အခြေအတင် အတုံ့အလှည့်
ဖျော့လိုက်တော့လိုက် တောက်လိုက်ဟောက်လိုက်
မျက်လှည့်ပွဲတစ်ခုလိုမျိုး
ဒေါသတွေထွက်လိုက် ကြည်ကြည်သာဖြစ်လိုက်
ပြုံးရယ်လိုက် ကုန်းဆယ်လိုက်နဲ့
ဘောလုံးပွဲကြည့်သလိုလည်းမဟုတ်
လက်ဝှေ့ပွဲလောက်လည်း မကြမ်း
ခပ်ရမ်းရမ်းတော့ ဟုတ်တယ်
လှသလိုလိုနဲ့ မလှဘူး
လွတ်သလိုလိုနဲ့ ချွတ်နေကြတာများ
ခေါင်းတွေကိုက် ဇက်တွေနာ ဖင်(တင်)တွေတောင် ကြိမ်းကုန်ပေါ့
နောက်ဆုံးတော့ အဖြေပေါ်တာလည်း မဟုတ်ပါဘူး
ပြောချင်တာတွေပြောပြီး ပြီးသွားတာပါပဲ
နောက်ဆုံးတော့ ပင်ပန်းပေမယ့် ပီတိဖြစ်ခဲ့
လန်းဆန်းပေါ့ပါးသွားတော့တယ်။

အောက်တိုဘာ၊ ၂၀၀၈။