တနင်္ဂနွေက မိုးရွာတယ်၊ ကျွန်တော့်မှာ ထီးမပါပါ

လမ်းထွက်ချင်တယ်၊ ကတ္တလမ်းမထက်မှာ မိုးစက်တွေ စက်စက်ပေါက်ပေါက်ကျတယ်

ကျွန်တော် ထီးဆောင်းလာတဲ့ကောင်မလေးတစ်ယောက် ထီးအောက်တိုးဝင်လိုက်တယ်

မျက်လုံးတစ်စုံလိုတာထက် ပြူးကျယ်သွားတယ်၊ ချက်ချင်းဆိုသလို ထီးကို ညာဖက်ကို ရုတ်တယ်

ကောင်မလေးဘယ်ဘက်မှာ ရောက်နေတဲ့ ကောင်ကလေးတစ်ယောက်ပေါ်ကို မိုးစက်တွေ ကျရောက်လာတယ်

“ရှင် ဘာလုပ်တာလဲ”

”မင်းကို တောင်းပန်ပါတယ်၊ ဘာလုပ်လို့လုပ်မိမှန်းကို မသိပါဘူး၊ အဓိက ကတော့ ကိုယ်သွားချင်လို့ပါ၊ ဟိုနားက မီးပွိုင့်လေးထိ လိုက်လို့မရဘူးလား၊ ထီးက မရှိဘူးလေ“

“အို ရှုပ်ရှုပ်ရှက်ရှက်၊ တော်တော်ကြောင်တာပဲ၊ ကိုယ်နဲ့လည်း မသိဘဲနဲ့၊ သွားပါ၊ လူတွေမြင်ရင် မကောင်းပါဘူး“

“ဒါဆို မလိုက်ရတော့ဘူးပေါ့၊ အင်း ကောင်းပါပြီ၊ ထားလိုက်ပါတော့၊ ကိုယ်မလိုက်တော့ပါဘူး“

ကျွန်တော်ရိုက်တဲ့ခွင်ဟာ မအောင်မြင်ခဲ့ပါဘူး၊ ကောင်မလေးက အစစ်လေးပါ၊ ရင့်ရင့်ရိုင်းရိုင်းလေးဖြစ်ပါတယ်၊ နောက်ပြန်ဆုတ်ခဲ့ရတယ်။

မိုးက ရွာနေတုန်းပါ၊ ကျွန်တော်လည်း ရွှဲရွှဲစိုသွားခဲ့ပါပြီ

ကောင်မလေးလည်း ဟိုးအဝေးကို ထွက်သွားခဲ့ပါပြီ။

 

နိုဝင်ဘာ ၁၄၊ ၂၀၀၈။