရုပ်ရှင်ရုံမှာ
ကိုယ်က စာဖတ်တာ၊ ရုပ်ရှင်ကြည့်တာ ၀ါသနာပါတယ်။ ၁၀ တန်းရောက်တော့ ရန်ကုန်ကျောက်မြောင်းရပ် နေထိုင်ရာရပ်ကွက်ထဲကလွန်လို့ မြို့ထဲအထိ ခြေဆန့်ခွင့်(၁၀ တန်းကျူရှင်တက်ဖို့ပါ)ရပြီ။
ဒီတော့ တစ်ခါတလေ ကျူရှင်ပြီးရင် ဒါမှမဟုတ် ကျူရှင်ပိတ်ရင် ဒါမှမဟုတ် ကျူရှင်ကို ကိုယ့်ဘာသာပိတ်(လစ်)ပြီး ပန်းဆိုးတန်းစာအုပ်တန်း မွှေချင်မွှေ၊ ဒါမှမဟုတ် ရုပ်ရှင်ရုံထဲ ရောက်ချင်ရောက်တတ်တယ်။ အဲဒီမှာလည်း ဂေးနဲ့တွေ့ဖူးတယ်။
မြို့လယ်ရုပ်ရှင်ရုံတချို့ဟာ ရုပ်ရှင်ပြတာကို အကြောင်းပြုပြီး သွေးသားအရောင်းအ၀ယ်လုပ်တဲ့တခေတ် ရှိခဲ့ဖူးတယ်။ ကြေးစားမိန်းမတွေက ငွေရှာသလို ဂေးတွေလည်း အလွန်သောင်းကျန်းခဲ့ဖူးတယ်။
လိုင်းကားပေါ်မှာ
အကြိမ်ရေအတွက်အများဆုံးဂေးနဲ့တွေ့ဆုံမှုကတော့ ရန်ကုန်မြို့ရဲ့လိုင်းကားတွေပေါ်မှာပါ။ ဘတ်စ်ကား၊ ဟိုင်းလတ်စ်ကား၊ အဲကွန်းမကွန်းကားစုံမှာ ဂေးစုံနဲ့ စုံခဲ့ဖူးပါတယ်။ မုဆိုးဟာ သားကောင်အနံ့ကို သိနေသလို ဂေးတွေကလည်း သူတို့ရဲ့သားကောင်ကို သိနေတယ်ဆိုရင် ဒါဟာ ကျွမ်းကျင်ရာလိမ္မာရာလို့ပဲ ဆိုရမှာလား။
ဂေးစုံဆိုတဲ့နေရာမှာ မထင်ရလောက်အောင် ဗလကြီးတောင့်တောင့်နဲ့ဂေးရှိသလို အလွန်အရုပ်ဆိုးဆိုးဂေးတွေလည်း တွေ့ဖူးပါတယ်။ တစ်ခါတလေ ကိုယ်ကတောင် အော်.. ဂေးတွေနှယ်နော် မိန်းမလိုချောချောလေးဖြစ်နေလို့ ဂေးလုပ်ရင် ဘာမှမပြောလိုပါဘူး၊ အခုတော့ ဗလတောင့်တောင့် ရုပ်ရိုက်ပေါက်နဲ့ ဘယ်နဲ့များ ဂေးလုပ်စားကြသလဲလို့ သူတို့ကြည့်ပြီး တွေးမိပါတယ်။
တခါသားများ အဲဒီလိုဗလတောင့်တောင့် ဂေးကြီး(အသက်လည်းကြီးနေပါပြီ)တစ်ယောက်က “မင်းမှ မကြင်နာရင် တို့တော့ ရင်နာရပါတော့မယ်“ဆိုတဲ့ ညှို့ပေါက်နဲ့ မျက်လုံးလေးဝင့်ကာဝင့်ကာနဲ့ လူကိုကြည့်တာများ “အား..“လို့ပဲ အော်ပြီး ထွက်ပြေးရပါတော့တယ်။ တကယ်ကို ခံစားရပါတယ်။
မိန်းမချောချောလို့ ဂေးဖြစ်တာကို ခွင့်လွှတ်ချင်ခွင့်လွှတ်လိုက်လို့ရပေမယ့် ခုနဟာမျိုးဆိုရင်တော့ ထွက်လာတဲ့အလိပ်လိပ်သော(သလိပ်မဟုတ်ပါ)ဒေါသတွေကို သူ့ကို တရိပ်ရိပ်ကြည့်ရင်း တထိတ်ထိတ်နဲ့ ကိုယ့်များ ဘာလုပ်လို့ဘာကိုင်ထည့်လိုက်မလဲဆိုတာ ကြည့်လည်းကြည့် ရှောင်လည်းရှောင်နဲ့ ရှောင်လိင်သိုင်း (ရှောင်လင်ထက်အဆင့်မြင့်သောသိုင်း)ပါ အလိုလိုတတ်သွားပါတော့တယ်။ သူတို့ကတော့ “လူဆိုး“ဆိုတဲ့ အကြည့်တစ်ချက်လေးနဲ့ နောက်အမဲ တစ်ကောင်ဘက် ထွက်သွားတာမျိုးက များပါတယ်။
ရုပ်အလွန်ဆိုးတဲ့မိန်းမတစ်ယောက်က ကိုယ့်ကို ပွေ့ဖက်နမ်းရှုံ့ရုံတင်မကပါဘူး၊ အတင်းကာရောနဲ့ အစွန်းဆုံအထိ မဟုတ်တာလုပ်လာရင်တောင် ခံစားပေးလိုက်လို့ ရပါသေးတယ်၊ ခုနပြောခဲ့တဲ့ ဂေးတစ်ယောက်ကများ ကိုယ့်ကို မျက်လုံးလေးစွေကြည့်သွားရင်တော့ သုံးလေးရက်လောက် မချိအောင်နာနေတတ်ပြီး အစားအသောက်တောင်ပျက်သွားတတ်ပါတယ်။
တစ်ခါ ခုနပြောခဲ့တဲ့ ရန်ကုန်မြို့ရဲ့ ကျပ်တည်းလှတဲ့လိုင်းကားတွေပေါ်မှာ ဂေးနဲ့တွေ့လို့ မဟုတ်မဟပ်စိတ်နဲ့ အကြံခံရတဲ့အခါများမှာဆိုရင် မိန်းကလေးတွေကတောင် အလားတူအဖြစ်မျိုးကြုံရင် ခုခံကာကွယ်ပိုင်ခွင့်၊ အကူအညီတောင်းပိုင်ခွင့်က သာနေပါသေးတယ်။ ကြည့်လေ မနှစ်ကဆိုရင်ပဲ လိုင်းကားပေါ်မှာ မိန်းကလေးတွေကို နှမသားချင်းစာနာပြီး မကိုင်မတွယ်ဖို့ ကြော်ငြာစာတွေကပ်တယ်မို့လား။ ယောက်ျားလေးတွေကျတော့ ဂေးလက်ကလွတ်အောင် ဘယ်သူကများ ကူ/ကယ်ပေးကြ လို့လဲ။
ဒီဇာတ်လမ်းကို ကြည့်ပါ၊ မိန်းကလေးတစ်ယောက်ဟာ သတ္တိသာ ရှိပါစေ၊ သူ့ကို မဟုတ်တရုတ်လုပ်တာကို မခံစားနိုင်ရင် အော်လို့ဟစ်လို့ အကူအညီတောင်းလို့ ရပါတယ်။
ကားက ချောင်ပါတယ်ဆိုတာထက်တော့ ပိုသွားပြီ၊ ရှင်းရှင်းပြောရရင် ကျပ်နေတယ်၊ မသီတာ ထင်တော့ထင်နေတယ်၊ ဘာလုပ်ရင်ကောင်းမလဲမသိဘူးလို့လဲ အကြိမ်ကြိမ်တွေးနေမိတယ်။ ဒီလူတော်တော်လွန်နေပြီ၊ တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်၊ မတော်တဆလည်း မဟုတ်၊ ကားကလည်း တရားလွန်ကျပ်သေးတာမဟုတ်။
ခုနကမှ တစ်ချက်တစ်ချက် လာလာထောက်နေတာ၊ အခုကတော့ ဆက်တိုက်ဆိုသလို တည့်တည့်ကြီးကို ကပ်ထားတာမျိုးဖြစ်နေပြီ။ ပြီးတော့ သူ့ဟာက မာမာတောင်တောင်ကြီး..။ မိန်းကလေးမို့ အရှက်နဲ့လူလုပ်တာဆိုပြီး ငြိမ်ခံနေလို့မဖြစ်တော့၊ ငြိမ်ခံနေရင် သူက ကြိတ်ရယ်ပြီး သဘောတောင်ကျနေဦးမှာ… ကိုယ့်ကိုလည်း အလိုတူအလိုပါလို့ ထင်သွားနိုင်တယ်။ အဲဒီလို ဒီလူထင်သွားတာကမှ တကယ်ရှက်ဖို့ကောင်းတာ၊ ပြီးတော့ ရှက်ချင်းရှက်၊ အမေနှမ မစာနာဘဲ မဟုတ်တာလုပ်တဲ့ သူက ရှက်ရမှာပဲ။
ဟုတ်ပြီ..တစ်ချက်တော့ ကားပေါ်ကလူတွေကြားသွားအောင် အော်ထည့်လိုက်မယ်၊ ကိုယ်တော်ယုတ် ဆင်းပြေးချင် ဆင်းပြေး၊ မပြေးလည်း သူ့မျက်နှာသွေးဆုတ်/သွေးပျက်လောက်အောင် ရှက်ဖို့ကောင်းသွားပြီ။ တော်တော်လူပါးဝတဲ့လူ ပြောကိုပြောရမယ်၊ “သီတာ..သတ္တိမွေး၊ သီတာ…မခံနဲ့တော့၊ သီတာ…အော် အော်“။ မသီတာ တစ်ကိုယ်လုံးကို ကျုံ့သွားအောင် ကီ ယူလိုက်ပြီး….
“ဟိတ် နောက်ကလူ၊ ရှင်တော်တော် မိုက်ရိုင်းပါလား၊ မပြောချင်လို့ ငြိမ်နေတာကို အကောင်းမထင်နဲ့၊ အမေနှမ ကိုယ်ချင်းမစာဘူး၊ ဘာဖြစ်လို့ နောက်ကနေ ထောက်ထားရတာလဲ“လို့ အသံကို ရသမျှညှစ်ပြီး ဟစ်အော်လိုက်တာတောင် မသီတာကိုယ်တိုင်က ရှက်နေသေးလို့လား မသိ၊ စိတ်ကူးထဲမှန်းထားသလောက် အသံက ထိုးထောင်ထွက်မသွားခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် ဟိုလူတော့ မျက်နှာကြီးထူပူပြီး ကားတစ်စီးစာ လူကြားထဲ ရှက်သွားလောက်ပြီလို့ မသီတာတစ်ချက်တွေးပြီး ဘာရယ်မဟုတ် ရုတ်တရက် ပြုံးမိသွားတယ်။ အဲဒီအပြုံးက တစ်စက္ကန့်တောင် မခံ၊ ဘာပြုလို့လဲဆိုတော့ တစ်ကားလုံးနီးပါးရှိတဲ့ လူတွေဆီက ရယ်သံအကျယ်ကြီးတစ်ချက် ၀ါးဟားဟားဆိုပြီး ထွက်လာလို့ဖြစ်တယ်။ မသီတာ တပ်အပ်စွပ်စွဲလိုက်တဲ့နောက်ကလူပြောလိုက်တဲ့ စကားကတော့…
“ထီးပါဗျ“တဲ့။ အဲဒီပြောတဲ့လူမျက်နှာကလည်း ရဲလို့။
အဲဒီ မသီတာလို မိန်းကလေးတွေမှာ လိုင်းကားပေါ်မှာ ဒါမှမဟုတ် လမ်းမပေါ်မှာ ဒါမှမဟုတ် အခြေအနေတစ်ခုမှာ လိင်ဆိုင်ရာမတော်မတရားလုပ်တာခံရရင် အော်လိုက်ဟစ်လိုက် အကူအညီတောင်းခံလိုက်လို့ရပါတယ်။
“ဟုတ်လား၊ ညီမလေး၊ ညီမလေးကို ဒီကောင် ဘာလုပ်သလဲပြော“ ဒါမှမဟုတ် “မမ..ပြော၊ ပြော၊ အခုပြော၊ ဒီကောင် ဘာလုပ်သလဲ“ဆိုပြီး ပဏ္ဏာယူလို့ ဆွမ်းကြီးလောင်းမယ့်သူတွေ၊ ၀ိုင်းဆော်ချင်တဲ့သူတွေ၊ မြန်မာ့သားကောင်း အမျိုးသားအပေါင်းက နေရာတကာမှာရှိပါတယ်။
စောနက ပြောခဲ့တဲ့ ဂေးတွေနဲ့ တွေ့ခဲ့တဲ့ ယောက်ျားလေးတွေခမျာသာ ဘယ်လိုအော်မလဲ၊ ဘယ်သူ့အကူအညီတောင်းမလဲ၊ ဒီကြားထဲ ဂေးတွေရဲ့ “တို့ကို မသနားတော့ဘူးလား“ဆိုတဲ့ ခံစားချက်စကွဲယားတင်ရမယ့် မျက်နှာပေးတွေကို ဘယ်လိုလွတ်အောင်ရှောင်ရလဲ၊ တေပြီ။
လုပ်ဖော်ကိုင်ဖက်
အသက် ၂၃ နှစ် (တကယ့် အသန့်အစင် အရွယ်လေးပေါ့၊ သူတို့စကားနဲ့ဆိုရင် အဆင်(စင်)လေးဟယ်ပေါ့) ကစလို အခု ၃၃ နှစ်အထိ ၁၀ နှစ်တာကာလအတွင်း အလုပ်လုပ်ခဲ့တဲ့ကာလတလျှောက်မှာလည်း သွားရင်းလာရင်း ဂေးတွေနဲ့မလွတ်ခဲ့ရပါဘူး။ တချို့ဆို ကိုယ်ဘယ်လိုမှမထင်ထားသူတွေ၊ ကိုယ်လေးစားအားကျရသူ တွေ၊ သူတို့လည်း ဂေးပါပဲလား။
နောက်ဆုံးတော့ ဘုရားပေးတဲ့ ကိုယ့်ရဲ့မြင့်မားတဲ့ ကိုယ်နေဟန်ထား ဂိုက်ဆိုက်ကပဲ ဂေးကြိုက်ဖြစ်နေရော့လား၊ ရုပ်ဖြောင့်ဖြောင့်လေး မွေးပေးထားတဲ့ အမေ့ပဲ အပြစ်တင်ရမလား၊ ကိုယ့်ကို အတင်းကာရောရအောင် မကြံစည်ကြတဲ့ မိန်းကလေးစစ်စစ်တွေကိုပဲ စိတ်ဆိုးရမလား၊ ဘယ်သူမပြု မိမိမှုဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပါးပိတ်ရိုက်ရမလား။ ဂေးကံကောင်းကြီးကို…။
၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၁၁ နာရီ ၁၁ မိနစ်။
ကိုကြီးမျိုး…အဲသည်က ဘိုမ၀၀ကြီးတွေက အတင်းကြံတာခံရရင်ကော…
ဧကန၊ Bro ဂေးနဲ့ ထဲထဲဝင်ဝင် တွေ့ခဲ့မိပြီထင်ပါ့…. 😛
Brother love gays:)))
ဖြစ်မှဖြစ်ရလေဗျာ… ဘာပဲပြောပြော သူတို့အပေါ်နားလည်ပေးရင် တစ်ချိန်တည်းမှာပဲ ကြည့်ကြက်ရှောင်ပေါ့ဗျား)
တကယ်တော့လည်းသူတို့တွေဟာသနားစရာကောင်းလှပါတယ်
ဒီမှာ ဂေးတွေလဲ တောင်းဆိုဖို့ ဆန္ဒပြဖို့လုပ်ကြသေးတယ်၊ တချို့က ပြန်ပြီး အကြမ်းဖက်ဖို့လဲ လုပ်ကြတယ်၊ ဒါနဲ့ ဂေးတွေ မလှုပ်ရဲကြဘူး၊ ခရိုအေးရှားရောပဲ တူတူပဲ၊ သူတို့ တန်းတူ အခွင့်အရေးမရသေးဘူး၊ တချို့ဂေးတွေ သူတို့ ကိုယ်တိုင် အဲလိုဖြစ်နေတာကိုလဲ မကြိုက်ကြဘူးတဲ့ ၊ သနားပါတယ်
အရမ်းရယ်ရတယ်
Brother ကတော်တော်အရေးအသားကောင်းတာပဲ……
အမလေးးးးးးးးးးလေး အတော်ရီရသာပဲ
ဂေးအခွင့်ရေးလှုပ်ရှားသူများမဖတ်ရဆိုမှ ပိုဖတ်ချင်မိသွားတယ်။ ဖတ်ကြည်တော့လဲ စိတ်ဆိုးစရာမပါပါဘူး။ ဘာပဲဖြစ်ဖြစ်လူဆိုတာ ကိုယ့်ခံစားချက်နဲ့ကိုယ်ပဲလေ နားလည်ပါတယ်။