ချစ်သူမျက်နှာ နုနုလေး

ပြုံးပန်းတွေ ဝေနေလို့

သူပြုံးပြုံးပြီး

ငုံ့ငုံ့ပြီး ရယ်နေလို့

နှင်းဆီနှုတ်ခမ်း နတ်သမီး

နီနီရဲရဲ အကွင်းလေးတွေ

တစ်ကွင်းပြီးတစ်ကွင်း

ပို့လွှတ်လို့ လှပနေ

ချစ်သူပါးက သနပ်ခါး

ဖွေးဖွေးဖြူလို့ လှတယ်တအား

ချစ်တယ်ဗျား

မျက်လွှာအား ချသွားကာ ရှက်တာများ။

 

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉။