အချိုကြိုက်တယ်

မနိုင်ရင်လည်း ချီချင်တယ်

ခါးမသန် အားမသန်လည်း မာန်ကတော့ ကြီးလှတယ်

စားသမျှ အချိုတွေ အားမဖြစ်ဘဲ ခါးသက်ကုန်တာလည်း အကြိမ်ကြိမ်

ဒါလည်း မမှု

အချိုတွေ့လည်း စားဆဲ

အခုတလောတော့ နောင်တလား ဘာလားမသိ

ကြောင်သွားတာလား ချောင်းဆိုနေလားမသိ

တွန့်ဆုတ်နေတဲ့ ပုရွတ်ဆိတ်တစ်ကောင်ရှိတယ်။

 

နိုဝင်ဘာ ၂၄၊ ၂၀၀၈။