မသောက်ဘူး မသောက်ဘူး ခါးတယ်

မချစ်ဘူး မချစ်ဘူး စားမယ်

သူများသောက်တော့ သောက်ချင်တယ်

လျှာခါးမှာတော့ စိုးလှတယ်

သူများချစ်တော့ အားကျတယ်

ပြာသွားမှာတော့ စိုးရွံ့တယ်

ကော်ဖီသောက်ပြီး အချိုမမျိုချင်ဘူး

ဂေါ်လီလုပ်ပြီး အပိုမဆိုချင်ဘူး

ကော်ဖီတစ်ကြိမ် စမ်းမိတယ်

ခါးသက်လွန်းသမို့ ထွေးထိတယ်

တော်ကီတစ်ကြိမ် ပွေးမိတယ်

တော်ပြီ အကြိမ်ကြိမ် တွေးလို့ရယ်

× × × ×

လက်တွေ့ကင်းတဲ့

အိပ်မက်နန်းတော်ထဲမှာတော့

အချစ်နဲ့ ကော်ဖီ

အတူသောက်လို့ကွယ်။

 

ဇန်န၀ါရီ ၂၆၊ ၂၀၀၉။