မသင်ဘဲတတ်တဲ့ပညာတွေနဲ့ ဘ၀မှာနေထိုင်ကြီးပြင်းလာရတာ တကယ်တော့ ပျင်းဖို့ကောင်းပါတယ်

သင်ယူသင့်တဲ့ပညာတွေကျတော့ အဖိုးကြီးသလေး ပင်ပန်းသလေးနဲ့ နာ ရှောင်ခဲ့တာများပြီ

အခုတော့ သူများတွေပျော်ချိန်ကျမှ ပညာရှာချင်လာတော့ နောက်ကျနေပေါ့

လူကလေးများကတောင် ရယ်လို့လှောင်လို့

ကိုယ့်ဓါတ်ပြားကိုယ်ဖွင့်ပြီး ကပြရတာလည်း ကြာတော့ပျင်းလာပြီ၊ မပျော်တော့ဘူး

အစကတည်းက မမှန်တဲ့ပုစ္ဆာကို တွက်ခဲ့မိသူမို့

ဆရာမှားတယ်လို့တော့ မပြောရက်ပါဘူး၊ တော်ကြာ ငရဲက ကြီးဦးမယ်

နေရထိုင်ရတာကို ငြီးငွေ့လာတဲ့အခါ ခြင်သွားဖမ်းတဲ့အခါဖမ်း နို့သွားသောက်တဲ့အခါသောက်နဲ့

နည်းနည်းတော့ နေသာထိုင်သာရှိခဲ့ပါတယ်၊ အဲသည်ထက်တော့ မပိုခဲ့ပါဘူး ယုံ

အခုတော့ အတန်းသစ်တက်တက်သွားတဲ့ သူငယ်ချင်းတွေကို ငေးရင်း

အတန်းဟောင်းလေးထဲက နောက်ဆုံးထောင့်မှာထိုင်

ညံ့ခဲ့တဲ့အဖြစ်တွေကို ပြန်လွမ်းရင်း တစ်ခါတခါ အပျင်းဖြေတတ်ခဲ့ပြီပေါ့။

 

နိုဝင်ဘာ ၂၅၊ ၂၀၀၈။