စိမ်းစိုတဲ့စပါးကွင်းပြင်လို နဖူးပြင်ကျယ်ကျယ်လေးရယ်

ရှမ်းတောင်တန်းလို ပါးအို့မို့မို့လေးရယ်

မဟူရာရောင် မျက်လုံးနဲ့

ပုလဲလုံးသွားကလေးတွေ

အပြုံးပါးပါးလေးပေါင်းစပ်လို့

လှတယ်။

 

ဖြောင့်တန်းတဲ့ကျောရိုးလေး

ရှည်လျားမြင့်မားတဲ့ မော်ဒယ်လ်အရပ်

ဖြောင့်စင်းတဲ့ပေါင်လုံးသားတွေ

သားသည်အမေလို တင်ပါးကားကားကြီးနဲ့

လှတယ်။

 

မင်းကလည်း မင်းလှတာ သိတယ်

ငါကလည်း မင်းလှလို့ ကြည့်တယ်

လူတွေကလည်း မင်းအလှကို ငေးတယ်

မင်းအလှကြောင့် ငါတို့ပါ

လှတယ်။

 

အပြုံးမပျက်စေနဲ့ဟေ့

နုလေးငယ် ရှက်သွေးကြွယ်

စိတ်အေးနှယ် ရှိလိုက်ပုံက

အသက်နဲ့မလိုက်ဘူး

လှတယ်။

 

မင်းမသိတဲ့ ကိုကြီးမှာ တကယ်

ခွ(ဂွ)ကျတယ်

စိတ်ထဲမှာတော့ ရွလှတယ်

ကောင်မလေး…..

မင်း သိပ်လှတယ်။

 

နိုဝင်ဘာ ၂၄၊ ၂၀၀၈။