တစ်ရက်သားမှာ

မှန်ရှေ့ထိုင်ရင်း ကိုယ့်ရုပ်ကိုယ်ရှု

မျက်ခုံး မျက်လုံး နှာခေါင်း နှုတ်ခမ်း

စောကြောဝေဖန်

ကောက်ချက်လှလှ ဖော့ဖော့ချ၏

လူချောလေးပါတကား။

 

ခဏတွင်း၌

စိတ်တွင် အတွေးပေါ်မိပြန်သည်

နာ့ မျက်ခုံးလှုပ်၍ ရသလား 

ရ၏

မျက်လုံးမျက်တောင် ခပ်၍ ရလား

ရ၏

တစ်ခါ…

နှာခေါင်း၊ နှုတ်ခမ်း

နေ့စဉ် ရှုရှိုက် စားသောက်နေတာ

သွက်သွက်တောင် လှုပ်ရ၏

ကျန်သည့် အပိုင်းများကော

အလှုပ်ကြီးနဲ့ အလှုပ်လေးသာ ကွာသည်

ရပါ၏

နားရွက်တစ်ခုကျန်၏

နာ့ ဆရာ

ရပြန်၏

ထူးပေ၏ ဆန်းပေ၏

ဤကား ကျွန်ုပ်ဂေါက်ပြီးနောက် အဖြစ်အပျက်တစ်ခုပေတည်း။

 

မတ် ၁၉၊ ၂၀၀၉။