တစ်ရက်လုံးလုံး အိပ်မရခဲ့

ပျော်လိုက်မောလိုက် တွေးလိုက်ငေးလိုက်

ဟုတ်ရဲ့လား ဆိတ်ဆွဲလိုက်

ချိတ်တွဲခိုက်ရတဲ့ဖီလင်

ထီမထင်တဲ့ နာ့အပြုံး လက်ဝှေ့ကျော်ကြီးတွေတောင် ရှုံးလောက်ပေါ့

အနီဟာ အနက်မဟုတ်ဘူး

နာ့ နှလုံးသွေးဟာ နက်မှောင်တဲ့ ညအရောင်ကြောင့် မပြောင်းစေရဘူး

တစ်ညလုံးပေးတဲ့အနမ်းဟာ

တစ်ရက်လုံးနွေးထွေးနေတုန်းပဲ

မချစ်ဘူးလို့ ရုး

မသောက်ဘူးလို့ မူး

ရူးရူးမူးမူးဖြစ်သွားတဲ့ညကြောင့်

ရလိုက်တဲ့

မင်းပေးတဲ့ ၂၄ နာရီ။

 

ဒီဇင်ဘာ ၂၈၊ ၂၀၀၈။