ကံတရားဖေးမချိန်မှာ

မျက်စိတွေ ကြည်တယ်

နှလုံးသားတွေ ချိုတယ်

မျက်နှာတွေ လန်းတယ်

စကားလုံးတွေ နွေးတယ်

နှုတ်ခမ်းလေးတွေ အနီရောင်ချည်းသန်းတယ်

အလှအပဆိုတာ ကြည့်သူအပေါ်တည်တယ်

ညစာကောင်းကောင်းစားချင်တာ တစ်နေကုန်အလုပ်များသူတို့ရဲ့သဘာဝ

ည ည ဆို

ပွဲတော်အုပ်ပဲ တောင်းတမိတယ်

စိတ်ကူးထဲတော့

တစ်ည တစ်နပ် မရိုးအောင် စားသောက်ဆဲ

အိပ်မက်ထဲတောင် ပွဲတော်များနဲ့ရယ်။

 

ဇန်န၀ါရီ ၄၊ ၂၀၀၈။