ဝေလီဝေလင်း နှင်းနဲ့အမှောင်တွေရှိနေသေး

သစ်ပင်ကြီးတွေကို ကြောက်လို့ကောင်းတုန်း

ရင်တလှပ်လှပ်တုန်လို့

နေမင်းမျှော်ရတာ အရသာ၊

 

သူက သူ့ကို ချစ်တယ်

သူ့ကို သူက ချစ်တယ်

ချစ်တယ်နဲ့ ချစ်တယ် တွေ့တယ်၊

 

နှင်းတွေ ကျနေတုန်းပဲ

သစ်ပင်ကြီးတွေကို အရုပ်လို့ထင်နေတုန်းပဲ

နေမင်းကြီးကို မျှော်လိုက်ရတာ မောလို့၊

 

ရောင်နီရယ်

ဒီအမှောင်တွေ နှင်းတွေရယ်ကို

ဖယ်လှည့်ပါကွယ်။

 

မတ် ၁၂၊ ၂၀၀၉။