ခက်တာက ကြောက်တတ်နေတာပဲ

တစ်ခါတစ်ခါမှသာ သတ္တိက ထွက်ထွက်လာတတ်တာ

ပြင်ဆင်ထားလည်း ကြောက်တတ်တာက သဘာဝလိုတောင်ဖြစ်နေပြီ

ဘယ်လို စီးရပါ့မလဲ ဒီလှိုင်းကို….

 

အသိပညာတွေစီးပိုး လှတပတဖြစ်အောင် အနုပညာနဲ့ တယောထိုးလည်း

ခံစားချက်မဲ့တော့ အသက်မပါလှဘူး

မြင်စမ်းချင်လွန်းတဲ့မြင်ကွင်းတွေ ကောင်းကင်မည်းအောက်မှာ ပျောက်ဆုံး

ငိုချင်းတွေသာ တွင်တွင်ချလို့

ဘယ်လိုမှ မရယ်ရဲတော့ဘူး….

 

နောက်များမှပေါ့လို့ထားရင်း ကြွေးတွေတင်ခဲ့တာများပေါ့

တတ်မှမတတ်နိုင်ခဲ့တာပဲ

အခုတော့ ငါ့စိတ်ကို ငါသိအောင်လုပ်ရင်း

ဘ၀တွေရင်းလို့ ပျော်အောင်ပဲနေတတ်ခဲ့ပြီ။

 

အောက်တိုဘာ ၂၉၊ ၂၀၀၈။