အဲဒီရက်ကိုရောက်ဖို့စောင့်လိုက်ရတာ

တစ်ယောက်တည်းလည်းမဖြစ်ချင်ဘူး

အဖော်ရှာ

အဖော်က စက်ရုံထဲမှာ ပါကင်ထုပ်တုန်း

ဂီတတွေက လှလိုက်တာ

ကြားဖူးနေကြ သီချင်းသံတွေကြားမှာပဲ ထိုင်ရင်းကခုန်

နှလုံးတွေ တုန်တဲ့အထိ

ပရိသတ်တွေရှိလာတဲ့အထိ ကိုယ်မရိပ်မိခဲ့ဘူး

အဖော်မရှိတဲ့ချစ်ခြင်း လစ်ဟင်းကုန်တာတွေလည်းရှိရဲ့

ကြောက်ရွံ့ခြင်းနို့ဖန်ခွက်ကို မသောက်ရဲလို့ မှောက်လဲပစ်တာ အကြိမ်ကြိမ်

လုပ်ပြီးမှ သောက်လိုက်ရကောင်းသားလို့ ခဏခဏတွေး

နှုတ်ခမ်းလေးများတောင် သပ်လို့

ကောင်မလေးရေ ခပ်တင်းတင်းကြီးမ၀တ်ပါနဲ့လို့ပဲ ကြိတ်ဆုတောင်းမိတော့

ကိုယ်စိတ်ကိုယ်မနိုင်ဘူးလေ

နောက်ဆုံးတော့ ဘောလုံးများ မရောက်ခင်ကတည်းက ကခုန်လိုက်မိတာ

လွတ်လွတ်လပ်လပ်

ဘောင်းဘီကြပ်တောင် ချောင်သွားလို့ ပြုံး

စက္ကန့်တွေရေတွက်ရင်း နေ့သစ်ကို အမှောင်ထဲမှာပဲဖြတ်သန်း

မီးရောင်တွေလင်းနေတာတောင် တစ်ယောက်ထဲမို့ ကြောက်ရွံ့လို့မှောင်ဆဲလေ

ဘယ်လိုမှ မခံစားရပါဘူးဆိုပေမယ့် မျက်ရည်တွေကျလို့

ပထမနေ့မှာ။

 

ဇန်န၀ါရီ ၁၊ ၂၀၀၈။