အချစ်ငတ်သူမို့

မရှက်တမ်းရှာ

ခိုက်မိကြိမ်ပေါင်းများစွာ

သေလုလု

မလျှော့တမ်းဆက်လျှောက်

မကြောက်တတ်သမို့

မရွံ့သူမို့

တော်တော်များများ ခါသွားကြလည်း

ရှက်တတ်ရင် ခုနစ်ဘ၀လောက် ဆက်တိုက်သေနိုင်သား

ဒီမဟာလွင်ပြင်များ သဘောကောင်းပုံ

ငမိုက်သားကို အသက်ရှင်ခွင့်ပေးတုံး

အချစ်နတ်သမီးကလည်း ကတိလိုက်လွန်းတယ်

ဘာကြောင့်များ သနားသတုံး

ထောင်သွင်းအကျဉ်းချဖို့ကောင်းတဲ့ ကောင်

လွတ်မြောက်နေသေးတာ အံ့လို့မဆုံး

သေ သေဖို့ကောင်း

ဒီလွင်ပြင်ဟာ လှတယ်

အပြာရောင်လွင်ပြင် 

ခရမ်းရောင်လွင်ပြင်

မရမ်းရောင်လွင်ပြင်

စိတ္တဇလွင်ပြင်

အတ္တလွင်ပြင်

အမျိုးမျိုး ပြဆို တင်စား

ပန်းချီဆရာ ကင်းဗတ်စ်လို

တင်သမျှအရောင် လက်ခံလွန်းတယ်

ခက်တယ်

မသေ သေးသရွေ့ချစ်နေဦးမဲ့ကောင်

မေတ္တာရင်ခွင် အက်ကွဲလို့

ချက်ထဲဝင် မြန်မြန်သေပါစေ

ဒီလွင်ပြင် အမှောင်ဖုံးလို့

လူလုံးပျောက် ဘ၀ဆုံးစေ။

 

ဇန်န၀ါရီ ၂၆၊ ၂၀၀၉။