သူက ကိုယ့်ကို နမ်းတော့

လန်းတယ်ဆိုရုံလေး

မလုပ်ဘူးပေမယ့် ကြမ်းတယ်ဆိုချင်ဆို

ထပစ်လိုက်တယ် ကပစ်လိုက်တယ်

တစ်ယောက်တည်းရှိတဲ့နေရာမို့

မရှက်လှဘူး

မင်္ဂလာဟာ ကိုယ်နဲ့ပေါင်းမှ မင်္ဂလာဖြစ်သွားတာပဲ

ကိုယ်ဟာ အခရာဆိုတာ သူ့ကိုပြောရတယ်

မယုံတရုံလေးနဲ့ ခေါင်းညိတ်ရှာတယ်

ချစ်လှတယ်ကွယ်

နောက်တစ်နေ့မှာတော့ နောက်တစ်ယောက်ကို တွေ့တယ်

ကိုယ်ကတော့ ကိုယ်ကိုယ်တိုင်ပါပဲ။

 

နိုဝင်ဘာ ၉၊ ၂၀၀၈။