မြစ်တစ်စင်းက ပြောတယ်

ချစ်ခြင်းမပါဘဲ စီးဆင်းရတာ ပျင်းဖို့ကောင်းသတဲ့

လှေကလေးကတော့ ရိုးရှာတယ်

ထိုးသာထိုးပါ မောင်ရာတဲ့၊ ဒါမှ ရှေ့ဆက်လို့ ရမတဲ့။

 

ပန်းချီကားထက်လှတဲ့ ညနေခင်းမြင်ကွင်းဟာ

ရွှေအိုရောင်ဆည်းဆာသက်သက်နဲ့တော့ မဟုတ်ဘူးဆိုတာ

မေလည်းသိတယ် မောင်လည်းသိတယ်

အဖြေညှိစရာမှ မလိုတော့တာ။

 

ဒီမနက်ခင်းက စိမ်းစိုရောင်သစ်ပင်ဖျားထက်

ကြည်နူးကာ ဟို ဒီ ခုန်တော့

မင်းမူးမှာ မောင် စိုးပါတယ်

မောင့်ချစ်တွေတူး

အ အာ အာ့ မြူး။

 

နိုဝင်ဘာ ၈၊ ၂၀၀၈။