နားလည်အောင် ကြိုးစားရင်း အနားနားနီးမှ လွဲလွဲသွား
အဓိက ကတော့ အခြေအနေမှန် မသိသေးတာပဲ
စိတ်ကပါးပါးလေးမှန်းတော့ ရိပ်မိပြီ
ခံနိုင်ရည်ကလည်း တိမ်တိမ်လေးပဲရှိတာကိုး
နောက်ကြောင်းပြန်မကြည့်တတ်တာ
လာမယ့်အနာဂတ်ကို မခန့်မှန်းတာတွေဟာ
သိပ်ကို ပိန်းမှန်းသိသာလှပါတယ်
နောက်တစ်ကွေ့ပေါ့ နောက်တစ်နေ့ပေါ့နဲ့
မိုးမှောင်ခဲ့တာတွေ များပေါ့
ခံလို့ပဲ ၀ဘဲဝနိုင်ဘူး
မသေချာမှုတွေ များတဲ့ဘ၀မှာ
အနိုင်တိုက်ချင်တဲ့စိတ်တွေ မှားကုန်ပြီမို့
ထားလိုက်တော့ အချစ်ရေ
ထားလိုက်ပါတော့။

စက်တင်ဘာ၊ ၂၀၀၈။