ချစ်ခြင်းနဲ့ အိမ်ထောင်ရေးဟာ အနုပညာ
ချစ်ခြင်းအနုပညာ အိမ်ထောင်မှုအနုပညာ
အနုပညာဆိုတာ အတတ်ပညာအပြင် ခံစားမှုပါ ပါဝင်နေတယ်
နားလည်ခြင်း မျှဝေခြင်း သည်းခံခြင်းတွေ အပြည့်ပါတယ်
ကိုယ်မြင်တဲ့အရောင် သူ့လည်း မြင်စေချင်တယ်
ကိုယ်စားတဲ့အရသာ သူ့လည်း စားစေချင်တယ်
ကိုယ်ရတဲ့ခံစားမှု သူ့လည်းကူးစက်စေချင်တယ်
အနုပညာမှာ မြင့်မြတ်မှုပါတယ်
ဒါကြောင့် အနုပညာသမားမှန်ရင် နိမ့်ပါးကျတယ်
သူက ပေးချင်ရုံသက်သက် ဝေမျှခြင်းအစစ်
ပြန်ယူချင်တာ ခံစားခွင့်တောင်းတာ လုံးဝမရှိဘူး
အချစ်တစ်ခုပဲရှိတယ်
ချစ်ခြင်းဟာအနုပညာဖြစ်တယ်လို့ ဒါကြောင့်ပြောတာပဲ
အနုပညာကိုယ်ခံအားနည်းသူမှာ အချစ်လည်းမရှိဘူး
သည်းခံခြင်းတရားလည်း လက်ကိုင်မထားဘူး
အရာအားလုံးကို မတရားချည်းထင်တယ်
သူချည်းရှုံးနေတယ်လို့ခံစားတယ်
အရာအားလုံးကို အရှုံးအမြတ်ချည်းတွက်တယ်
ဘ၀ဟာ ဘယ်လိုမှ မလှတော့ဘူး
အိမ်ထောင်ရေးဟာ စီးပွားရေးမဟုတ်ဘူး
ဂိမ်းကစားပွဲမဟုတ်ဘူး
ရုပ်ရှင်တစ်ကားမဟုတ်ဘူး
သရဲခြောက်တဲ့အိမ်ကြီးမဟုတ်ဘူး
သူ့ဟာက ချိုရင်ကဗျာ ခါးရင်မီးတောက်
အရပ်ရပ်ဟာ အားလုံးဝိုင်းမှလှတာ
မပါတဲ့ဟာတောင် နည်းနည်းတော့ပါတယ်
အရောင်ချည်းသက်သက်လည်းမဟုတ်ဘူး
အသံချည်းလည်းမဟုတ်ဘူး
အလင်းချည်းလည်း မဟုတ်ပြန်ဘူး
အဖြူရောင်တွေပါတယ်
အငြိမ်တွေပါတယ်
အသံမဲ့တွေပါတယ် ဆိတ်ငြိမ်မှုတွေပါတယ်
ဘ၀ဟာ မမျှတပါဘူးလို့ မတွေးပါနဲ့
အားလုံးဟာ ပျော်စရာချည်းလို့တွေးတယ်
နာဟာ အချစ်ကံခေသူလို့ မတွေးပါနဲ့
နာဟာ အချစ်ကံကောင်းသူလို့တွေးပါ
အရာရာဟာ လှနေတယ်လို့တွေးပါ
အနုပညာကိုယ်ခံအားပြည့်အောင်ကြိုးစားပါ
အနုပညာကိုယ်ခံအားပြည့်ပါစေ
အရာအားလုံးဟာ လှပသွားပါလိမ့်မယ်
ချစ်ခြင်းနဲ့အိမ်ထောင်မှုမှာ အနုပညာကို ပေါင်းထည့်လိုက်ပါ
ပျော်စရာကောင်းပါလိမ့်မယ်။

ဇန်န၀ါရီ ၁၂၊ ၂၀၀၉။