အမည်းရောင်အရည်တွေကို ကြိုက်ပြီးနောက်မှာပဲ

အသားတွေမည်းခဲ့တာ

ကံကောင်းလို့ ဘ၀မမည်းတာ

စိတ်ညစ်လည်း မည်း၊ ပျော်လည်း မည်း

ချစ်သူလည်း မည်း၊ ကိုယ်လည်း မည်း

အစ်ကိုကြီးတစ်ယောက်ကလည်း မည်းတယ်

အမေရိကမှာတော့ လူမည်း(အာဖရိကန်-အမေရိကန်)က အိမ်ဖြူတော် ရောက်ပြီ

အမည်းခေတ်ရောက်ပြီလား

အဖြူတွေက တရုတ်က စလို့ ကွိုင်တက်နေတယ်

ကမ္ဘာတစ်ဝက်နီးပါး လှုပ်လှုပ်ခါဖြစ်လို့

ကလေးတွေတောင် သေသွားကြတယ်

ငါက လူမည်း၊ စိတ်တော့ မမည်းဘူး

အလုပ်ကိုလည်း သည်းသည်းမည်းမည်း လုပ်တတ်တယ်

ချစ်မယ်ဆိုလည်း သည်းသည်းမည်းမည်း ချစ်တတ်တယ်

စိတ်မမည်းဖို့ပဲ ကြိုးစားရမယ်

စိတ်မည်းတဲ့ လူမည်းတွေ ရန်ကလည်း လွတ်အောင်ရှောင်ရမယ်

တစ်နေ့ ကော်ဖီတစ်ခွက်တော့ အနည်းဆုံး ငါသောက်တယ်

ငါ မမည်းပါဘူး

ကော်ဖီက သာ မည်းတာပါ။

 

နိုဝင်ဘာ ၆၊ ၂၀၀၈။