အဲဒီညက တောင်ကြားထဲကိုယ်ရောက်ခဲ့တယ်

မှောင်မဲနေတဲ့ညအလယ်မှာ ကိုယ်ဟာ ကြောက်မနေခဲ့ဘူး

အပျော်လွန်လို့ ဟိုဘက်ရောက်တယ်

အတင်းကြီးတောင် ထိန်းထားရသေးတယ်

တောင်ကြားထဲမှာတော့ ကိုယ်ဟာ ပြေးချင်တိုင်းပြေး ကစားချင်တိုင်း ကစားနေခဲ့တယ်

အသက်ရှုသံတွေပြင်းလိုက် ပြန်တည်ငြိမ်အောင်ထိန်းလိုက်နဲ့

ကိုယ့်ကစားနည်းနဲ့ငါ ကစားခဲ့တယ်

တောင်ကြားဟာလည်း ပူလိုက်အေးလိုက်နဲ့

မမွှေးပျံ့ပေမယ့် လန်းဆန်းမှုတော့ ရခဲ့သလိုပဲ

တစ်ခါမှမရဘူးသေးတဲ့အရသာ ကောင်းလိုက်တာ ကောင်းလိုက်တာ

တောင်ကြားဟာ ပြန့်ပြူးအောင် ဖြန့်ကားထားတယ်

ကိုယ်စိတ်ကြိုက်ကစားခွင့်သာအောင်ပါပဲ

အရမ်းကောင်းခဲ့တယ်

တောင်ကြားထဲ စမ်းချောင်းပေါက်အောင် ကိုယ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး

တောင်ကြားဟာ ခက်ခဲ တည်ငြိမ်လွန်းလှတယ်

တောင်ကြားရဲ့ရင်ခွင်ဟာ ပူနွေးနူးညံ့နေတယ်

ကိုယ်ဟာတောင်ကြားထဲ အချိန်ပိုင်းနေခဲ့ရပေမယ့် ပျော်ခဲ့ပါတယ်

တောင်ကြားထဲ အလံစိုက်ခွင့်ကြိုးစားခဲ့ပေမယ့်

ကိုယ်တိုင်က အဲသည်လောက် အားမပြည့်သေးဘူးဆိုလိုက်သိလိုက်ရတယ်

နောက်များ အခွင့်အရေးရဦးမယ်ဆိုရင်တော့

တောင်ကြားထဲ နေခွင့်ရချင်သေးတယ်

ခဏလေးပဲ ဖြစ်ဖြစ်ပေါ့။

 

စက်တင်ဘာ၊ ၂၀၀၈။