မနက်ခင်းက အေးလိုက်တာ

ချစ်သူလက်ကိုတွဲ

ထွက်လာမယ့်နေမင်းဆီ ကြည့်ဖို့

တောင်ကလေးပေါ် အပြေးတက်

ချွေးထွက်

ချစ်သူမျက်ဝန်းက အပြုံး

စာရေးဆရာတွေ ရှုံးအောင်ဖွဲ့

အချစ်ကို ငတ်ကြီးကျဆဲ

အနားကား အညိုရောင် စကတ်နဲ့ 

ဖြူသားရောင်ချစ်သူဟာ

ရှက်သွေးကြောင့် ရဲ

နေမင်းရောင် ထွန်းချိန်မှာမှ ပြန်ခဲ့ကြ မောင်နှံမှာ

ညခင်းက ထွေးထားတဲ့ မေတ္တာတွေ မွှေးကြိုင်နေဆဲ

ချစ်သူခြေလှမ်း မြန်မြန်ထဲ

ကိုယ်ပါဝင်ခို လိုက်ပါမြဲ

ချစ်လိုက်တာ ၀ဘဲဝနိုင်ဘဲ

ကိုယ်ကပ်ချွဲ

ချစ်သူမျက်နှာ လန်းရွှင်ဝဲ

နေမင်းပျိုလည်း ရင့်ရော်ခဲ

ဒီမောင် သေမှာပဲ သေမှာပဲ။

 

နိုဝင်ဘာ ၂၇၊ ၂၀၀၈။