အလွမ်းမသင့်လိုက်တာများ ခပ်ရင့်ရင့်ပါပဲ

ဘယ်သူမှအကောင်းမမြင်တတ်ပုံများ သံသယကြီးလွန်းတယ်

ခက်တယ်

ခပ်မိုက်မိုက် ခပ်ရင့်ရင့်ပဲ၊

 

လိမ္မာပါးနပ်ခြင်းလည်းမရှိ

တစ်ပါးသူကို အထင်သေးတတ်လိုက်တာလည်း လွန်ရော

ဘယ်လောက်တောင်များ အင်အားရှိနေလို့ မကြောက်တတ်တာလဲ

အကျမတော်ရင် လက်ခုပ်သံတွေ ညံသွားမယ်နော်၊

 

အလှအပကိုတော့ သူကြိုက်တယ်

မျက်လုံးတောင်ကျွတ်ထွက်မတတ်

ခံရမှာပါပဲ

နောက်ဆုံးတော့

နောက်ကျောထောက်ဓါးတွေနဲ့ပဲ လုံးပါးပါး အသက်ထွက်သွားမှာပါ။

 

အောက်တိုဘာ ၃၁၊ ၂၀၀၈။