သည်းခံခြင်း ကြိုးစားခြင်း မျှဝေခြင်း အဆင်ပြေအောင်နေခြင်းစတာတွေက

အောင်မြင်မှုလမ်းပေါ်ရောက်စေတာပဲ

ဆာလောင်လွန်းလှတယ် ဒီအောင်မြင်မှုကိုပဲ

တောင့်တကြတယ် ဒီအောင်မြင်မှုကိုပဲ

တဆတ်ဆတ်တုန်လို့ နာလည်း ဆာတာပါပဲ

မျှဝေခြင်းနဲ့ ရယူခြင်း မျှခြေပျက်ရင် ဆင်းရဲကုန်သတဲ့

သူငယ်ချင်းတစ်ယောက်က ပြောတယ်

ဆာလောင်ခြင်းဟာ မျှခြေကို မထိခဲ့ရင်

အူပြတ်ကျွမ်းလို့ သေမှာပဲ

ဆာလောင်ခြင်းမှာ မနစ်မျောဖို့နဲ့

အောင်မြင်ခြင်းကိုယ်ထည်မှာ

မျှခြေညဏ်တွေထည့်သွင်းထားဖို့

သတိရစေကြောင်းပါ

မပေးတတ်ရင် မယူနဲ့

မကျွေးတတ်ရင် မစားနဲ့

ဗိုက်ပြည့်ရင် မဆာနဲ့

ကျန်တာက ရန်တွေချည်း

ဆာတတ်သူများ သတိတဲ့

ခုထိတော့ ဆာလိုက်တာ။

 

ဒီဇင်ဘာ ၃၀၊ ၂၀၀၈။