အိပ်ရာထက်အသာလဲလှောင်းရင်း စိတ်ကိုဖြေလျော့ထားလိုက်တယ်။ ဘယ်အရာမှ အလွယ်တကူမရတတ်ကြောင်းကို သဘောကောင်းကောင်းပေါက်ပြီးသားမို့ အလကားပေါပေါများများကို မမျှော်လင့်တတ်တာကြာပေါ့။
တီဗီချန်နယ်လ်က ဖက်ရှင်လိုင်းဖွင့်ထားတာမို့ တီဗီကိုကြည့်လိုက်တော့ အရွယ်ကောင်း ကောင်မလေးတွေ ဒီဘက်လျှောက်လာလိုက် ဟိုဘက်ပြန်ထွက်သွားလိုက် လုပ်နေတာကို တွေ့ရတယ်။ အရင်ကဆိုရင်တော့ သူတို့တွေကို အငမ်းမရကြည့်တာပေါ့၊ အခုတော့ မကြည့်ဘူးလည်းမဟုတ်ပါဘူး၊ စိတ်ကတော့ အားရပါးရ သိပ်မရှိလှဘူး။
တံခါးဝမှာအသံတွေများများကြားလိုက်ရပြီဆိုကတည်းက သူတို့ရောက်လာကြပြီဆိုတာ သိလိုက်တယ်။ ရွေးချယ်ခွင့်မများတဲ့ဘ၀မို့ ”သူ” လို့ တစ်ခွန်းတည်းပြောပြီး တစ်လက်စတည်း ပြုံးပြလိုက်တယ်။ ဘာမှလည်း လျှို့ဝှက်ထားစရာမရှိဘူးလေ၊ မဟုတ်ဘူးလား။
သူက ခပ်ပြုံးပြုံးလေးနဲ့ ကိုယ်နဲ့အတူ အခန်းထဲဝင်လိုက်လာတယ်၊ ကြည့်ရတာ မင်းသမီးတစ်ယောက် ရှုတင်ကို လာသလိုမျိုး၊ သဘောကျစရာကောင်းပါတယ်။ ရှုတင်ပဲထားပါတော့။
ပထမပိုင်းမှာတော့ ဂိုးမသွင်းသေးဘဲ ခြေစမ်းတဲ့ဘောလုံးနှစ်သင်းလို ကိုယ်တို့လည်း တစ်ယောက်နဲ့တစ်ယောက်အကဲစမ်းကြတယ်။ သွက်သွက်ကလေးထွက်လာတဲ့ရယ်သံလေးတွေ သင်းသင်းလေးထွက်နေတဲ့အနံ့လးတွေ တလက်လက်အရောင်ထွက်နေတဲ့မျက်ဝန်းလေးတွေ တကယ်ကိုချစ်ဖို့ကောင်းပါတယ်။
အပြာရောင်လူးထားတဲ့ညဟာ တဖြည်းဖြည်းနွေးထွေးလာခဲ့တာကို သူရော သူမရော သိလာကြတယ်။ မအ၀ှာကတော့ အများကြီးကို ကျွမ်းကျွမ်းကျင်ကျင်ကြီးသိတယ်။ ဒီလိုနဲ့ အနမ်းတွေဖလှယ်ရင်း စိတ်တွေတောင်လျှော့ချထားလိုက်ကြတယ်။ လျှို့လျှို့ဝှက်ဝှက်နဲ့ ကခုန်ကြရတာကိုပဲ ပျော်နေကြတော့တယ်။
သူ့အတွက် သူမကိုယ်တိုင်ပေးတဲ့ဝန်ဆောင်မှုမှာလည်း သူဖျားသွားတာပါပဲ၊ သူမက သဲ့သဲ့ကလေးရယ်တယ်၊ တကယ်လည်း အံ့သြနေတယ်။ တစ်ခါမှ မကြုံဖူးဘူးဆိုပဲ၊ သူ့ရဲ့နုသစ်မှုကိုလည်း သူမ ကျေနပ်ဝမ်းမြောက်သွားပုံရပါတယ်။ သူကိုယ်တိုင်ကလည်း ကျေကျေနပ်နပ်ကလေးရှိတော့ ညကလေးက ပိုပျော်ဖို့ကောင်းသွားတယ်။
ဖက်ရှင်တီဗီထက် ကိုရီးယားကားကို သူမပိုကြိုက်တယ်၊ မင်းသားမင်းသမီးတော်တော်များများကို သူမသိတယ်။ သူကတော့ သိပ်စိတ်ဝင်စားမှုမရှိဘူး၊ နောက်တစ်ဝိုင်းကစားဖို့ကိုပဲ သည်းကြီးမည်းကြီးလုပ်နေတယ်။ သူမကတော့ လှလှပပလေး မသိချင်ယောင်ဆောင်လို့၊ တကယ်တော့ အရာအားလုံးဟာနေသားတကျရှိနေလွန်းတာ အံ့သြဖို့မကောင်းဘူးလား။
တတိယကစားဝိုင်းမှာလည်း သူပဲရှုံးပြန်တယ်၊ ဒီလိုဆိုတော့ သူဟာ သူမထက်အတော်ကြီးကို နုလွန်းနေတယ်ဆိုတာ ထင်ရှားနေပါပြီ။ သူမက သဘောကောင်းတယ်၊ ပုံပြင်တွေ ပြောပြသလို သူအားတက်အောင်လည်း ရှင်းလင်းဖွင့်ဖော်တယ်။ ဒီညအတွက်တော့ သူနဲ့သူမဟာ ပေးဆပ်မှုအပြန်အလှန်နဲ့ စုစုစည်းစည်းရှိခဲ့တယ်။
နောက်ဆုံးမခွဲခွာခင် နှုတ်ဆက်ကြတယ်၊ ပေးစရာယူစရာစာရင်းရှင်းကြတယ်။ သူနဲ့သူမဟာ မောင်နှမတွေလို ကြည်ကြည်သာသာရှိပြန်တယ်။ ဒီညဟာ ညည့်တာတိုပေမဲ့လှပနေပြန်တယ်။ အပြင်မှာတော့ လူတွေ အလုပ်ရှုပ်နေတုန်းပါပဲ။ သူ သဘောကျလို့မဆုံးပါဘူး၊ ပင်ပန်းနေတာက လွဲလို့ပေါ့လေ။
ကောင်းလိုက်တာဆရာ…… မိုက်တယ်… အတွေ့အကြုံနုသေးတယ်ဆိုတော့ ဆက်သာလုပ်ပါ…..
ကြာရင်ကျနော်တို့ ကိုသီဟတို့လို ရင်းသွားလိမ့်မယ်…
ဟီးဟီးးးးးးးးးးးးးးးးးးးးးး နောက်တာနော်ဆာ…..
အရမ်းကောင်းတဲ့အရေးအသားပဲဗျာ . . . .ချီးကျူးပါတယ်
မရည်ရွယ်ဘဲနဲ့တစ်ထိုင်တည်းဖတ်ဖြစ်သွားလောက်အောင်အစီအစဉ်တကျရှိပြီးစွဲဆောင်မှု့ရှိလွန်းပါတယ်။
ကိုယ့်အတွက်တော့….သာယာလှပတဲ့ညတစ်ညမှာအလှတရားစုံတဲ့ မော်ဒယ်ဘုံကိုရာက်သွားသလိုပါဘ။ဲ(သန်ရာသန်ရာတွေးတောကြပါကုန်)။
အတွေ့အကြုံသစ်တွေမျှဝေပေးတဲ့အတွက်သူငယ်ချင်းကိုကျေးဇူးအထူးတင်ပါတယ်။
ချစ်တဲ့သူငယ်ချင်း…မာ…ကြီး…ရှည်…ပါစေ။
ချမ်းအေး