ခပ်တည်တည်နဲ့ရယ် ခပ်တည်တည်နဲ့ငို

ဇာတ်ညွှန်းမှာ မပါတာတွေလုပ်ရင်း

ဒါရိုက်တာလည်း အမြင်ကတ်

ရှုတင်စရိတ်တွေလည်း ထောင်းလို့

မဲ့ရွဲ့နေတဲ့မျက်နှာတွေကြား ရဲလို့ကောင်းနေတုန်း၊

 

မလုပ်နဲ့တော့ လျှော့လိုက်တော့

ကိုယ့်စိတ်နဲ့ ကိုယ်လွန်ဆွဲ

ရယ်စရာတွေပဲ ဖြစ်ခဲ့တယ်

တကယ်တော့ ဟန်ဆောင်နေတာမှ မဟုတ်တာ၊

 

မလုပ်တတ်ပါဘူး မရှုပ်တတ်ပါဘူး

ခံစားရသူရင်ထဲ ဘယ်သူဝင်မှာလဲ

တကယ်က နှိပ်နေသူစိတ်နဲ့ နေရသူပဲ။

 

နိုဝင်ဘာ ၉၊ ၂၀၀၈။