ကောင်းလိုက်တဲ့အရသာ ကြောက်ခမန်းလိလိကောင်း
တစ်ခါမှ မခံစားဖူးတဲ့အရသာမို့ လန့်စရာတောင်ကောင်း
ကောင်းလိုက်တာမို့ ကောင်းလိုက်တာ
ပီတိတွေဖြာ ဖီးလ်ဖီးလ်တွေလာ
အော် လောကနိဗ္ဗာန်သို့တစ်ခေါက်။

ပူးသတ်ခံရတယ်လို့ဆိုချင်ဆို
သေသွားစမ်းပါစေ နှစ်ခါပြန်
ဒီလိုအရသာမျိုး မသေခင်ရချင်စမ်းပါဘိ
ရှိသည့်ဆန္ဒ ထိုညမှာပြည့်ဝခဲ့ပေါ့
ကျေးဇူးအကြိမ်ကြိမ်တင်မိတယ် ချစ်နတ်သမီး။

ရာသီဥတုဟာ နတ်ဒေ၀ါများ ဖန်တီးထားသလို
အေးမြလှပနေလိုက်တာ
ချစ်ခြင်းတွေဖွဲ့ဆိုနေသလိုပ
လောကနိဗ္ဗာန်သို့အ၀င်လမ်းဟာ လှည့်ဖျားမှုတွေပါမှန်းသိပေမယ့်
ဘယ်လိုမှ နောက်မလှည့်နိုင်တော့ပြီ။

နတ်သမီးကို နောက်တစ်ကြိမ်တွေ့ခွင့်မရတော့
ကျေးဇူးဆပ်ခွင့်လည်း မကြုံတော့
တွေးမိတိုင်းတော့ ၀မ်းသာလို့မဆုံး
ဘယ်တော့များမှ နောက်တစ်ကြိမ်ဆုံမယ်မသိ
ရောက်မယ်မသိ
ငါ လောကနိဗ္ဗာန်ရောက်ဖူးတယ်။

စက်တင်ဘာ၊ ၂၀၀၈။