အဆင်မပြေမှုတွေ များများလာတော့ ဘ၀ဟာ ပျော်စရာမကောင်းတော့

နေထိုင်ရတာ မကောင်းဘူး

အသက်ရှုလို့ မ၀ဘူး

နှလုံးက နာတယ်

ပျော်ပျော်ပါးပါး စိတ်ကလေးတွေ ပျောက်ကွယ်

မလိုအပ်ဘဲ တင်းထားရတဲ့မျက်နှာ ခွာချလိုက်ချင်

အားလုံးပြုံးရယ်နိုင်ပါစေ

မနာလိုမှုတွေ သ၀န်တိုမှုတွေ မရှိပါနဲ့ကွယ်

အပူဆုံးမီးတွေ ဘာကြောင့်များ မင်းတမင်ယူနေတာလဲ

မိခင်တွေ ဖခင်တွေ အဘိုးအဘွား မောင်နှမတွေ ဆွေမျိုးတွေ အတူနေရင်း ခွဲသွားကြ

တကယ်ဆို ခဏလေးပါလား

အဖွားကိုလည်း သတိရ

ဒီနေ့ဟာ အဖွားဆုံးတာ ၁၃ နှစ်ပြည့်တဲ့နေ့

အဖွားက နာ့ကို သိပ်ချစ်တာကလား

ပန်းတိုင်ပျောက်လူတစ်ယောက်လို သေခြင်းကို ကြည့်တယ်

သေခြင်းဟာ ပန်းတိုင်လား

မဖြေထားတဲ့အဖြေများအတွက် နာ့မှာ တာဝန်ရှိလာတယ်

ဘာတွေ လုပ်ဦးမှာလဲ

ဘာတွေ လုပ်ချင်တာလဲ

အချိန်တွေကလည်း တစ်နေ့တစ်နေ့နဲ့ ကုန်လာလိုက်တာ

မနေ့ကလည်း မရှိတော့ဘူး

မနှစ်ဆိုတာကလည်း ကျန်ခဲ့ပြီ

ဒီနှစ်လည်း အချိန်တန်ရင် ကုန်သွားဦးမှာ

ပေါ့ပေါ့လေးနဲ့တော့ သေခြင်းဆီ မသွားချင်ဘူး

လွင့်သွားမှာပေါ့

တစ်ခုခုတော့ လုပ်ရဦးမှာလို့ စိတ်ထဲအမြဲထည့်ထားတယ်

လုပ်စရာတွေများတော့ ဘာမှမလုပ်ဘဲ နေခဲ့တာ များပေါ့

ရယ်နေတာနဲ့ပဲ အချိန်ကုန်တယ်

ဒီအိုက်တင်တွေ ဘယ်ကရလာမှန်းမသိ

တော်တော်တော့ ဟန်ဆောင်ကောင်းလာတယ်

ကိုယ့်ကိုယ်ကိုယ် ၀ှက်ရင်း တစ်ခါတစ်ခါ ကိုယ်ဟာကိုယ် ပျောက်သွားလို့

စိတ်ညစ်လို့ ငိုမိတော့လည်း

မင်း ဟန်ဆောင်နေတာမို့လားဆိုတော့ ခက်ပြီ

အမေ့ကိုလည်း ချစ်တယ်

အဖေကတော့ မရှိတော့ဘူး

ညီ ညီမတွေကလည်း အေးအေးတွေပဲဆိုတော့

အဝေးကြီးလည်း မပြေးချင်တော့ဘူး

ကံ ကိုတော့ လုံးလုံးမပုံအပ်ပါဘူး

ငို

ယိုနေတဲ့ ဟာကွက်တွေကို ဖာဖို့ ကြိုးစားရင်း

လက်ဖက်ရည်ဆိုင်မှာ အချိန်ကုန်ပေါ့

ဘ၀ဟာ လေလိုမှ လွင့်မသွားတာ

စကားလုံးတွေနဲ့ ဖြည့်ထားလို့မရဘူး

အားမရှိတဲ့ လူမမာလို အံကိုသာ တကြိတ်ကြိတ်နဲ့

ဒီတောင်ကြီး မောင်ဖြတ်မယ်ဆိုတဲ့ စိတ်ထားနဲ့

ချိနဲ့နဲ့ ခန္ဓာကိုယ်ကို ပြန်စမ်းရင်း

လေပူချည်း မှုတ်ထုတ်မိတယ်

ရင်ထဲမှာလည်း အပူချည်းကျန်တယ်

အပူနေ အပူသား အပူတွေစား

တော်ပါပြီ ဒီအတွေးတွေဖြတ်

အင်

ရင်နာတယ်။

 

ဇန်န၀ါရီ ၁၄၊ ၂၀၀၉။

အဇွားသို့