မခေါက်ရက်ဘူး

တိတ်တိတ်ကလေးပဲ နေပါမယ်

တောင့်ပါစေ ဒီခြေထောက်တွေ

ရပ်စောင့်မယ်

ခံစားချက်တွေ သေတဲ့အထိ။

 

အခန်းထဲမှာ သူမရှိလည်း

လွမ်းမိတယ်

နေခဲ့တုန်းက ရက်တွေ

စီးကျပေါ့ မျက်ရည်တွေ

စိုစိုရွှဲ။

 

မရှိမှ သိတဲ့ အရှိက ထိမိလိုက်တာ

ကောင်းလိုက်တဲ့ ခံစားမှု

ဖျတ်ဖျတ်ခါ ဆတ်ဆတ်လူး

ချစ်ငွေ့မူး

သည်းအပ်ဆူးသလို ရူးမတတ်ပဲ။

 

နိုဝင်ဘာ ၂၇၊ ၂၀၀၈။