စိတ်ထားလေးကောင်းချင်စေ သူငယ်ချင်း

မင်းဟာ လိမ်လို့မရတဲ့ကောင်ပဲ

မင်းစိတ်ခံစားမှုဟာ မင်းမျက်နှာမှာ ပေါ်တာပဲ

အတော်ညံ့သူတောင် အလွယ်တကူဖတ်လို့ရတယ်

မင်းဟာ အတော်နုသူပဲ

စိတ်ရဲ့ပြောဆိုချက်တွေဟာ ရုပ်မှာ အကုန်ပေါ်နေတယ်

အဓိက က တော့ မျက်နှာမှာ ပေါ်နေတာပေါ့

မင်းဟာ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် နိုင်ငံရေးသမားဖြစ်ချင်နဲ့

အရင်ပဲ ခံစားချက်အပြင်မထွက်အောင် လိမ်ကြည့်ပါဦး

မလိမ်ချင်ဘူးဆိုရင်တော့

စိတ်ထားလေး ကောင်းစေချင်တယ်ကွယ်။

 

နိုဝင်ဘာ ၁၀၊ ၂၀၀၈။

၃၂ နှစ်၊ ၂ လပြည့် ဆုံးမစာ။