နံနက်ခင်းမတိုင်ခင် မိုးလင်းသွားတာမဆန်းပါဘူး

ဆန်းတာက နံနက်ခင်းတိုင်းမလှတာပဲ

နံနက်ခင်းတိုင်းလှသင့်တာပေါ့

ဒီနေ့နံနက်ခင်းမှာ ငါလန်းဆန်းစွာ နိုးနေတယ်

အမေ၊ နှမနဲ့ လက်ဖက်ရည်သွားသောက်တယ်

ရုံးလာတယ်၊ စာအုပ်ဆိုင်ဝင်တယ်

ရုံးလာတဲ့လမ်းတလျှောက်မှာ ချွေးထွက်တယ်

စာတွေမဖတ်ချင်တော့ဘူး

ကဗျာတွေချည်းရေးချင်နေတယ်

လူတစ်ယောက်ကို ဘလိုင်းကြီး အူကြောင်ကြောင်လုပ်ပစ်လိုက်တယ်

ငါ ခံစားချက် အင်မတန်ကြီးတယ်

ချက်ချင်းကို တုန့်ပြန်ဆောင်ရွက်တယ်

မိုက်တယ်

မလိမ္မာဘူး

အဲဒါကိုပဲ ကြိုက်နေတယ်

အမှားတွေဆက်တိုက်လုပ်ပစ်လိုက်တယ်

ဟား ဟား ဟား

ရှက်ဖို့တောင် ကောင်းတယ်

စိတ်ဟာ မကြည်တော့ ညစ်နေတာပေါ့

ဒေါသက ဘာမှမလုပ်ဘဲ အလိုလိုထွက်နေသလိုမျိုး

နိုဝင်ဘာ ၁ မှာပဲ ရသမျိုးစုံသွားခဲ့တယ်။

 

နိုဝင်ဘာ ၁၊ ၂၀၀၈။