ဝယ်လည်း မရောင်း

တောင်းလည်း မပေး

ဓားပြအကြပ်ကိုင်တော့မှ ခပ်ရွံ့ရွံ့လုပ်လို့

ယူပါအကုန်လုပ်တယ်

ရှက်ဖို့ပင် ကောင်းသေးတော့တယ်

ဒီဝါကျတွေကိုပဲ အထပ်ထပ်ရွတ်နေပြီးတော့

မော်ဒန်ကဗျာဆရာတဲ့

ဟိုဘက်ကမ်းအထိရောက်အောင်

ခပ်ကျယ်ကျယ်ရယ်လိုက်ချင်သေးတယ်

မနေ့တစ်နေ့ကလို

တစ်နေ့ညကလို

အဖြစ်အပျက်တွေကို မေ့ပစ်လိုက်ရင်း

ခံစားချက်လည်း ဘာဆိုဘာမှ မရှိတော့ဘူး

ဘာကိုမှလည်း မလိုချင်တော့ဘူး

ဘာမှကိုလည်း မရောင်းချင်တော့ဘူး

လူတကာအထိုး အနမ်းခံပြီး

အပိုင်မ၀ယ်တော့မယ် အတူတူ

အမှိုက်ပုံရောက်ပြီး

ခွေးစားခံလိုက်တော့မယ်

သွားရေတမြားမြားမှာ သာယာမယ်။

 

ဇန်န၀ါရီ ၈၊ ၂၀၀၈။