ခက်တာက သူများကို နစ်နစ်နာနာပြောတတ်တဲ့ လူ့သဘာဝပဲ

ကိုယ့်ကျတော့ မထိနဲ့၊ မီးပွင့်သွားမယ် ဘာမှတ်လဲ

အလုံးများနဲ့ ပစ်ပေါက်ရတဲ့အခါ သိပ်အရသာရှိတယ်

နွားရိုင်းသတ်ပွဲတွေနဲ့ နာမည်ကြီးတဲ့ စပိန်ဟာ

ခရမ်းချဉ်သီး ပစ်ပေါက်ပွဲနဲ့လည်း နာမည်ကြီးတယ်

အလုံးတွေနဲ့ အကွဲအပြဲ ပြတ်ထွက်ကွဲအထိ ပစ်ကြတာပေါ့

ထိတော့ထိတယ် နာတော့ မနာပါဘူး

ပျော်တောင်ပျော်ကြသေးတာပေါ့

နာလည်း အဲဒီလို အလုံးတွေကိုပဲ ကြိုက်တာပါ

စကားလုံးပြောပါတယ်

ပြောတော့ပြောပေါ့ မနာစေနဲ့လို့

တစ်ခါတခါမှာတော့ နာသွားအောင် ပြောလိုက်ချင်တယ်

ဒါမှလည်း အားရတယ်လို့ထင်တယ်

ခံစားရတာလည်း ပေါ့သွားတယ်လို့ထင်တယ်

ကောင်းတော့ မကောင်းပါဘူး

ကောင်းလည်းကောင်းပါတယ်

အလုံးတွေဟာ ချစ်သူတွေအတွက် ခင်စရာကောင်းပေမယ့်

မုန်းနေတဲ့သူတွေအတွက်တော့ ကြေကွဲစရာကောင်းတယ်

ရင်နာစရာကောင်းတယ်

တစ်ခါတလေများ တစ်ဘ၀ထက်တောင် ပိုပြီးမုန်းဖို့ကောင်းသေးတယ်

အလုံးတွေကို နာဆင်ခြင်ရင်း အလုံးပိဝေဒနာကို ခံစားရလာတယ်

ရင်နာရတယ်ကွယ်။

 

နိုဝင်ဘာ ၁၆၊ ၂၀၀၈။