ရှက်တယ်

လူကိုမကြည့်ပါနဲ့

ခက်တယ်

ဘာမှလည်းမလုပ်တတ်ဘူး

ပြတ်တယ်

ရှင်းချင်လို့ ဒီလိုနေတာ

နှက်မယ်

ခပ်ကင်းကင်းနေလို့ ရွံကြကြောက်ကြတယ်

ဟက်ကနဲ ရယ်

ပက်ကနဲ တွယ်

ဖျတ်ကနဲ ကွယ်

ပေါ်လိုက် ပျောက်လိုက် ကြည့်လိုက် ထောက်လိုက်

မုန်းမုန်းနဲ့ လုပ်လိုက်ရရင်

ရက်စက်သူလို့ ပြောကြဦးမယ်

ခက်ပါတော့ပြီ

လူကို မကြည့်ပါနဲ့ကွယ်

ချစ်တဲ့သူများရယ်။

 

ဇန်န၀ါရီ ၂၇၊ ၂၀၀၉။