မနေ့တုန်းဆီက တွေးမိတယ်

အချိန်တွေကုန် အားတွေကုန်လို့

မသေရုံတမယ် ပျော်နေရတဲ့ဘဝ

ခါးလှတယ်

ချစ်သူကလည်း မခင်တွယ်

မုန်းသူကလည်း အသေတွယ်

ညှောင့်ဆူးတွေလည်း များလှတယ်

ချောမွေ့တဲ့မျက်နှာပြင်ဟာ နာရီဝက်ထက် ပိုမကြာဘူး

ကိုယ်ကတော့ ဒီကမ္ဘာထဲ ညစ်ပတ်လူးတဲ့ဝက်လိုပဲ

ရယ်လိုက် မဲ့လိုက် ချစ်လိုက် မုန်းလိုက်

မနေပျော်တဲ့လောက

အသက်မျှင်းမျှင်းရှုလို ငို

သေတော့မှာပဲ။

 

နိုဝင်ဘာ ၉၊ ၂၀၀၈။