အဖြေသိမှတော့ ဘယ်လိုလုပ် ရင်ခုန်စရာကောင်းတော့မလဲ

ဒါပေမဲ့

မနိုင်ရင်တော့ မလုပ်လိုက်နဲ့ ကိုယ့်လူ

ကိုယ့်ထွက်ပေါက် ကိုယ်မတွေ့လို့

ထောင်ချောက်ထဲ ပိတ်မိနေလိမ့်မယ်

အကွက်လှလှရွှေ့တတ်သူများအတွက်တော့

သိပ်ပျော်စရာ ကောင်းတယ်

နှလုံးအားတော့ ကောင်းပါစေ ချစ်သူ

တစ်ရက်ပြီး တစ်ရက်

တစ်ပတ်ပြီး တစ်ပတ်

ကစားကွက်တွေ မထပ်အောင် ကြံဆရင်း

အဖြေတွက်ရတာ

ကိုယ့်အတွက်တော့ သိပ်ကြိုက်တဲ့အစားတွေ စားရသလိုပါပဲ

အရိုးတော့ကြည့်ရှောင်ရပါတယ်

ဒါ ရိုးရိုးသားသားပြောတာ

မနက်ဖြန်များစွာအတွက်

ကိုယ့်အသက်ရှုမှုအတွက်

စတေးတယ်လို့တော့ မမှတ်လိုက်ပါတဲ့

မင်းတို့မသိတဲ့ ပဟေဠိတွေကို 

ဆက်ကစားခွင့်ပြုပါ

ဒါ နာ့ရှင်သန်မှုပါ။

 

မတ် ၁၂၊ ၂၀၀၉။