ကျွန်တော်နေမကောင်းဘူး

အမေနဲ့ နှမလေးက ပြုစုရှာတယ်၊ ဆေးတိုက်တယ်၊ ဆန်ပြုတ်တိုက်တယ်၊ ကြက်သားကြော်စားချင်တယ်ဆိုလို့ ၀ယ်ကျွေးတယ်

နည်းနည်းတော့ ထူထူထောင်ထောင်ဖြစ်လာတယ်

မိုးကမိတယ်၊ ခြေထောက်က အေးတယ်

ပေါ့တော့ခံလိုက်ရတယ်

ခက်တာက အအေးမခံနိုင်ဘူး၊ ပေါ့ပေါ့နေရင် ထိတာများတယ်

အခုတလော ကျန်းမာနေတယ်ဆိုပြီး ပေါ့လိုက်တာ ခံလိုက်ရတယ်

ဆေးတွေတော်တော်သောက်လိုက်ရတယ်၊ ဆေးဒဏ်ပေါ့ ထိသွားတယ်

ကောင်မလေးတွေကြည့်ချင်စိတ်တောင် မရှိတော့ပါဘူး

နေမကောင်းရင် စိတ်က တိုလာသေးတယ်၊ ဒေါသထွက်လွယ်တယ်

ချစ်ခြင်းတွေ အားလျော့ကုန်ပြီပေါ့၊ ချစ်ခြင်းတွေ နေမကောင်းတော့ဘူးပေါ့

ကျွန်တော့်ချစ်ခြင်းတွေ အမြန်နေကောင်းပါစေ။

 

အောက်တိုဘာ ၃၁၊ ၂၀၀၈။