သဲ့သဲ့ကလေးရယ်

သွက်သွက်ကလေး လှုပ်ရှား

ဖိနပ်တင်းတင်းစီးထားတော့ ပေါ့ပါးနေတာများ

ဟိုကြည့် ဒီကြည့်

တောင်ကြည့် မြောက်ကြည့်

ဖောက်သည် အသိ ရှာပုံမျိုး

တစိမ်းတရံစာနဲ့ ချက်ချင်းလက်ငင်း ရင်းရင်းနှီးနှီးဖြစ်တယ်

သူ့အလုပ်ကြောင့်လည်း ဖြစ်မယ်

လှစ်ကနဲ လှစ်ကနဲ နဲ့ ခံစားချက်ကလည်း ကောင်းလွန်းတော့

ခက်တယ်

မခံစားရမဲ့အလုပ်မှာ သူခံစားလွန်းတယ်

တကယ်တော့

ရှုရှု မရှုရှု သူဟာသူ ရှိတယ်

သိသိ မသိသိ ဘေးမှာရှိတယ်

ကောင်းကောင်းဆိုးဆိုး သူအရေးပါတယ်

ဘယ်လိုလဲကွယ်

တိုးတိုးညင်းညင်း သင်းသင်းသာသာ 

အိပ်ပါ့မယ်

မင်းမသိစေရဘူး

တိတ်ပါ့ကွယ်။

 

ဇန်န၀ါရီ ၂၇၊ ၂၀၀၉။