တံတောင်လေး အပေါ်မြှောက်ကွေး

ဆံစုနောက်စည်းကို တင်း

ခပ်သင်းသင်းလေး လုပ်ပုံက

လှတယ်၊

သူ မြှူသလား

သူ ယူသလား

သူပဲသိမယ်၊

ညိုညိုညက်ညက်ကလေးမို့ စွဲတယ်

နေရာကလေးကတော့ ဖြူတယ်

ဝိုင်းဝိုင်းနက်နက်ကလေးမို့

လှတယ်၊

တခြားလည်း ဘာမှမလုပ်ပါဘူး

နေမထိတာတော့ ခက်တယ်

မျက်လုံးထဲ စွဲနေတော့တယ်၊

အလိုလိုတတ်ထားတဲ့ ပညာတွေလား

စက္ကန့်ပိုင်းအတွင်း လုပ်သွားတာများ

အကာအကွယ်ကို မယူနိုင်လိုက်ဘူး တကယ်

လှတယ်၊

အဲဒီနောက်မှာတော့

တွေးချည်းနေမိတော့တယ်

ဖြူဖြူဝိုင်းကလေးကိုကွယ်

နက်လှတယ်။

 

ဇန်န၀ါရီ ၂၆၊ ၂၀၀၉။