မနေ့က သူငယ်ချင်းများနဲ့ ဘီယာသောက်ဖို့ချိန်းတယ်

ဘယ်တစ်ယောက်မှ မလာကြဘူး

နာကလည်း တော်ပြီဆို အရင်ဖြတ်လိုက်တာ

စောင့်မနေတော့ဘူး

အိမ်ရောက်တော့ ကိုယ့်အပြစ်နဲ့ကိုယ် ဖြစ်သလိုလွေးပေါ့

တကယ်ကို ညစ်သွားတဲ့ ည

အသက်ကြီးလာလေ အဖော်မင်လာလေဆိုတာ ဟုတ်တယ်

အမေ့ကို ပိုသနား

အသက်ကြီးသူတွေကို ပိုစာနာ

နာ့အသက်လေးနဲ့နာတောင် အဖော်မင်တတ်လာ

နာ အရင်က ဒီလိုမဟုတ်ပါ

တစ်ယောက်တည်းနေတာ သီးသန့်ဆိုတာ ကိုယ့်အတွေးနဲ့ကိုယ်ဆိုတာ သိပ်ကျေနပ်စရာကောင်းပေါ့

အခုတော့ ဘယ်လိုဖြစ်တယ်မသိ

အားအင်သစ်တွေကို သူငယ်ချင်းတွေ(အဖော်တွေ)ဆီက ရှာမိနေပါပေါ့။

မသေခင်လမ်းမှာ ဒီလူတွေနဲ့ ဘယ်လို လှမ်းရပါ့။

 

နိုဝင်ဘာ ၇၊ ၂၀၀၈။