သူ့ရယ်ပုံက ဆန်းတယ်

အမျိုးမျိုးပါပဲ

အမျိုးပေါင်းသုံးဆယ်လောက်တော့ရှိမယ်

တစ်နေ့တာအတွင်း အဲသည်လိုရယ်နေတာကလည်း အကြိမ်သုံးဆယ်လောက်ရှိမယ်

ခေါင်းငုံ့လို့ မမြင်အောင် ရယ်တာတစ်မျိုး

အရယ်မမြင်အောင် ကြိတ်ပြီးနေတာက တစ်မျိုး

ဟိုလိုလိုဒီလိုလိုနဲ့ ပြုံးတာတစ်သွယ်

လူတစ်ယောက်နဲမျက်လုံးချင်းတွေ့ပြီး နှုတ်ဆက်ပြုံးတာ တစ်မျိုး

အမျိုးမျိုးပါပဲ

တစ်ခါတခါတော့ ဟန်မဆောင်နိုင်အောင် ဟက်ဟက်ပက်ပက်

အသံထွက်အောင် ရယ်တတ်တာတစ်မျိုး

သိသိသာသာကြီး မြူးသွားတာမျိုးလည်း ရှိပါရဲ့

အော် ခက်ပင်ခက်ရချည့်

ဒါလေးနဲ့ အပန်းဖြေ 

ဒါလေးနဲ့ ရွှင်နေတဲ့

သူ့ဘ၀ နေကောင်းပါရဲ့လား

အဆင်ပြေပါရဲ့လား

စဉ်းစားကာနေပါတော့

ရယ်မိပြန်တယ်

အလှပဂေးလေးတွေနဲ့

စကားအနုအလှတွေပြောသလို

သက်ကြီးတွ့ကြုံများသူတွေနဲ့လည်း

စကားတွှေအလုအယက်ပစ်ပေါက်လို့

အနိုင်မခံ အရှုံးမပေးစတမ်း ပြောကြပြန်တယ်

မနိုင်ရင် မရယ်တတ်ပေမယ့်

နိုင်ရင်တော့ ရယ်ထပ်ပြန်တယ်

ရယ်ကွက်တွေ ရယ်ချက်တွေနဲ့

စိတ်ဖြေသိမ့်ရယ်နေသူတစ်ယောက်

အဲသည့်ကွန်ပျူတာနောက်မှာ တွေ့လိမ့်မယ်။

 

နိုဝင်ဘာ ၁၉၊ ၂၀၀၈။