ထိုင်လျှက်ကုလျှက်က ပက်လက်ဖြစ်သွား

တည့်တည့်ကြည့်လျှက်က မျက်စိမှိတ်သွား

သွေးတိုးနှုန်းများ ကျဆင်းသွား

အသက်ရှုသံများ ပါးလျှသွား

ကုတင်ပတ်လည် လှုပ်ရှားအလုပ်များသွား

နာကတော့ ငြိမ်သက်

ပျော့ပျော့လျော့လျော့ပေါ့ပေါ့

သေသွားနိုင်သလား

သေသွားစမ်းပါစေ

နာ သေသွားနိုင်သလား

နာ မသေနိုင်ဘူးလား

ဘာမှ ဆက်မတွေးဖြစ်ဘူးလား

သေခြင်းတရား

ဒီအရွယ်မှာပဲ သေကြတယ်

ဒီအရွယ်ငယ်ပါသေးတယ်

တကယ်တော့ တကယ်ဖြစ်သွားခဲ့တာ

သေတော့မလို့။

 

မတ် ၁၃၊ ၂၀၀၉။

မတ် ၁ ရက် ညနေ ရ နာရီခန့်က ကျည်းပေါင်းတက်အတွက် အိပ်စိုက်ကုသမှုခံရင်း အိပ်ရေးပျက် အားနည်းမှုကြောင့် သွေးပေါင်ချိန်များ ရုတ်တရက်ကျဆင်းသွားခဲ့မှုအမှတ်တရ။