ပြောရမှန်းမသိ မပြောရမှန်းမသိ ပြောထည့်
ရပ်ရမှန်းမသိ သွားရမှန်းမသိ ထင်သလိုလုပ်
ဖြတ်ရမှန်းမသိ ဆက်ရမှန်းမသိ ဖြတ်လိုက်ဆက်လိုက်
အော် မတည်ငြိမ်လှသူ၊

တည်သလိုနဲ့ ရယ်နေသူ
ကြည်သလိုနဲ့ ဖီနေသူ
တကယ်လည်းလိုက်ရော ပြေး ဝေးဝေးကိုပြေး
ခက်လွန်းလို့ မတွက်လိုက်ရတဲ့ပုစ္ဆာများ
နေ့စဉ်နဲ့အမျှ များခဲ့ပေါ့၊

တဖြည်းဖြည်းနဲ့ ရှည်လာတဲ့ မူလီမှာ အရစ်တွေနဲ့ပေါ့
ဘ၀ဟာလည်း အမှိုက်တွေနဲ့ တဖြည်းဖြည်းရှည်လာ
အချစ်မရှိတဲ့ဘ၀ဟာ ပျင်းပျင်းရိရိနဲ့ရှည်လာ
ခုတော့ ကိုယ့်မှာ နာမည်တစ်ခုနဲ့လူ
အရစ်တဲ့။