ပန်းနွယ်ခွေလေး စမ်းနှယ်တကယ်အေး
ဒီပုံအတိုင်း ရှာရခက်ပေါ့
မောင်ရင်ဟာ အရင်လိုမဟုတ်
တဒုတ်ဒုတ်နဲ့တိုးတဲ့ သွေးဟာ ပူလောင်ဆူမြိုက်
မမထိုးတဲ့ အရှိုက်ဟာ ထိတယ်
မမသေးသေးအပြုံးမှာ ညိတယ်

ထူးဆန်းမှုဟာ ဟိုဘက်ကမ်းမှာ ရှိတယ်
နေမထိ ထိုင်မသာ ဘ၀မျိုး
တစ်စက္ကန့်လေးမှတောင် မတမ်းတခဲ့သူမှာ
အချိန်ပျောက်သွားသယောင် ရူးတယ်
သူမကတော့ အခုထက်ထိ မသိသေး
လှပ်လှပ်ကလေး လုပ်နေဆဲ

အတွေးထဲမှာလည်း တဖျပ်ဖျပ်
နန်းဆန်ဆန်လေး ပေါ်လာတတ်ပြီ
ဟိုအရင်ခံစားဖူးတာတွေနဲ့ မတူတော့ခက်ပြီ
ဒီဂရီတိုးပုံကတော့ ကြောက်စရာကောင်းနေပြီ
ရူးပြီ

မရေရာမှုတွေ များသထက်များလာ
သေချာနေတာတစ်ခုကတော့
အချိန်တိုးသရွေ့ ခံစားမှုတိုးလာမှာကိုသာ
ဘယ်လိုလုပ်ရပါ့လိမ့်
ဘာဆေးစားရပါလိမ့်
တသိမ့်သိမ့်နဲ့ ရူးရတာ မကောင်းလိုက်တဲ့အမျိုး
နောက်ကျောဓားထိုးခံရသလို
ဒီဘ၀တော့ ဆဲရင်းသေရတော့မယ်ထင်ပါ့။

မတ် ၃၁၊ ၂၀၀၉။