သေရော

“ဂေါက်” တဲ့

လူကို ဂေါက်သွားတာပဲ

နဂိုကတည်းကလည်း ဂေါက်တောက်တောက်မို့

ဂေါက် ဂေါက်ခြင်း တွေ့ကြပြီကော

အသားစားကျူးခဲ့သူ

ဘီယာအရက်ကြိုက်တတ်ခဲ့သူ

အဆီအစိမ့်မက်စက်ခဲ့သူ

ကျန်းမာရေးကို ဂရုမစိုက် ခပ်မိုက်မိုက် ခပ်ဆိုးဆိုး ထင်ရာလုပ်သူ

အခုတော့ ဂေါက် ပေါ့

ဟိုနားက နာသလို

ဒီနားက အောင့်သလို

မောမောပြီး လျှောတော့မလို မျက်နှာပေးနဲ့

မာမာတောင့်တောင့်ကြီးက ရှက်လောက်စရာ

အခုတော့ ဂေါက်သွားပြီတဲ့။

 

မတ် ၁၂၊ ၂၀၀၉။