ဒီနေ့ဖိနပ်သစ်လေးစစီးတယ်

စီးကျင့်ရသွားအောင်လို့

မနေ့က အမေကိုယ်တိုင်လိုက်ဝယ်ပေးတာ ၂၄၀၀၀ ကျပ်ပေးရတယ်

ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ ၂၉ လမ်းထိပ် ဟောင်ကောင်ဖိနပ်ဆိုင်က

ဖိနပ်လေးက ချစ်စရာလေး

ထိပ်ချွန်ပုံလေးဖြစ်ပြီး အနက်ရောင်

ဖိနပ်ဆို အနက်ရောင်ကို ငါက အကြိုက်ဆုံး

အမေကတော့ အညိုရောင်တစ်ရံကို မျက်စိကျတယ်

ဟောင်ကောင်ဖိနပ်ဆိုင်က ကြိုးချုပ်ချုပ်ပြီး လက်နဲ့ချုပ်တယ်လို့ ပြောတာပဲ

ဒီနေ့စစီးတော့ နည်းနည်းကျပ်တယ်

အထူးသဖြင့် ညာဖက်က ပိုကျပ်တယ်

ခြေထောက်က ညာဖက်က နည်းနည်းကြီးနေတယ်

ဒီနေ့ကျမှ လမ်းက တော်တော်လျှောက်ဖြစ်လိုက်တယ်

ခြေထောက်လေး တော်တော်နာသွားတယ်

အမေ့ကို မပြောပြဘူး

တော်ကြာ သေးတာယူတော့ ကျပ်မှာပေါ့လို့ အပြစ်တင်မှာ စိုးလို့

နာနာနဲ့ပဲ စီးရတယ်

ဖိနပ်သစ်ကြောင့် ပျော်မိတယ်

နာပျော်လေးလို့ တွေးလို့ရယ်

ဟား ဟား ဟား။

 

နိုဝင်ဘာ ၂၆၊ ၂၀၀၈။