အေးအေးပဲ နေချင်တယ်

ကိုယ့်စိတ်ကိုယ်ရှင်းအောင် ပိုင်းဖြတ်ပြီးသား

နောက်တစ်ထစ်လှေကား စိတ်ကူးထဲမြင်ယောင်လို့

သွေးသားတွေ ဖောက်ထုတ်ပစ်ဖို့ လိုပြီ

အနာဂတ်ဖျာတစ်ချပ်အတွက် 

လေကလေးချွန်လို့ နေချင်လှတယ်

ပင်ပန်းတယ်

စိတ်ညစ်တယ်

ရင်ထဲမှာ ငိုတယ်

မျက်နှာတွေ ကြမ်းတမ်းလာပြီး စိတ်ထားက နုလာတယ်

အနုပညာကို စတင်စိတ်ဝင်စားလို့

အလှအပကို ပိုစိတ်ဝင်စားလာတယ်

အခြောက်တွေက အလှအပကို စိတ်ဝင်စားတယ်

ဒါဆို….

အို အမျိုးသားသုံး အလှကုန်တွေလည်း ထုတ်လုပ်လာပြီဥစ္စာ

လွဲပေါ့

အလှအပဆိုတာ သဘာဝအလှ၊ ချစ်ခြင်းမေတ္တာနဲ့ သည်းခံခြင်းတရား

လှပတဲ့အနုပညာတဲ့

မျဉ်းတစ်ကြောင်းတည်း စုတ်တစ်ချက်တည်း၊ အမူအရာတစ်ကွက်တည်းနဲ့

လင်းတယ်

တစ်သံတည်း၊ တစ်လုံးတည်း၊ တစ်ပြုံးတည်းနဲ့

ထင်းတယ်

နေ့ ည အလင်း အမှောင် သစ်ပင် တောင်တန်း တောရွာ  တိုက်အိမ်

အရယ် အငို အပြုံး အမဲ့ သက်သက်ကလေး သွက်သွက်ကလေး

ညို ပျို အို တို

ဖြူ ညက် ခက် သွက်

အကုန်ပါပဲ

မကြာတော့ဘူး

ငို

သည်းသည်းသိမ့်သိမ့်လေးကို ငို။

 

ဇန်န၀ါရီ ၁၉၊ ၂၀၀၉။