လှတယ်

ပြေးတာတွေကော နမ်းတာတွေကော ချစ်တာတွေကော မျက်လုံးတွေကော

အားလုံးမြင်ကွင်းကျယ်

အရောင်စုံတွေ အလင်းအမှောင်တွေ သစ်ပင်တွေ တောင်တန်းတွေ အသက်ရှုသူတွေ

အကုန်လုံးလှတယ် ဆန်းသစ်တယ် ကြည့်ပြီးရင်ကြည့်ချင်

ရင်ခုန်သံတွေ မြန်လာတယ်

အပူအပင်တွေ လုံးဝမရှိစေရ

ကဗျာရွတ်သံ ကျောင်းသားငယ်စာအံသံ သီချင်းဆိုသံ ကလေးငိုသံလည်း ပါလိုက်ဦး

အသံ အရုပ် အလုပ် အကိုင် အလင်း အရောင် ချိုနေပစေ

လှလွန်းလို့ ငေးနေရမယ်

ကိုယ့်နေရာကိုယ်မေး ကိုယ်က ဘယ်မှာလဲ

မြင်ကွင်းအားလုံးရဲ့အလယ် ပျောက်မနေစေရ

မြင်ကွင်းကျယ်ဟာ မင်းကြောင့် မျက်ဝန်းလည်သွားရမယ်

ခံစားကြည့်လိုက် အသက်ရှုကြည့်လိုက်

အေးအေးလေး ပေါ့ပေါ့လေး ဖွဖွလေး ဟဟလေး

လှတယ်

အကုန်လုံးလှတယ်

မြင်ကွင်းကျယ်။

 

ဇန်န၀ါရီ ၁၂၊ ၂၀၀၉။